အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 15, 2015

ပိုးဟတ်အကောင် ၂ သိန်းနှင့် အတူ နေထိုင် စားသောက်နေသူ




ပိုးဟတ် အကောင်ရေ နှစ်သိန်း (၂၀၀၀၀၀) နဲ့ အတူ နေထိုင်ပြီး စားသောက်နေသူကတော့ အသက် ၂၀ အရွယ် မက်ဆီကန် လူမျိုး ကာလီ ခန်ဒီလီယန် (Kyle Kandilian) ဆိုသူပဲ ဖြစ်ပါတယ်။



သူအကြောင်း ကိုတော့ ထိုင်းလူမှုကွန်ရက် အင်တာနက် စာမျက်နှာ တခုမှာ ထိုင်းဘာသာနဲ့ ရေးထား တာပါ။

အခု သူနေတဲ့ အခန်းထဲမှာ ဆိုရင် မျိုးမတူတဲ့ ပိုးဟတ် အမျိုးအစား အကောင်အရေ အတွက်ဟာ ၄၀၀၀ လောက် ရှိတယ်လို့ သတင်းမှာ ရေးထား ပါတယ်။



ကာလီ ခန်ဒီလီယန် ဆိုသူကတော့ ဒီ ပိုးဟတ်တွေဟာ အများက ထင်ထား သလို့ မဟုတ်ပါဘူး တချို့ ပိုးဟတ် အမျိုးအစားမှာ အနံ့အသက် ဆိုးဆိုးဝါးဝါး မဟုတ်ပေမယ့် အနံ့ တော်တော် များများ ကတော့ စားပြီးသား အကြွင်း အကျန် ကနေ လာတာ ဖြစ်ပါတယ်။

ပိုးဟတ်တွေကို အစား အသောက် သန့်သန့် ရှင်းရှင်းကျွေးမယ် ဆိုရင် ကိုင်ပြီးတော့ ကစား လို့တောင် ရတယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/127000


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...