
ဗြိတိန် နိုင်ငံက နောင်သမ် ဘာလမ် ဥယျာဉ်မှာ ထိလိုက်ရင် အဆိပ်ကြောင့် သေစေ နိုင်တဲ့ အပင်တွေကို စိုက်ပျိုး ထားပါတယ်။
ဒါကြောင့် ဒီဥယျဉ်ကို အဆိပ် ဥယျာဉ်လို့ နာမည်ပေး ထားပါတယ်။ အပင်ပေါင်း ၉၅ ပင်လောက် စိုက်ပျိုး ထားပြီး အပင်တိုင်းက အဆိပ် ရှိတဲ့ အတွက် တို့ထိမိရင် သေစေနိုင် ပါတယ်။
ပန်းခြံထဲဝင်ရင် အကာအကွယ် အင်္ကျီနဲ့ လက်အိတ်တွေ ၀တ်ဆင်ကာ ၀င်ရောက် ရတာ ဖြစ်ပါတယ်။
၁၄ ဧကလောက် ကျယ်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာ တခု ဖြစ်ကာ နှစ်စဉ် လူ ၆ သိန်းလောက်လည်း ပန်းခြံကို လာရောက် လည်ပတ် တယ်လို့ ဆိုပါတယ်။
အပင်တွေက လူတွေရဲ့ အသက်ကို ဆုံးရှုံးစေ နိုင်တယ် ဆိုတဲ့ အသိ ပညာကို ပေးဖို့ အတွက် ပန်းခြံကို ဖန်တီး ထားတာလည်း ဖြစ်ပါတယ်။
တချို့ အပင်တွေက လှပတဲ့ အပွင့်တွေ ဖူးပွင့်နေ ပေမယ့် တို့ထိ လိုက်ရင် သေသွားနိုင်တဲ့ အကြောင်း ဥယျာဉ်မှူး ထရာဗာဂျူံးစ်က ပြောပါတယ်။
တချို့အပင်တွေ ကတော့ လူကို ထာဝရ အိပ်မော ကျသွား စေနိုင်တယ် လို့လည်း သူက ရှင်းပြပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164755

No comments: