အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

မြို့တော်ဝန် ရာထူးအတွက် ကြောင်တစ်ကောင်ကို မဲပေး ရွေးချယ်ခဲ့တဲ့ မြို့




ဆိုက်ဘီးရီးယား နိုင်ငံ အတွင်းက မြို့  တစ်မြို့  မှာ နေထိုင် သူတွေဟာ တာဝန်ရှိ သူတွေက သူတို့ရဲ့ ကိုယ်ကျိုး အတွက် ရာထူးနေရာ အသုံး ချနေမှု ကို စိတ်ပျက် လာကြပါတယ်။

အဲဒါကြောင့် Barsik အမျိုးအစား ကြောင် တစ်ကောင်ဟာ Barnaul ဆိုတဲ့ မြို့ ရဲ့  မြို့  တော်ဝန် ရာထူး အတွက် လူမှုကွန်ရက် စာမျက်နှာ ကတဆင့် တရားမ၀င် မဲပေးရွေးချယ်မှု မှာ အနိုင်ရ သွားခဲ့ ပါတယ်။

ဒီနေရာမှာ နည်းနည်းတော့ ရှုပ်သွားနိုင်ပါတယ်။ ဒီလိုပါ။ Barnaul ဆိုတဲ့ မြို့ ရဲ့  မြို့ တော်ဝန်ရာထူးအတွက် အစိုးရ က သတ်မှတ်တာမဟုတ်ပဲ ပြည်သူတွေကိုယ်တိုင် လူမှုကွန်ရက် စာမျက်နှာ ဖန်တီးပြီး မဲပေးရွေးချယ်မှု တစ်ခု ကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ မြို့ တော်ဝန် ရာထူးအတွက် မဲပေးရွေးချယ်ခံကြသူတွေထဲမှာ ကြောင်တစ်ကောင်ပါ ပါဝင်လာတာပါ။

အသက် အားဖြင့် ၁၈ လသာရှိသေးတဲ့ ကြောင်လေးဟာ ရုရှားနိုင်ငံ အခြေစိုက် လူမှုမီဒီယာ ကွန်ရက်တစ်ခုဖြစ်တဲ့ Altai Online က တဆင့် မဲပေးရွေးချယ်မှု မှာ မဲအရေအတွက်ပေါင်း ၅၄၀၀ နဲ့ ၉၁ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိပြီး အနိုင်ရခဲ့တာပါ။

ထို မြို့ မှာနေထိုင်သူ ပင်စင်စားတစ်ဦးဖြစ်တဲ့ Yevgeny Kuznetsov ကတော့ " လူတွေဟာ ဘယ်သူကို ထပ်ယုံကြည်ရမလဲမသိတေ့ပါဘူး။ သူတို့ဟာ အာဏာပိုင်တွေကို မယုံကြည်နိုင်တဲ့ သုံးသပ်ချက်တွေ ဖြစ်လာခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

Barnaul မြို့  ဟာ ရုရှားနိုင်ငံ မော်စကို မြို့  ရဲ့  အရှေ့ ဘက် မိုင် ၂၀၀၀ ခန့်အကွာမှာတည်ရှိတဲ့ မြို့  တစ်မြို့  ဖြစ်ပြီး လူဦးရေ ၇၀၀,၀၀၀ ခန့် နေထိုင်တယ်လို့လည်း သိရပါတယ်။ အရင်မြို့ တော်ဝန် ဟောင်း Igor Savintsev ကတော့ အာဏာ အလွဲသုံးစားလုပ်မှု နဲ့ ရာထူးက နှုတ်ထွက်ဖို့ ဖိအားပေးခံရသူလည်း ဖြစ်ပါတယ်။

Ref : Metro

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_18.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...