အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကြံကြံဖန်ဖန်များ. Show all posts
Showing posts with label ကြံကြံဖန်ဖန်များ. Show all posts

Thursday, February 2, 2017

ဘယ်လ်ဂျီယမ် နိုင်ငံမှ ရေအောက် ကမ္ဘာ စားသောက်ဆိုင်


မကြာ သေးခင် ကမှ ဖွင့်လှစ် ခဲ့တဲ့ ဘယ်လ်ဂျီယမ် နိုင်ငံမှ စားသောက်ဆိုင် တစ်ဆိုင်ဟာ တကယ့်ကို ထူးခြား ဆန်းပြား လှပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ စားသောက်ဆိုင်ကို ရေကူးကန် တကန်ရဲ့ ရေအောက် အနက် ၅ မီတာမှာ စားသောက်နိုင်အောင် ပြုလုပ် ထားခဲ့ လို့ပါပဲ။ ပုလဲ စားသောက်ဆိုင်လို့ အမည်ပေး ထားတဲ့ ဒီဆိုင်ကို ဘရပ်ဆဲလ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖွင့်လှစ် ခဲ့တာလို့ မေရာ သတင်းတပုဒ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဖော်ပြ ပါတယ်။ လာရောက်စားသောက်သူတွေအနေနဲ့ ဒီရေအောက်ကမ္ဘာ စားသောက်ဆိုင်မှာ ကျောက်ပုဇွန်သုတ်၊ ပြင်သစ်အစားအစာ ဖွာဂရာနဲ့ ရှမ်ပိန် စတဲ့ စားသောက် ဖွယ်ရာတွေကို ရရှိနိုင်မှာဖြစ်ပြီး လူတဦးကို ၉၉ ယူရိုကျသင့်မှာ ဖြစ်ပါတယ်။ ဆိုင်ကိုလာရောက်ကြတဲ့ ဧည့်သည်တွေဟာ ရေအောက်အနက်ထဲမှာ ရှိနေတဲ့ စက်လုံးပုံသဏ္ဌာန် စားသောက် အိမ်ငယ် ထဲကို ရေငုပ် သွားရောက် ရမှာဖြစ်ပြီး ရေပြင်အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှာ ထားရှိတာ ဖြစ်ပါတယ်။ “ဒီရေကူးကန်ကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက် ဆယ်ကျော်သက်အရွယ်ကတည်းက ဖန်တီးခဲ့တာပါ။ ကျနော်က လူတိုင်းကို ခုလိုအခြေအနေ မျိုးနဲ့ ရေငုပ်ပြီး နေ ထိုင်နိုင်စေချင်တယ်လေ။ ခုတော့ ခင်ဗျားတို့ ရေအောက်မှာ စကားပြောနိုင်တယ်၊ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ပါပြီ” လို့ စားသောက်ဆိုင်ဖန်တီးရှင် ဂျွန်ဘီယားနာ့တ်စ်က ပြောပါတယ်။ အကျယ်အဝန်း ၂ မီတာရှိတဲ့ ဂေါက်သီးတလုံးလို လုံးဝန်းတဲ့ စားသောက်အိမ်ငယ်လေးထဲမှာ ပြတင်းပေါက်တွေလည်း ပါဝင်ပြီး လူ ၄ ဦးထိ ဝင်ရောက် စားသောက်နိုင်ပါတယ်။ လက်ရှိမှာတော့ စားပွဲထိုးဝန်ထမ်းတွေကို နီမို ၃၃ ရေငုပ်စင်တာမှ ရေငုပ်သမားတွေနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ရေငုပ်အတွေ့အကြုံမရှိသူ လာရောက်စားသောက်သူတွေကိုလည်း မိတ်ဆက်သင်ကြားပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ စားသောက်ဆိုင် ဖွင့်လှစ်ပြီးချိန်ကတည်းက ခုချိန်ထိ လာရောက်စားသောက်သူ ၁၆ ဦးထိ ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ လာရောက်စားသောက်သူတဦးဖြစ်တဲ့ နီကိုလပ်စ် မောက်ချာ့တ်က “တကယ့်ကို ထူးခြားတဲ့ ရေအောက်ကမ္ဘာပါပဲ။ ငါတို့ ၂ ယောက်လုံးဟာ ငါးစုံတွဲတွေလိုပဲ။ ရေထဲမှာ ပျော်စရာကောင်းပါတယ်။ ငါတို့ ဘ၀တလျှောက်လုံး မမေ့နိုင်မယ့် ညစာစားပွဲပါပဲ” လို့ ပြောပါတယ်။ Video From : Nemo33 2017 Originally published at - https://www.youtube.com/watch?v=Wzx9K-QPbZc Post From : ဒီဗွီဘီ Originally published at - https://www.youtube.com/watch?v=Wzx9K-QPbZc
Read More »

Tuesday, January 10, 2017

သမီးငယ်ကို ကင်းမြီးကောက်ထောင်ပြီး နို့တိုက်သည့် မိခင်




အမေရိကန် နိုင်ငံကလို့ ယူဆရတဲ့ အမျိုးသမီး တဦးဟာ သူ့ရဲ့ တနှစ် အရွယ်သမီး ဖြစ်သူကို ကင်းမြီးကောက် ထောင် အနေ အထားနဲ့ နို့တိုက် ပြတဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ဟာ လတ်တလော အင်တာနက် လူမှု ကွန်ရက် စာမျက်နှာတွေ ပေါ်မှာ ရေပန်းစားနေ ခဲ့ပါတယ်။

ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဆဲလ်ဖီ (Selfies) အစား ကလေးနို့တိုက်ချိန် ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဘရဲလ်ဖီ (Brelfies) လို့ ခေါ်ရတော့မလိုဖြစ်နေတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေခဲ့တာပါ။

တချို့ကလည်း ဒါဟာ ယောဂကျင့်စဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် သဘောတကျ မှတ်ချက်ပေးခဲ့ကြပြီး တချို့ကတော့ ဒါဟာ မိုက်ရူးရဲဆန်ဆန်နဲ့ စတန့်ထွင် လူသိများလိုတာမျိုး ဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။

ကြာချိန် ၁၃ စက္ကန့်သာရှိတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မိုတာဂျုစ်အမည်နဲ့ တင်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ နာမည်ကိုတော့ ဂျူလီအဲန်းလို့ ဖော်ပြခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးငယ် ဂျူလီအဲန်းဟာ ဦးခေါင်းဇောက်ထိုး အခြေအနေနဲ့ နို့တိုက်နေခဲ့တဲ့ မိခင်ဖြစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာကို တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဆစ်ဒ်နီမစ်ရှဲလ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး ကျန်တဲ့မိခင်တွေရဲ့ သဘောထား မှတ်ချက်တွေကို တောင်းခံခဲ့တာပါ။

“အမျိုးသမီးများရှင်။ ရှင်တို့ ဘယ်လိုခံစားရပါသလဲ။ ကျမကတော့ မိခင်တဦးအနေနဲ့ နေထိုင်တတ်မှု အနုပညာတခုလို ခံစားရပါတယ်။ သူဟာ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတခုခု လုပ်ချင်နေချိန်မှာ ကလေးငယ်ဟာလည်း နို့ဆာချိန် ဖြစ်နေတယ်လေ။ ခုလိုလုပ်တာက မမျှတဘူးလား” လို့ သူက ရေးခဲ့ပါတယ်။

