အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

ခွေးကလေး ၈၀၀ ၏ ဘောလုံးကောက် စွမ်းရည် ချန်ပီယံပြိုင်ပွဲ (ရုပ်သံ)




အမေရိကန်နိုင်ငံ အင်ဒီယာနား ပြည်နယ်မှာ အောက်တိုဘာလ ၁၆ ရက်နေ့က ခွေးကလေး တွေရဲ့ ဘောလုံးကောက် စွမ်းရည် ချန်ပီယံ ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြည်နယ် ၂၄ ခုမှ ပါဝင် ယှဉ်ပြိုင်တဲ့ ခွေးကောင်ရေ ၈၀၀ နဲ့ လူပေါင်း ၁ ထောင်လောက် တက်ရောက် ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲဟာ ခွေးတွေကို သူတို့ရဲ့ ပိုင်ရှင်တွေက အတားအဆီး အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ် မလဲဆိုတာတွေကို လေ့ကျင့် သင်ကြားပေးပြီး ပြိုင်ရတာ ဖြစ်ပါတယ်။

လေးကောင်အုပ်စုတခုချင်းစီပြိုင်ရတာဖြစ်ပြီး တင်းနစ်ဘောလုံးကို ကောက်ပြီး တန်းကျော်ပြေးတာတွေအပါအ၀င် တခြားစွမ်းရည်ပြသမှုတွေပါပြသရတာပါ။

ပါဝင်ယှဉ်ပြိုင်မှုအတွက် ဆုကြေးငွေပေးတာမဟုတ်ပဲ နှစ်စဉ်အမေရိကန်နဲ့ ကနေဒါနိုင်ငံ မှ စွမ်းရည်ပြခွေးလေးတွေရဲ့ ကလပ်အသင်း ၄၀၀ ကျော်နဲ့ ပြိုင်ပွဲဝင်ခွေး အမြောက်အမြား ပါဝင်ယှဉ်ပြိုင်ကြတယ်လို့ အန်ဘီစီသတင်းမှာ ဖော်ပြပါတယ်။


DVB by ဒီဗွီဘီ၏

Original link - http://burmese.dvb.no/archives/117162

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...