အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နိုင်ငံတကာပွဲတော်များ. Show all posts
Showing posts with label နိုင်ငံတကာပွဲတော်များ. Show all posts

Sunday, December 18, 2016

ခရစ္စမတ် အကြို ငါးများနှင့် အတူတူ ကူးခတ် ဖျော်ဖြေခဲ့သည့် စန်တာကလော့စ်




ခရစ္စမတ် ပွဲတော် အကြို အနေနဲ့ ငါးပြတိုက် တွေကို လာရောက် လည်ပတ် ကြည့်ရှုတဲ့ အရွယ် မရွေး ဧည့်သည်တွေ ပျော်ရွှင်စေဖို့ အတွက် တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တွေ ဆီက ငါးပြတိုက်တွေ ထဲမှာ စန်တာကလော့စ် ခရစ္စမတ် ဘိုးဘိုးကြီးလို ဝတ်ဆင်ပြီး ပြတိုက် ငါးကန်တွေထဲ ငါးတွေနဲ့ အတူ ကူးခတ်တာ အစာကျွေး တာတွေ စတဲ့ အစီအစဉ်တွေ လုပ်ဆောင် နေပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တာဟာ တောင်ကိုရီးယားနိုင်ငံက ဆိုးလ်မြို့ငါးပြတိုက်မှာပါ။ ဆန်တာကလော့စ်က ရေငုပ်ဝတ်စုံကို ဝတ်ဆင်၊ ပြတိုက်ထဲက ဆာဒင်းငါးတွေ လှောင်ထားတဲ့ ကန်ထဲမှာ ငါးတွေနဲ့အတူ ရေဆင်းကူးပြီး ဒီငါး ၂ သောင်းလောက်အတွက် အစားတွေသယ်ဆောင် ကျွေးခဲ့တာပါ။

ခရစ္စမတ်အကြို ရာသီအချိန်မှာ ငါးပြတိုက်ကို လာကြည့်တဲ့ ဧည့်သည်များစွာရှိပြီး ဧည့်သည်တွေထဲက တစ်ဦးက “ကျနော့်သမီးက ငါးတွေကို ချစ်တော့ ကျနော်တို့ မိသားစု ဒီကို ခဏ ခဏ လာဖြစ်တယ်။ ဒီကနေ့ ကျနော်တို့အတွက်တော့ တကယ့်ကို ပျော်စရာပဲ၊ ခရစ္စမတ်အတွက် ပြတိုက်ထဲမှာ ဒီလိုပွဲလေးလုပ်ထားလို့ ကျေးဇူးပါပဲ” လို့ ပြောသွားပါတယ်။

စန်တာကလော့စ်ကြီးက ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ငါးပြတိုက်ထဲကို လာရောက်လည်ပတ်တဲ့ အစီအစဉ်ကိုလည်း ပါရီငါးပြတိုက်ထဲ စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။

လာရောက်ကြည့်ရှုတဲ့ ဧည်သည်တွေထဲက တစ်ဦးက “ကျမသမီးလေးအတွက် ခရစ္စမတ်ဘိုးဘိုးကြီးကို ငါးပြတိုက်ထဲမှာ ဒီလိုမြင်ရတာက ပထမဦးဆုံးအကြိမ်ပဲလေ” ဒီလို ဆန်တာရဲ့ မုတ်ဆိတ်တွေနဲ့ ရေတွေ ပလုံစီထနေတာကို မြင်ရတာက တကယ့်ကို အံ့သြစိတ်လှုပ်ရှားစရာပဲ ဒါက လှလည်းလှတယ်လို့ ဆိုပါတယ်။

ငါးပြတိုက်ထဲမှာ ကလေးတွေကလည်း စန်တာကလော့က ငါးတွေလှောင်ထားတဲ့ ရေထဲဆင်းပြီး ကူးခတ်လည့်ပတ်သွားနေတာကို ကြည့်ရှုနေကြပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/180259

Read More »

တရုတ်နိုင်ငံ ဟာဘင်အနုပညာပြပွဲတွင် ပြသမည့် အမြင့်ဆုံး နှင်းရုပ်တု




တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟေးလူဂျန် ခရိုင်ရဲ့ မြို့တော် ဟာဘင် ပန်းခြံ ထဲက နှင်းရုပ်တု အနုပညာပြပွဲ အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က လူတွေ စုပေါင်းပြီး နှင်းရုပ်တုကြီး တစ်ခု ပြုလုပ်နေ ကြတယ်လို့ ဆင်ဟွာရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ သတင်းမှာ ဖော်ပြ ထားပါတယ်။

ဒီရုပ်တုကြီးဟာ ၃၄ မီတာ အမြင့်ရှိပြီး ခင်းကျင်းပြသ ထားမယ့် နှင်းရုပ်တုပြပွဲမှာ အမြင့်ဆုံး ရုပ်တု ဖြစ်တယ်လို့ သိရပါတယ်။



ဟာဘင်အပြည်ပြည်ဆိုင်ရာ ရေခဲနဲ့နှင်းရုပ်တုပွဲတော်ဟာ နှစ်စဉ်ဆောင်းရာသီပွဲတော် တစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ ဒီရုပ်တုပွဲတော်ဟာ ကမ္ဘာ့ အကြီးဆုံး
ရေခဲနဲ့နှင်းရုပ်တုပွဲတော် ဖြစ်တယ်လို့ သိရပါတယ်။



ရှေးဦးစွာ ဒီပွဲတော်မှာ တရုတ်လူမျိုးတွေသာ အဓိက ပါဝင်ဆင်နွှဲယှဉ်ပြိုင်ကြပြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာပွဲတော်နဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့တာပါ။ ဒီပွဲတော်ထဲမှာ ကမ္ဘာ့အကြီးဆုံး နှင်းရုပ်တုတွေလည်း ပါဝင်ပြီး ပြသထားမှာ ဖြစ်ပါတယ်။

ဒီနှင်းရုပ်တုပြပွဲတော်ကြီးကို တရားဝင် ဇန်နဝါရီလ ၅ ရက်မှစပြီး တစ်လကြာတယ်လို့ သိရပါတယ်။

ဒီနှင်းရုပ်တု ပြပွဲကြီးကို နှစ်စဉ် နှစ်တိုင်း ဒေသခံနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ကြည့်ရှုသူ သိန်းဂဏန်း လာရောက် ကြပြီး ၃၃ ကြိမ်မြောက် နှင်းရုပ်တု ပြပွဲကိုတော့ ၂၀၁၇ ဇန်နဝါရီလ ကနေ မတ်လထိ ပြသ မယ်လို့ သိရ ပါတယ်။

ဓာတ်ပုံ -ဆင်ဟွာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/180252


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...