ဒါပေမယ့် ရှောင်နေးလ်အမည်နဲ့ အသုံးပြုသူတဦးကတော့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “ဒီ့အတွက် အချိန်နဲ့ နေရာ ရှိပါတယ်။ တကယ်လို့များ ဒီမိုက်မဲတဲ့ အမျိုးသမီး ကလေးအပေါ် လဲပြိုကျသွားခဲ့ရင် တန်ပြန်အကျိုးဆက်က သူ ဒါကိုလုပ်နေလို့ပဲလေ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183458

Read More »

Monday, January 2, 2017

ဟောလိဝုဒ် စာတန်းအား နောက်ပြောင်သူ တစ်ဦး ပြောင်းထားခဲ့




ဇန်န၀ါရီ ၂ ရက်

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဟောလိဝုဒ် စာတန်းကို နောက်ပြောင် ကျီစယ်သူ တစ်ဦးက စာလုံးတွေ ပြောင်းလဲ ခဲ့ကြောင်း Sky သတင်းတွင် ဖော်ပြ ထားသည်။

ဟောလိဝုဒ် စာတန်းကြီး၏ အို (၂) လုံး နေရာတွင် အီး (၂) လုံးထည့်ပြီး ဟောလိဝိ ဖြစ်အောင် လုပ်ကြံ ဖန်တီး သွားခဲ့ခြင်း ဖြစ်ပြီး ၀ိဆိုတာ ဆေးခြောက်ကို ရည်ညွှန်းသည့် စကားလုံး ဖြစ်သည်။

ကယ်လီဖိုးနီးယား၊ လော့အန်ဂျလိစ် ဒေသခံများသည် နှစ်သစ်ကူး မနက်ခင်းတွင် ဟောလိဝိ ဆိုသည့် စာတန်း အကြီးကြီးကို မြင်တွေ့ ခဲ့ကြရခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က သဲလွန်စ ရရှိဖို့ စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ဟောလိဝုဒ် တည်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဆေးခြောက်ကို အပန်းဖြေ သဘောဖြင့် တရားဝင် အသုံးပြုခွင့်ရရှိရေး အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း မဲခွဲ ဆုံးဖြတ် ခဲ့ကြပြီး မဲရလဒ် အရ လာမည့် ၂၀၁၈ ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည်နယ် အတွင်း ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ရရှိတော့မည် ဖြစ်သည်။


From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21851

Read More »

Sunday, December 18, 2016

သတို့သမီးဂါဝန်နဲ့ သတို့သား၊ သတို့သားဝတ်စုံနဲ့ သတို့သမီးတို့ရဲ့ ထူးခြားမင်္ဂလာပွဲ




တရုတ် နိုင်ငံရဲ့ နန့်ချွန်းမြို့မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ကို လာတဲ့ ဧည့်သည် အပေါင်းဟာ မမျှော်လင့် ထားတဲ့ သတို့သားနဲ့ သတို့သမီးတို့ မင်္ဂလာ ဝတ်စုံတွေ လဲလှယ် ဝတ်ဆင် ထားကြလို့ အံ့သြမှင်သက် နေကြတယ်လို့ စီစီတီဗွီရဲ့ သတင်းမှာ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် သတို့သား ဝူရူရီနဲ့ သတို့သမီး အိုကွီရန်တို့ဟာ အဝတ်အစား လဲဝတ်တာလေးပဲ မဟုတ်ပါဘူး၊ ဒါက သူတို့ ၂ ဦးရဲ့ ချစ်မေတ္တာကို ပြသတဲ့ အပြုအမူလေးတွေပါ။

သတို့သမီးက သူမရဲ့ကိုယ့်အလေးချိန်နဲ့ သတို့သမီးဂါဝန်ကို သူမ ဝတ်ဆင်လို့မရရင်ဆိုတဲ့ စိုးရိမ်စိတ်ဝင်လာချိန်မှာ သတို့သားက သူက သတို့သမီးဝတ်စုံကို ဝတ်ဆင်မယ်၊ သတို့သမီးက သတို့သား ဝတ်စုံကို ဝတ်ဆင်ဆိုပြီး ဒီလိုမင်္ဂလာဝတ်စုံကို လဲလှယ်ဝတ်ဆင်ကြဖို့ တောင်းဆိုခဲ့တာပါ။

တရုတ်နိုင်ငံ စီချွမ်ခရိုင်ရှိ နန့်ချွန်းမြို့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ကို လာတဲ့ ဧည့်ပရိတ်သတ်အပေါင်းဟာ ဒီမင်္ဂလာပွဲကို ဘယ်တော့မှ မမေ့ဘဲ အမှတ်ရနေကြမှာပါ။

သတို့သားနဲ့ သတို့သမီးအတွက်ကတော့ သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးအသစ်တခုကို စတင်လိုက်တာပါလို့ ဆိုပါတယ်။

“မင်းရဲ့တဘဝလုံးစာအတွက် ကိုယ် ကောင်းပါ့မယ်လို့” သတို့သားဝူက ကတိပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/180171

Read More »

Friday, August 12, 2016

ဖန်တံတားအောက်တွင် တွဲလဲခိုပြီး မင်္ဂလာပွဲကျင်းပသည့် ဇနီးမောင်နှံ




တရုတ် ဇနီးမောင်နှံဟာ တရုတ် ရိုးရာ ပြက္ခဒိန် အရ ချစ်သူများ နေ့မှာ ဖန်တံတား အောက်ကနေ တွဲလဲခိုပြီး မင်္ဂလာပွဲ ကျင်းပ ခဲ့ပါတယ်။

ဒါဟာ သူတို့ချင်း စိန်ခေါ်မှု ဖြစ်ပြီး ချစ်သူများ ပွဲတော်ကို အထူး နည်းလမ်းနဲ့ ဆင်နွှဲ ချင်လို့ ခုလို လုပ်တာလို့ သတို့ သမီး ကျန်းဟွေ့ကျူက ပြောပြီး သတို့သား ကျိုးဝမ်လောင် ကလည်း သဘောတူ ခဲ့ပါတယ်။

ကျုံးဟွေ ခရီးသွား လုပ်ငန်း စီမံခန့်ခွဲရေး ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက သူတို့အိပ်မက်ကို အကောင် အထည် ဖော်ပေး ခဲ့တာပါ။

မြေပြင် အထက် ၅၉၀ ပေ အမြင့်က ဖန်တံတားမှာ တွဲချိတ် ထားတဲ့ ကြိုးပုခက် ပေါ်မှာ သူတို့ ၂ ဦး မင်္ဂလာဆောင် ခဲ့ပါတယ်။

ရဲရင့်သူတို့ တံတားလို့ လူသိ များတဲ့ ဖန်တံတားဟာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဖိန်ကျန်း မြို့နယ်က အမျိုးသား ဘူမိဗေဒပန်းခြံ ထဲမှာ ရှိပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/163396

Read More »

