
လူတွေနဲ့ လက်ပွန်း တတီး နေထိုင် ကြတဲ့ အိမ်မွေး တိရစ္ဆာန် ကြောင်ကလေး တွေရဲ့ အတုယူ မြန်ပုံဟာ တကယ့်ကို အံ့သြ စရာပါပဲ။
သူတို့ဟာ လူသား တွေလိုပဲ နေ့စဉ် ရှင်သန် နေထိုင်မှု ဘဝထဲက ချစ်စဖွယ် လှုပ်ရှားမှု တွေနဲ့ ရှိနေ ကြတာပါ။
ဒီရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ အိမ်မွေး တိရစ္ဆာန် ချစ်စရာ ကြောင်ကလေး တွေရဲ့ အတုခိုး ပြုမူ လှုပ်ရှား ကြပုံ တွေကို တွေ့မြင်ကြ ရပါ လိမ့်မယ်။
ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်နေတဲ့ သခင့်အနားမှာ ဘားတန်းကို ခိုစီးပြတာတွေ၊ ဖရဲသီးကို လူတွေအတိုင်း ကိုက်စားပြခဲ့တာတွေအပြင် ရှေ့ခြေ ၂ ချောင်းကို ထောက်ကာ ကင်းမြီးကောက်ထောင် အနေအထားနဲ့ လမ်းလျှောက်ပြခဲ့တဲ့ ကြောင်ကလေးတွေကို ရုပ်သံဗွီဒီယိုအစပိုင်းမှာ တွေ့ရပါတယ်။
အဲဒီနောက်တော့ ကလေးပုခက်လွှဲချော့သိပ်တဲ့ လှုပ်ရှားမှုတွေ၊ လက်ဆွဲနှုတ်ဆက်သယောင် လက်ချင်းထိတွေ့ပြခဲ့တာတွေ၊ တံခါးကိုဖွင့်ဖို့ ကြိုးစားပြခဲ့တာတွေ၊ ကြမ်းပြင်ကို အဝတ်နဲ့ သန့်ရှင်းရေးလုပ်ပေးခဲ့တာတွေ၊ ပြေးစက်ပေါ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြခဲ့တာတွေဟာ လူတွေနဲ့မခြား တုပလုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200611

No comments: