အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 15, 2015

အယ်ဇိုင်းမားရောဂါ ခံစားနေရသည့် အမေကို မအိပ်ခင် ကပြသည့် ထိုင်းမင်းသမီး (ရုပ်သံ)




ထိုင်းနိုင်ငံက လူမှုရေး ကွန်ရက် မှာတော့ အိပ်ရာ မ၀င်ခင် အယ်ဇိုင်းမား ရောဂါ ခံစားနေ ရတဲ့ အမေကို မင်းသမီးက ကပြနေတဲ့ ရုပ်သံ ဖိုင်ကို ပြန့်နှံ့နေ ပါတယ်။

မင်းသမီး နာပါပါ ပတ်တန်ထရာကွန်းက အိပ်ရာ မ၀င်ခင် အမေ ပြုံးပျော်ရွှင်ဖို့ ကပြနေတဲ့ ဒီရုပ်ဖိုင်က ဒီဇင်ဘာ ၁၄ ရက်က စတင် ပျံ့နှံ့ သွားတာ ဖြစ်ပါတယ်။

ပတ်ရဲ့ အင်စတာဂရမ် အကောင့်မှာ ရုပ်သံဖိုင်ကို ကြိုက်နှစ်သက်သူ ၂သောင်း ၂ ထောင် အထိ ရှိသွားပြီ ဖြစ်ပါတယ်။

အယ်ဇိုင်မား aရာဂါခံစား aနရတဲ့ အမေကို ဖုန်းက ပေါ့ပ် သီချင်းဖွင့်ပြီး ကပြခဲ့ရာမှာ အမေ ကလည်း သမီးကို ပြန်လည် တုံ့ပြန် ခဲ့ပါတယ်။

စီးပွားရေး ရုပ်သံ တင်ဆက်မှုနဲ့ နာမည်ကြီးတဲ့ ပတ်က အမေ အတွက် ကကြပါစို့ ဆိုပြီး ရေးသား ခဲ့သလို အမေကို ကောင်းကောင်း အိပ်စေချင် သလို အိမ်မက် လှလှ မက်စေချင် တယ်လို့ ပြောပါတယ်။

အင်တာနက် အသုံးပြုသူတွေက အသက် ၂၉ နှစ် မင်းသမီးရဲ့ အပြုအမှုကို ချီးကျူးခဲ့ပြီး တခြားသူတွေ အတွက် နမူနာကောင်း တခု ဖြစ်တယ်လို့ ပြောဆိုနေ ကြပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126997


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...