Monday, August 1, 2016

လျှပ်စစ် ကေဘယ်လ်ကြိုးမှာ ဦးချို ချိတ်မိနေတဲ့ သိုး




မဲလ်ဘုန်း

ကုန်းတစ်ခု ပေါ်ကနေ ခြေစုံ ကန်ပြီး ဆင်းလာတဲ့ သိုး တစ်ကောင်ဟာ မမျှော် လင့်ဘဲ လျှပ်စစ် ကေဘယ်လ် ကြိုးမှာ ၎င်းရဲ့ ဦးချို ချိတ်မိပြီး တန်းလန်း ဖြစ်နေ ခဲ့ပါတယ်။ အဲဒီသိုး ချိတ်မိတဲ့ ကေဘယ်လ် ကြိုးနေရာက မြေပြင် ကနေ ၁၅ ပေမြင့်တဲ့ နေရာမှာ ရှိနေ ပါတယ်။

ကံမကောင်းတဲ့ သိုးအတွက် ကံကောင်းတာ ကတော့ လျှပ်စစ် စီးဝင်နေတဲ့ ဝိုင်ယာကြိုးနဲ့ လွတ်ကင်း ခဲ့တာပဲ ဖြစ်ပါတယ်။

ကေဘယ်လ်ကြိုးမှာ ဦးချို ချိတ်မိနေတဲ့ သိုးနဲ့ ပတ်သက်ပြီး မျက်မြင် ကိုယ်တွေ့ တွေ့မြင် ခဲ့ရသူတွေ ကတော့ တောင်ပေါ်မှာ မြက်စား နေတဲ့ သိုးဟာ သိုးမတွေ ရှိတဲ့ စားကျက်ခင်း ရှိရာကို သွားဖို့ ကြိုးပမ်းရင်း အခုလို ဒုက္ခတွေ့ရ တာလို့ ဆိုပါတယ်။

Ref: oddec

Yangon Media Group

Originally published at - https://www.facebook.com/YangonMediaGroup

Read More »

Thursday, May 26, 2016

ထိုင်းအမျိုးသားတဦး မတော်ရာ မြွေကိုက်ခံရ




ထိုင်းနိုင်ငံက အမျိုးသား တစ်ဦးဟာ အိမ်သာ တက်နေတုန်း မတော်ရာကို မြွေကိုက်ခံ လိုက်ရ ပါတယ်။

အိမ်သာ ရေဆင်း ပိုက်ထဲက ကိုးပေလောက် အရှည် ရှိတဲ့ စပါးအုံး မြွေကြီးဟာ အိမ်သာ တက်နေတဲ့ Attaporn Boonmakchuay ရဲ့ အမျိုးသား လိင်တံကို ကိုက်ခဲ့ တာပါ။

နာရီဝက်လောက် မြွေ နဲ့ ရုန်းကန် ခဲ့ရပြီး အော်ဟစ် အကူအညီ တောင်းတဲ့ အတွက် အိမ်နီးနားချင်း တွေကလည်း ဓားတွေ ကြိုးတွေ နဲ့ အပြေး လာကူခဲ့ ကြပါတယ်။

နောက်ဆုံး မြွေကြီး ရဲ့ ခေါင်းကို ကြိုးနဲ့ တုတ်၊ အိမ်သာတံခါး နဲ့ တွဲချည် ခဲ့ပြီး မြွေကြီး ခဏ အားကုန်တဲ့ အချိန်မှာမှ ကိုက်ထားတဲ့ မေရိုး ကနေ လွတ်အောင် ရုန်း နိုင် ခဲ့တာပါ။ ၃ စင်တီ မီတာလောက် ရှိတဲ့ ဒဏ်ရာကို ချုပ်ခဲ့ ရပြီး ပြန်ကောင်းမှာ ပါလို့ ဆရာဝန် တွေက ပြောပါတယ်။

အိမ်သာ တွင်းထဲက မြွေကိုတော့ အိမ်သာကို ဖျက်ပြီး ဆွဲထုတ် ခဲ့သလို အသက်ရှင်ရက် တောထဲ ပြန်လွှတ် ခဲ့ပါတယ်။


by VOA Burmese News

Originally published at - https://www.facebook.com/VoA.Burmese.News/videos/10154063953120170/

Read More »

Thursday, March 3, 2016

စာမေးပွဲမှာ ခိုးချလို့ မရအောင် အတွင်းခံ ဘောင်းဘီပဲ ၀တ်ခွင့်ပေးပြီး ကွင်းပြင်ထဲမှာ ဖြေခိုင်း




အိန္ဒိယ နိုင်ငံဟာ နည်းပညာ ထူးချွန် သူတွေ ထွက်သလောက် စာမေးပွဲမှာ နည်းပညာ အသုံးချပြီး စာခိုးချတဲ့ ကျောင်းသား တွေလည်း ပေါပါတယ်။

ကျောင်းသားတွေဟာ မိုက်ကရို ဖုန်းတွေ၊ နားကြပ်တွေ၊ ကင်မရာတွေကို သူတို့ရဲ့ အဝတ် အစားတွေ ကြားထဲမှာ ဖွက်ယူ လာပြီး စာမေးပွဲခန်း အပြင်က လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလေ့ ရှိသလို နည်းပညာ အကူအညီ မပါတဲ့ အခြားနည်း မျိုးစုံနဲ့လည်း ခိုးချဖို့ ကြိုးစား တတ်ကြ ပါတယ်။

ဒီလိုခိုးချနေ တာမျိုးတွေကို အိန္ဒိယ စစ်တပ် ကတော့ လုံးဝ လက်ခံဖို့ စိတ်ကူး ရှိပုံ မရပါဘူး။ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက လုပ်ခဲ့တဲ့ စစ်တပ်ဝင်ခွင့် စာမေးပွဲ တစ်ခုမှာ စစ်တပ် တာဝန်ရှိ သူတွေက ဝင်ရောက်ဖြေဆို သူတွေကို ဘာအကာ အကွယ်မှ မရှိတဲ့ ကွင်းပြင် ထဲမှာ အတွင်းခံ ဘောင်းဘီပဲ ဝတ်ခွင့်ပေးပြီး ဖြေဆို ခိုင်းခဲ့ ပါတယ်။

ဒါပေမဲ့ ဝင်ခွင့်ဖြေဆို သူတွေကို အဝတ်အစားတွေ ချွတ်ကာ ကွင်းပြင်ထဲမှာ ဖြေဆို ခိုင်းတာဟာ လုပ်ထုံး လုပ်နည်းတွေနဲ့ မညီညွတ်ဘဲ စီမံအုပ်ချုပ်မှုပိုင်း လစ်ဟင်းမှုတွေ အရ ပေါ်ပေါက် ခဲ့တာဖြစ်ကာ နောက်ထပ် ဒီလိုဖြေဆို ခိုင်းတာမျိုး ထပ်မံ ပေါ်ပေါက်ဖွယ် မရှိဘူးလို့ အိန္ဒိယစစ်တပ်ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တကယ်လို့ အိန္ဒိယ စစ်တပ်အနေနဲ့ ဝင်ခွင့်ဖြေဆို သူတွေကို အခုနည်းလမ်း အတိုင်း စာမေးပွဲ ဆက်စစ်မယ် ဆိုရင်တော့ ကျောင်းသားတွေကို ခိုးမချအောင် အပြည့်အဝ တားဆီးနိုင်ဖွယ် မရှိသေး ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ စာမေးပွဲမှာ ခိုးချဖို့ အတွက် အထူး ဖန်တီးထားတဲ့ နည်းပညာ ပစ္စည်းတွေ ရောင်းတဲ့ အိန္ဒိယဝက်ဘ်ဆိုဒ် တစ်ခုမှာ အတွင်းခံ ဘောင်းဘီထဲ ထည့်ပြီး အချက်ပြ ဆက်သွယ်နိုင်အောင် အထူးပြုပြင် ဖန်တီးထားတဲ့ Bluetooth သုံး ကိရိယာ တစ်ခုကို ကြော်ငြာ ထားတာ တွေ့ရလို့ ပါပဲ။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11879


Read More »

Thursday, February 18, 2016

ဘရာဇီးလ်တွင် မျောက်တကောင် အရက်သောက်ပြီး ဓားကိုင်သောင်းကျန်း (ရုပ်သံ)




ဘရာဇီးလ်နိုင်ငံ စားသောက်ဆိုင် တခုမှာ ရန်လိုနေတဲ့ မျောက်တကောင်ဟာ မီးဖိုချောင်သုံး ဓားတလက်ကို ကိုင်ဆောင်ပြီး သောင်းကျန်း ခဲ့လို့ ကယ်ဆယ်ရေး သမားတွေကို ခေါ်ခဲ့ရ တယ်လို့ ယူပီအိုင် သတင်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြ ပါတယ်။

ဘရာဇီးလ်နိုင်ငံ၊ ပါရေးဘာပြည်နယ်၊ ပါတို့စ်ဒေသတွင်း စားသောက်ဆိုင် တဆိုင်ထဲမှာ မျောက်တကောင်ဟာ ဓားကိုင်ပြီး စားပွဲပေါ်က အရက်ခွက်တွေ တွန်းချတာတွေ လူတယောက် aနာက်ကို လိုက်တာတွေ ပြုလုပ် ခဲ့တာကြောင့် ဒေသတွင်း မီးသတ်ဌာနဆီ အကူအညီတောင်း ခံခဲ့ရတာပါ။

အဲဒီအမျိုးသားဟာ မျောက်လိုက်မှုကြောင့် သူ့အဖော်အမျိုးသမီးကို ဆိုင်တွင်းမှာ ထားခဲ့ပြီး ထွက်ပြေးခဲ့ရတာပါ။

မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆော်လ်လော်ရန်တီနိုက အဲဒီမျောက်ဟာ အဲဒီလိုသောင်းကျန်းတာတွေ မလုပ်ခင်မှာ ရမ်အရက်တခွက်ကို သောက်ထားခဲ့တယ်လို့ ပြောပါတယ်။

ဒေသတွင်းမျက်မြင်သက်သေတွေက အဆိုပါမျောက်ဟာ ဆိုင်ရဲ့ခေါင်မိုးကို ဓားနဲ့ ကုတ်ခြစ်နေတာကို ရုပ်သံမှတ်တမ်းယူထားခဲ့ကြပါတယ်။

နောက်ဆုံးမှာ အဲဒီမျောက်ကို ကယ်ဆယ်ရေးသမားတွေက ဖမ်းမိခဲ့ပြီး တောထဲကို ပြန်လည်လွှတ်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135808


Read More »

Friday, January 15, 2016

အစားမတော် တစ်လုပ် အဆွဲမတော် တစ်ဆယ်ဖီ




ဒီအမှု ကတော့ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့ အမှုလို့ပဲ ပြောရမှာပါ။ မူးယစ် ရမ်းကား မောင်းနှင်မှုနဲ့ ရဲက အလို ရှိနေတဲ့ အိုဟိုင်းယိုး ပြည်နယ်က လူတစ်ယောက်ဟာ ရဲမှတ်တမ်းက သူ့ဓာတ်ပုံကို မကြိုက် တာနဲ့ ပိုပြီး သားနားတဲ့ ပုံကို သူ့ကိုယ်သူ ဆယ်ဖီဆွဲပြီး ရဲဌာနကို ပို့လိုက် တာကြောင့် ဖလော်ရီဒါမှာ အဖမ်းခံ လိုက်ရတာပဲ ဖြစ်ပါတယ်။

‘ဒီပုံက ဘယ်လိုနေလဲ ဒေါ်နယ် ပပ်’’လို့ ရဲရုံးက ၄င်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တရားခံရဲ့ အပြုံးကြီး ပြုံးနေတဲ့ မှတ်တမ်းပုံ အသစ်ကို ပြပြီး မေးမြန်း ထားပါတယ်။ ‘ဒီ ဆယ်ဖီပုံကြောင့်ပဲ ဘယ်သူ ဘယ်ဝါ ပိုပြီး ခွဲခြားလာနိုင် ခဲ့တယ်’’လို့လည်း ရဲဌာနက ပို့စ်တင် ထားပါတယ်။

ပပ်(၄၅နှစ်) ဟာ အိုဟိုင်းယိုး ရဲဌာနက ဖေ့စ်ဘုတ်မှာ တင်လာတဲ့ သူ့ရဲ့ မှတ်တမ်းပုံနှစ်ပုံကို ကြည့်ရပြီးနောက်မှာ နေကာ မျက်မှန်နဲ့ ခန့်ခန့်ညားညား ပုံကို ဆယ်ဖီဆွဲပြီး ပို့စ်တင် လိုက်ပါတယ်။.

‘အဲဒီပုံတွေက ဆိုးရွားတယ်။ ဒီပုံက ပိုကောင်းပါတယ်’’လို့လည်း ပပ်က စာရေး လိုက်ပါတယ်။

ဒီလို update အဖြစ်ဆုံး ပုံကို ရိုက်တင် လိုက်လို့လည်း ပပ်ကို ဖလော်ရီဒါမှာ ဖမ်းမိ ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြား ပါတယ်။ ဒီလို ဖမ်းမိတဲ့ အတွက် လူမှု မီဒီယာကို ကျေးဇူး တင်ရမယ် လို့လည်း အိုဟိုင်းယိုး ရဲတပ်ဖွဲ့က ပြောကြား ခဲ့ပါတယ်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9895


Read More »

Friday, January 8, 2016

အမေရိကန်က သုံးနှစ်အရွယ် အဘွားအို




အခုတလော တွစ်တာမှာ ခေတ်စား နေတဲ့သူကတော့ အမေရိကန် နိုင်ငံက သုံးနှစ် အရွယ် အဘွားအို လေးပါပဲ။ Roey လို့ အမည်ရတဲ့ သုံးနှစ် အရွယ် အဘွားအို ကိုတော့ သူ့ရဲ့ အဒေါ်ဖြစ်သူ မိတ်ကပ် ပညာရှင်က နာမည် ကြီးအောင် ပြုလုပ်ပေး လိုက်တာပါ။

မိတ်ကပ် ပညာရှင် တစ်ယောက်ဖြစ်တဲ့ Samantha Parsons ဟာ တူမဖြစ်သူ လေးကို လက်တည့်စမ်းတဲ့ အနေနဲ့ မိတ်ကပ် လိမ်းခြယ် ပေးခဲ့တာ ဖြစ်ပြီး တွစ်တာပေါ်ကို တင်ခဲ့ ရာမှာတော့ လူထောင်ပေါင်း များစွာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ ရတာပါ။ တူမဖြစ်သူ ကတော့ ပါးရေတွေ တွန့်ပြီး နဖူးက အစင်းကြောင်းတွေနဲ့ တကယ့် အဘွားအို ပုံစံပေါက် သွားခဲ့တာပါ။

အဒေါ်ဖြစ်သူရဲ့ မိတ်ကပ် လက်စွမ်းကတော့ တူမဖြစ်သူကို နာမည်ကျော် စေခဲ့ပြီး retweet လုပ်မှု အကြိမ်ရေ ၂၇၀၀၀ အထိရှိခဲ့ ပါတယ်။ အဒေါ်ဖြစ်သူရဲ့ မိတ်ကပ် လက်စွမ်း ကိုလည်း ချီးကျူး ခဲ့ကြပြီး ငါ့ကလေးကိုလည်း လိမ်းပေး ပါလား ကျောင်းမှာ ပေါ်ပြူလာ ဖြစ်သွားအောင် အစရှိသဖြင့် ရေးသား ခဲ့ကြပါတယ်။

Ref : Dailymail

Originally published at - http://knowledge.thithtoolwin.com/2016/01/blog-post_9.html


Read More »

ပေါက်ဖို့လာတဲ့ မြွေဟောက်ကို လည်မျိုက ကိုင်ပြီး ပြန်လွှင့်ပစ်ခဲ့တဲ့ အာဂ မိန်းကလေး




တောင်အာဖရိကမှာ အပန်းဖြေနေတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ဆီကို ပါးပျဉ်းထောင်ပြီး ပေါက်ဖို့ လာတဲ့ မြွေဟောက် တစ်ကောင်ကို လည်မျို ကနေကိုင်ပြီး အဝေးကို ပြန်လည် လွှင့်ပစ် ခဲ့ပါတယ်။

ရောဘတ်ဆင်ရေကန်ဘေးမှာ အနားယူရင်း အပန်းဖြေနေတဲ့ သူမဟာ ကမ်းခြေ ကနေ သူမဆီ တည့်တည့် မတ်မတ် လာနေတဲ့ မြွေကို နင်ဂျာလို လျင်မြန်တဲ့ လက်နဲ့ လည်မျို ကနေကိုင်ပြီး ပြန်လည် လွှင့်ပစ်ခဲ့ ပါတယ်။

သူမဟာ မြွေလာနေတာကို ကြောက်ရွံခြင်းအလျဉ်းမရှိဘဲ လျင်လျင်မြန်မြန်နဲ့ အခုလိုပြန်လည် ကိုင်တွယ် တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို Youtube ပေါ်တင်ခဲ့တဲ့ အခါမှာတော့ ကြည့်ရှု သူတွေများပြား ခဲ့ပါတယ်။ ဒါဟာ လုပ်ကြံမှု တစ်ခုသက်သက် သာဖြစ်ပြီး လူတစ်ယောက်က မြွေရုပ်ကို ငါးမျှားချိတ်မှာချိတ်ပြီး ကြိုးနဲ့ ဆွဲယူခဲ့တာပါ။



ဒီဗီဒီယိုကိုတော့ လူထောင် ပေါင်းများစွာက ကြည့်ရှု ခဲ့ကြပြီး မှတ်ချက်တွေ ပေးခဲ့ကြ ပါတယ်။ ကိုးစက္ကန့်စာ ဗီဒီယိုမှာတော့ လှည့်စားမှုကို ယုံကြည်သွားကြတဲ့ လူတွေရှိသလို အချို့ကလည်း သေချာကြည့် ရှုပြီးမှ မှတ်ချက်တွေ ပြုခဲ့ကြ ပါတယ်။



" ပုံရဲ့ ထောင့်မှာ ငါးမျှားတံနဲ့ ချိတ်ဆွဲပြီး မြွေရုပ်ကို ဆွဲလာတာကို မမြင်ကြတာလား။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ပြောင်မှုတစ်ခုပါပဲ " ၊ " အတုကြီးမှန်း သိသာ လွန်းပါတယ်။

မြွေတွေက အဲ့လောက် မမြန်သလို တည့်တည့်လည်း ဘယ်တော့မှ မလာပါဘူး " လို့ မှတ်ချက်တွေ ရေးသား ခဲ့ကြ ပါတယ်။


Ref : Dailymail

Originally published at - knowledge.thithtoolwin.com/2016/01/blog-post_6.html


Read More »

Thursday, December 31, 2015

အမျိုးသမီး တဦး၏ မျက်လုံး သူငယ်အိမ် တွင်းမှ ကပ်ပါး သန်ကောင် တွေ့ရှိ (ရုပ်သံ)




အမျိုးသမီး တဦးရဲ့ မျက်လုံး သူငယ်အိမ် ထဲမှာ တွေ့ရှိရတဲ့ ကပ်ပါး သန်ကောင် တကောင်ကို ဆရာဝန် တဦးက စစ်ဆေး ကြည့်ရှုနေတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်း အင်တာနက် စာမျက်နှာ Aပ်ါမှာ ကြည့်ရှုသူ ၁၄၀၀၀ ကျော် ရှိခဲ့ ပါတယ်။

ဆရာဝန်ဟာ အမျိုးသမီးရဲ့ မျက်စိသူငယ်အိမ် အောက်ခြေ ထက်ဝက်လောက်မှာ သွားလာနေတဲ့ သေးငယ် ပိန်ပါးတဲ့ ကပ်ပါးကောင်ကို မိုက်ခရို စကုပ်နဲ့ ကြည့်ရှု စစ်ဆေး ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြ ပါတယ်။

တကယ်လို့များ အဲဒီ မျက်စိ သူငယ်အိမ်ထဲက ဒီကပ်ပါး သန်ကောင်ကို ဖယ်ထုတ် လိုက်မယ် ဆိုရင် ဘယ်လိုဖြစ် လာမလဲ ဆိုတာကို မသိနိုင်သေး ဘူးလို့ ဆိုပါတယ်။

အဲဒီ ရုပ်သံ ဗွီဒီယို ဖိုင်ကို ကြည့်ရှုသူ တဦးက “ဒီဟာကို ဖယ်ထုတ် လိုက်တာကို မြင်ရမှ ဖြစ်မယ်။ မဟုတ်ဘူး ဆိုရင် ဒီည အိပ်နိုင်မှာ မဟုတ်ဘူး” လို့ မှတ်ချက်ပေး ထားခဲ့တာပါ။

ဒီရုပ်သံ ဗွီဒီယို ဖိုင်ကို LiveLeak.com အင်တာနက် စာမျက်နှာပေါ် တင်ခဲ့ပြီး ၆ နာရီ အကြာမှာ စိတ်ဝင် တစား ကြည့်ရှု သူတွေ များလာ ခဲ့တာပါ။

ရုပ်သံ ဗွီဒီယိုဖိုင် အညွှန်းမှာတော့ ဒါဟာ သံလုံးပိုး (ကပ်ပါးပိုး) အမျိုးအစား ဖြစ်ပြီး မိုက်ခရို စကုပ်နဲ့မှ မြင်နိုင်တယ်လို့ ဆိုပါတယ်။

တချို့ကပ်ပါးကောင် တွေဟာ အရှည် ၁ မီတာထိ ရှိနိုင်ပြီး တချို့အမျိုးအစား တွေကတော့ လူ့အသက် အန္တရာယ် ကိုတောင် ထိစေနိုင် တယ်လို့ ဆိုပါတယ်။

ဒီရုပ်သံ ဗွီဒီယို ဖိုင်ကို ဘယ်နေရာမှာ ရိုက်ကူး ခဲ့သလဲ ဆိုတာ ကိုတော့ မသိ ရသေးဘူးလို့ သတင်းမှာ ဖော်ပြ ပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129195


Read More »

Thursday, December 24, 2015

ကားဒရိုင်ဘာ အိပ်ပျာ်နေချိန် ကားခိုးမောင်းတဲ့ အိန္ဒိယက မျောက်




အိန္ဒိယနိုင်ငံ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုက ဘတ်စ်ကား ဒရိုင်ဘာ တစ်ရေး တမော အိပ်ပျော် နေချိန်မှာ မျောက်တစ်ကောင် ကားတက်မောင်းလို့ ရပ်ထားတဲ့ ဘတ်စ်ကား၂ စီးကို တိုက်မိ တယ်လို့ ဆိုလာ ပါတယ်။



Uttar Pradesh State Road Transport Corporation အဆိုအရ Bareilly ရှိ ဘတ်စ်ကား ရပ်နား စခန်းမှာ ကားပြန်လည် မထွက်ခင် ကားရပ်နားပြီး နာရီဝက်လောက် အိပ်ပျော် သွားတဲ့ ဘတ်စ်ကား ဒရိုင်ဘာရဲ့ ကားပေါ်ကို မျောက် တစ်ကကောင်က တက်ပြီး ကားစက်နှိုးကာ ကားမောင်းဖို့ ကြိုးစား ခဲ့တာလို့ သိရ ပါတယ်။

ဒရိုင်ဘာနိုး လာပြီး မျောက်ကို မောင်းထုတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မျောက်က ကားရဲ့ ဂီယာကို ပြောင်းလဲ မောင်းနှင်ခဲ့လို့ ဒရိုင်ဘာခမျာ ပြတင်းပေါက်ကနေ အပြင်ကို ထွက်ကျ သွားခဲ့ ပါသတဲ့။

ဘတ်စ်ကား ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ SK Sharma က Times of India ကို “ ကားဒရိုင်ဘာက ကားကို ပြန်လည် ထိန်းသိမ်း မောင်းနှင်ဖို့ ကြိုးစား ခဲ့ပေမယ့် ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးကို တိုက်မိ တော့မှပဲ ကားက ရပ်သွား ခဲ့တာပါ” လို့ ဆိုပါတယ်။

Sharma အဆိုအရ ဘတ်စ်ကား ကုမ္ပဏီအနေနဲ့ မျောက်တွေကို တခြားနေရာကို ပြောင်းရွှေ့နေရာ ချထားပေးနိုင်ဖို့ ဒေသ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေ တယ်လို့လည်း ဆိုပါတယ်။

Ref : Upi

Originally published at - http://knowledge.thithtoolwin.com/2015/12/blog-post_25.html


Read More »

Sunday, December 20, 2015

ဂျက်စတင်ဘီဘာ ဓါတ်ပုံကြီး ညတိုင်း ဖက်အိပ်တဲ့ အမျိုးသမီး




စူပါမားကတ် တစ်ခုမှာ အလုပ် လုပ်သူ အမျိုးသမီး တစ်ဦးဟာ ကနေဒီးယန်း ပေါ့ပ်စတား ဂျက်စတင်ဘီဘာ ရဲ့  လူအရွယ် အစား ရှိတဲ့ ဓါတ်ပုံတွေကို ညတိုင်း ဖက်အိပ်ပြီး သူမဟာ ဂျက်စတင်ဘီဘာ ရဲ့  ကမ္ဘာ့ အဆိုးဆုံး အမာခံ ပရိတ်သတ် တစ်ယောက်ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက် ပါတယ်။

အသက် ၂၂ နှစ် ရှိနေပြီ ဖြစ်တဲ့ Gabrielle Newton ဟာ သူမရဲ့  နာမည်ကိုပင် Gabrielle Newton-Bieber လို့ ပြောင်းလဲ ထားပါတယ်။

အဲဒီလို ပြောင်းလဲ လိုက်ခြင်းအားဖြင့်လည်း သူမနဲ့ ဂျက်စတင်ဘီဘာ နဲ့ လက်ထပ် ထားတယ်လို့ ထင်မှတ် ခံစားမိစေ တယ်လို့ သူမက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ် အတွင်း သူမဟာ ဂျက်စတင်ဘီဘာနဲ့ ပတ်သက်တဲ့ တက်တူး ၅ ခု တိတိ ထိုးခဲ့ပြီး တစ်ခု ကတော့ သူမရဲ့  ရင်သား အောက်မှာ ဖြစ်ပါတယ်။ သူမဟာ ဂျက်စတင်ဘီဘာ နဲ့ အတူ ကလေးတွေ မွေးဖွားဖို့ လည်း မျှော်လင့် ထားပါတယ်။



သူမဟာ ဂျက်စတင်ဘီဘာရဲ့  သီချင်းခွေ တွေ ၊ DVD ခွေတွေ ၊ ရေမွှေးတွေ ၊ လက်သည်း အလှဆင် ပစ္စည်းတွေ ၊ မိတ်ကပ်တွေ အားလုံးကိုလည်း ၀ယ်ယူ ထားပြီး သူမရဲ့  ဗီရိုထဲမှာလည်း ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်တဲ့ အ၀တ် အစားတွေ ပြည့်နေပြီး သူမ ရဲ့  အိမ်နံရံဟာလည်း ဂျက်စတင်ဘီဘာရဲ့  ပိုစတာ တွေနဲ့ ပြည့်နှက်နေ ပါတယ်တဲ့။

သူမကတော့ Nottinghamshire မြို့ မှာနေထိုင် သူဖြစ်ပြီး သူမ ရဲ့ နာမည်ကို ပြောင်းလဲ ပေးဖို့လည်း သူမရဲ့  မိခင်ကို တောင်းပန် ထားရသူ ဖြစ်ပါတယ်။ သူမ ညတိုင်း ဖက်အိပ်တယ်လို့ ၀န်ခံထားတဲ့ ဂျက်စတင်ဘီဘာ ရဲ့  လူအရွယ် အစား ကတ်ထူပြား ဓါတ်ပုံ ကိုတော့ သူမ ၁၆ နှစ် အရွယ် တုန်းက ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင် ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_21.html


Read More »

Saturday, December 19, 2015

ကြက်တူရွေး ဆံပင်ပုံစံကြောင့် မိသားတစု လုံးကို ဖခင်ဖြစ်သူ သတ်ဖြတ်




ရုရှားနိုင်ငံက နေအိမ် တခုမှာ ၆ နှစ် အရွယ် သားဖြစ် သူကို ကြက်တူရွေး ပုံစံ ဆံပင် ညှက်ပေးတာ မကြိက်တဲ့ ခင်ပွန်းဖြစ်သူက သူ့ရဲ့ မိသားစုဝင် ၈ ဦး စလုံးကို သတ်လိုက် ပါတယ်။

အိုလက်ဘီလော့လို့ ခေါ်တဲ့ ဖခင်ဖြစ်သူဟာ သားသမီး ၆ ဦး၊ အသက် ၃၂ နှစ် အရွယ် ကိုယ်ဝန်ဆောင် ထားတဲ့ သူ့အမျိုးသမီးနဲ့ မိခင်တို့ကို သတ်ခဲ့ တာလို့ ဒီဇင်ဘာ ၁၈ ရက်နေ့ အင်္ဂလန် အခြေစိုက် mirror သတင်းမှာ ဖော်ပြ ထားပါတယ်။

ရဲတွေကလည်း အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက် ခဲ့ပြီး သေဆုံးနေတဲ့ ကလေး တွေဟာ အသက် ၁ နှစ်ကနေ ၇ နှစ် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။



မိသားစုဝင် အားလုံးကို ၁၀ မိနစ် အတွင်းမှာပဲ သတ်လိုက်တာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ မိန်းမက အသက် ၆ နှစ် အရွယ်လောက် ရှိတဲ့ သူ့ရဲ့ ကလေးကို ကြက်တူရွေး ပုံစံ ဆံပင် ညှပ်ပေး လိုက်လို့ အခုလို သတ်ဖြတ်တာ ဖြစ်ကြောင်း ဘီလော့က တရားရုံးမှာ ထွက်ဆို ထားပါတယ်။

ဒီသတင်းကို ကြားသိတဲ့ ရုရှား နိုင်ငံသားတွေ ကလည်း ထိတ်လန့် နေကြောင်း သတင်းက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကိုလည်း တရားရုံးက အမိန့်ချဖို့ စီစဉ်နေပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တသက် တကျွန်း ကျနိုင်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/127562


Read More »

Friday, December 18, 2015

ဗြိတိန်မှ အိမ်တစ်လုံးကို တစ်ပေါင်နဲ့ ရောင်းပြီး ၀ယ်သူကို ပေါင် နှစ်သောင်း ချီးမြှင့်မယ့် စီမံချက်




အင်္ဂလန်နိုင်ငံ၊ စတုတ်အွန် ထရန့် (Stoke-on-Trent) မြို့ တော်ကောင်စီဟာ မြို့ ရဲ့ လူမနေတော့တဲ့ နေရာက ချုံးချုံးကျနေတဲ့ တိုက်ခန်းတွေကို ၀ယ်ယူပြီး ပြင်ဆင်ကာ ပြန်လည်ရောင်းချဖို့ အတွက် စီမံကိန်းမှာ ပေါင် ၁.၅ သန်း မြှပ်နှံ လိုက်ပါတယ်။

ကောင်စီ အာဏာပိုင် တွေဟာ အိမ်တွေကို ပေါင် ၆၀၀၀၀ ဖိုးလောက် အကုန်အကျခံ ပြင်ဆင်သွားမှာ ဖြစ်ပြီး တစ်ပေါင် နဲ့ ပြန်လည်ရောင်းချမှာ ဖြစ်ကာ ပိုင်ရှင် အသစ်ကို အိမ်တွင်း အလှဆင်ဖို့ အတွက် ဆုကြေးငွေ ပေါင် ၂ သောင်းပါ ထပ်မံ ပေးအပ် သွားဦးမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ဒေသတွင်း စီးပွားရေးကို နာလန် ထူစေနိုင် မယ်လို့ အာဏာပိုင်တွေက မျှော်လင့် ထားကြ ပါတယ်။

အိမ်ကိုဝယ်ယူဖို့ အတွက်လျှောက်လွှာ တင်သူတွေ အနေနဲ့  အိမ်မှာ အနည်းဆုံး ငါးနှစ်တိတိ နေထိုင်ရမှာ ဖြစ်ပြီး အလုပ် ရှိရမှာ ဖြစ်ကာ မိသားစုဝင်ငွေ ပေါင် ၁၈၀၀၀ ကနေ ၂၅၀၀၀ ကြား ရှိရမှာ ဖြစ်ပါတယ်။

ဒီအိမ်တွေကို အရင်က အိမ်ဌား ချခဲ့ပြီး ယခုအခါ အိမ်ဌား မရှိတော့တဲ့ အတွက် ထပ်မံ ရင်းနှီးမှု မလုပ်နိုင်တော့တဲ့ အိမ်ပိုင်ရှင်တွေ ထံကနေ ကောင်စီကပြန်လည် ၀ယ်ယူသွားမှာ ဖြစ်ပါတယ်။

“ ဒီစီမံချက်အသစ်က Portland Street ဘက်မှာလား ဒါမှ မဟုတ် မြို့ ရဲ့ တခြားမဖွံ့ ဖြိုးတဲ့ ဘက်မှာလား ဆိုတာကိုတော့ ကျွန်တော်တို့ မဆုံးဖြတ် ရသေးပါဘူး။ ဒါပေမယ့် ဒီ စီမံကိန်းရဲ့ ရည်ရွယ်ချက်က လူနေပြန် စည်ကားစေဖို့ ဆိုတော့ ဒီ အိမ် ၂၅ အိမ်လုံးက နယ်မြေ တစ်ခုထဲမှာပဲ ဖြစ်ပါလိမ့်မယ်” လို့ ကောင်စီဝင်၊ အိုးအိမ် ချထားပေးရေး အစိုးရအဖွဲ့ ဝင် Randy Conteh က ပြောပြ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ဒေါ်လာတန် အိမ်ရာ စီမံကိန်းတုန်းက ၃၃ အိမ်ကို ရောင်းချ ခဲ့ရာမှာ အသက် ၂၁ နှစ် အရွယ် Rebecca Denis နဲ့ ၂၂ နှစ်အ ရွယ် Chris Benn တို့ စုံတွဲက ၀ယ်ယူနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ အိမ်ဟာ ပေါင် ၆၀၀၀၀ လောက် တန်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_19.html


Read More »

မြို့တော်ဝန် ရာထူးအတွက် ကြောင်တစ်ကောင်ကို မဲပေး ရွေးချယ်ခဲ့တဲ့ မြို့




ဆိုက်ဘီးရီးယား နိုင်ငံ အတွင်းက မြို့  တစ်မြို့  မှာ နေထိုင် သူတွေဟာ တာဝန်ရှိ သူတွေက သူတို့ရဲ့ ကိုယ်ကျိုး အတွက် ရာထူးနေရာ အသုံး ချနေမှု ကို စိတ်ပျက် လာကြပါတယ်။

အဲဒါကြောင့် Barsik အမျိုးအစား ကြောင် တစ်ကောင်ဟာ Barnaul ဆိုတဲ့ မြို့ ရဲ့  မြို့  တော်ဝန် ရာထူး အတွက် လူမှုကွန်ရက် စာမျက်နှာ ကတဆင့် တရားမ၀င် မဲပေးရွေးချယ်မှု မှာ အနိုင်ရ သွားခဲ့ ပါတယ်။

ဒီနေရာမှာ နည်းနည်းတော့ ရှုပ်သွားနိုင်ပါတယ်။ ဒီလိုပါ။ Barnaul ဆိုတဲ့ မြို့ ရဲ့  မြို့ တော်ဝန်ရာထူးအတွက် အစိုးရ က သတ်မှတ်တာမဟုတ်ပဲ ပြည်သူတွေကိုယ်တိုင် လူမှုကွန်ရက် စာမျက်နှာ ဖန်တီးပြီး မဲပေးရွေးချယ်မှု တစ်ခု ကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ မြို့ တော်ဝန် ရာထူးအတွက် မဲပေးရွေးချယ်ခံကြသူတွေထဲမှာ ကြောင်တစ်ကောင်ပါ ပါဝင်လာတာပါ။

အသက် အားဖြင့် ၁၈ လသာရှိသေးတဲ့ ကြောင်လေးဟာ ရုရှားနိုင်ငံ အခြေစိုက် လူမှုမီဒီယာ ကွန်ရက်တစ်ခုဖြစ်တဲ့ Altai Online က တဆင့် မဲပေးရွေးချယ်မှု မှာ မဲအရေအတွက်ပေါင်း ၅၄၀၀ နဲ့ ၉၁ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိပြီး အနိုင်ရခဲ့တာပါ။

ထို မြို့ မှာနေထိုင်သူ ပင်စင်စားတစ်ဦးဖြစ်တဲ့ Yevgeny Kuznetsov ကတော့ " လူတွေဟာ ဘယ်သူကို ထပ်ယုံကြည်ရမလဲမသိတေ့ပါဘူး။ သူတို့ဟာ အာဏာပိုင်တွေကို မယုံကြည်နိုင်တဲ့ သုံးသပ်ချက်တွေ ဖြစ်လာခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

Barnaul မြို့  ဟာ ရုရှားနိုင်ငံ မော်စကို မြို့  ရဲ့  အရှေ့ ဘက် မိုင် ၂၀၀၀ ခန့်အကွာမှာတည်ရှိတဲ့ မြို့  တစ်မြို့  ဖြစ်ပြီး လူဦးရေ ၇၀၀,၀၀၀ ခန့် နေထိုင်တယ်လို့လည်း သိရပါတယ်။ အရင်မြို့ တော်ဝန် ဟောင်း Igor Savintsev ကတော့ အာဏာ အလွဲသုံးစားလုပ်မှု နဲ့ ရာထူးက နှုတ်ထွက်ဖို့ ဖိအားပေးခံရသူလည်း ဖြစ်ပါတယ်။

Ref : Metro

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_18.html


Read More »

Tuesday, December 15, 2015

ပိုးဟတ်အကောင် ၂ သိန်းနှင့် အတူ နေထိုင် စားသောက်နေသူ




ပိုးဟတ် အကောင်ရေ နှစ်သိန်း (၂၀၀၀၀၀) နဲ့ အတူ နေထိုင်ပြီး စားသောက်နေသူကတော့ အသက် ၂၀ အရွယ် မက်ဆီကန် လူမျိုး ကာလီ ခန်ဒီလီယန် (Kyle Kandilian) ဆိုသူပဲ ဖြစ်ပါတယ်။



သူအကြောင်း ကိုတော့ ထိုင်းလူမှုကွန်ရက် အင်တာနက် စာမျက်နှာ တခုမှာ ထိုင်းဘာသာနဲ့ ရေးထား တာပါ။

အခု သူနေတဲ့ အခန်းထဲမှာ ဆိုရင် မျိုးမတူတဲ့ ပိုးဟတ် အမျိုးအစား အကောင်အရေ အတွက်ဟာ ၄၀၀၀ လောက် ရှိတယ်လို့ သတင်းမှာ ရေးထား ပါတယ်။



ကာလီ ခန်ဒီလီယန် ဆိုသူကတော့ ဒီ ပိုးဟတ်တွေဟာ အများက ထင်ထား သလို့ မဟုတ်ပါဘူး တချို့ ပိုးဟတ် အမျိုးအစားမှာ အနံ့အသက် ဆိုးဆိုးဝါးဝါး မဟုတ်ပေမယ့် အနံ့ တော်တော် များများ ကတော့ စားပြီးသား အကြွင်း အကျန် ကနေ လာတာ ဖြစ်ပါတယ်။

ပိုးဟတ်တွေကို အစား အသောက် သန့်သန့် ရှင်းရှင်းကျွေးမယ် ဆိုရင် ကိုင်ပြီးတော့ ကစား လို့တောင် ရတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/127000


Read More »

အမျိုးသမီး အခွင့်အရေး တောင်းဆိုသူတွေ ဆီသို့ ကိုယ်လုံးတီးနဲ့ ပြေးဝင် သွားခဲ့တဲ့ အရက်မူး သမား




အရက်မူးသမား တစ်ခုဟာ ၈ နာရီကြာ အရက် ထိုင်သောက်ပြီး တဲ့နောက်မှာ အမျိုးသမီး အခွင့်အရေး တောင်းဆို ဆန္ဒပြသူ အမျိုးသမီးတွေ ဆီသို့ ကိုယ်လုံးတီးနဲ့ ပြေးဝင် သွားခဲ့တဲ့ အမှု ကို တရားရုံးမှာ ကြားနာ ခဲ့ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူဟောင်းတစ်ယောက်ဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် Peter Barker ဆိုသူဟာ Nottingham မြို့ရဲ့ ဈေးဟောင်း ပန်းခြံနားမှာ အ၀တ်အစားတွေချွတ်ပြီး ပန်းခြံထဲမှာ လူစုဝေးနေတဲ့ ဆန္ဒထုတ်ဖော်သူအမျိုးသမီးတွေ ဆီကို ပြေးမသွားခင်တုန်းကလည်း မင်္ဂလာဆောင်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ လူပျိုည (Bachelor Night) ပါတီပွဲမှာ အရက် ၉ ခွက်လောက်သောက်ခဲ့တယ်လို့ သိရပါတယ်။

ထို ဆန္ဒထုတ်ဖော်နေသူအမျိုးသမီးတွေက Reclaim The Night rally ဆိုတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သတိပေး ဆန္ဒထုတ်ဖော်မှုအတွက် ထိုပန်းခြံအတွင်းမှာ စုဝေးနေကြတယ်ဆိုတာကို Peter Barker တစ်ယောက် သိပုံမပေါ်ပါဘူး။

ထို အဖြစ်အပျက်ဟာ အောက်တိုဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုပန်းခြံထဲမှာတော့ အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၁၀၀ လောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေး ကင်မရာထဲမှာတော့ Beeston မြို့သား Barker ဟာ ပန်းခြံနားမှာ အ၀တ်အစားတွေချွတ်ကာ သူ့သူငယ်ချင်းလက်ထဲကို ထည့်ပေးပြီး ကိုယ်လုံးတီးနဲ့ ဆန္ဒထုတ်ဖော် သူတွေ ဆီကို ပြေးသွားတာတွေ့ရပါတယ်။

သူကတော့ ပြီးခဲ့တဲ့တစ်ခေါက် တရားရုံးမှာ ကြားနာစဉ်က ပြည်သူလူထုကို စိတ်အနှောင့် အယှက်ဖြစ်စေမှုကို ကျူးလွန် ခဲ့တယ်လို့ ၀န်ခံ ထားပါတယ်။

တရားရုံးကို အမှုကြားနာဖို့ လာရောက်ခဲ့တဲ့ Peter Barker ဟာ သူ့ရဲ့ မျက်နှာကို ဖော်ပြခဲ့ခြင်းမရှိပဲ ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်။ တရားရုံးက သူ့ကို လုပ်အားခမရတဲ့ နာရီ ၈၀ စာ အလုပ်ချိန်တစ်ခု ၊ ရာဇ၀တ်မှု ဆိုင်ရာ ကြားနာစစ်ဆေးမှုအတွက် စတာလင်ပေါင် ၁၈၀ ၊ တရားလို နစ်နာကြေး စတာလင်ပေါင် ၆၀ နဲ့ ၈၅ ပေါင်တို့ကို အသီးသီး ပေးလျော်စေခဲ့တယ်လို့ သိရပါတယ်။



Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_15.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...