အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ဝိတ်ချသူများ. Show all posts
Showing posts with label ဝိတ်ချသူများ. Show all posts

Thursday, December 3, 2015

ကျန်းမာတဲ့ ကလေးမွေးနိုင်ဖို့ ဝိတ်ချနေတဲ့ ပေါင် ၈၇၀ အလေးချိန်ရှိ စုံတွဲ




လူငယ် စုံတွဲ တစ်တွဲဟာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ်ကနေ တရတ်နိုင်ငံ အရှေ့မြောက်ပိုင်း ယီလင်ကို ကိုယ် အလေးချိန်ချ ကုသမှု အတွက် မိုင် ၁၇၀၀ကျော် ခရီးထွက် ခဲ့ကြ
ပါ တယ်။

ဒီစုံတွဲ နှစ်ယောက် ပေါင်း ကိုယ်အလေး ချိန်ဟာ ပေါင် ၈၇၀ ဖြစ်ပြီး သူတို့ ကိုယ်အလေး ချိန် လျော့ခြင်းဖြင့် ကျန်းမာတဲ့ ကလေးကို မွေးနိုင်ဖို့ကို မျှော်လင့် ထားကြကြောင်း လူထုနေ့စဉ် အွန်လိုင်းကနေ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

သူတို့ဟာ ယီလင်၊ ချောင်ချွန် ဆေးရုံမှာ ကုသမှု ခံယူလျှက် ရှိပါတယ်။ Lin Yue နဲ့ သူ့ဇနီး Den Yang တို့ဟာ အသက် ၃၀ နားနီးပါပြီ။ သူတို့ရဲ့ ကိုယ်အလေး ချိန်ဟာ အချိန် အကြာကြီး ပြဿနာ တစ်ခု ဖြစ်နေ ခဲ့ရပါတယ်။ ခုတော့ သူတို့ရဲ့ ကိုယ်အလေး ချိန်တွေကို ချဖို့ အချိန် တန်ပြီလို့ သူတို့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ သာမန် ကိုယ်အလေးချိန်က အမျိုးသား တစ်ယောက် အတွက် ပေါင် ၁၅၀ ဖြစ်ပြီး အမျိုးသမီး တစ်ယောက် အတွက် ၁၂၆ပေါင် ဖြစ်တဲ့ အတွက် သူတို့နှစ်ယောက်ဟာ ၃ဆနီးပါး များနေတာပါ။

သူတို့ဟာ အတင်း အဖျင်းပြောခံ ရမှာဆိုးတဲ့ အတွက် အိမ်မှာပဲ တတ်နိုင် သလောက်နေကြပြီး အစား အစာတွေကို မှာစားကာ အဝတ်အထည် အတွက် ဆိုရင်လည်း အွန်လိုင်းကပဲ ဝယ်ခဲ့ဖြစ် ပါတယ်။

ခုတော့ သူတို့ဟာ ကလေး တစ်ယောက် လိုချင်နေပြီး ကိုယ်အလေးချိန် ချမှဖြစ်မယ်လို့ ခံစား ရပါပြီ။ သူတို့နှစ်ယောက်ဟာ ကိုယ်အလေးချိန် ကျဖို့ အတွက်ကို ခွဲစိတ်မှု အကူအညီ ယူမလား၊ မယူဘူး လားဆိုတာကိုတော့ မသိရ သေးပါဘူး။

Ref: Daily Mail



Original link - http://health.thithtoolwin.com/2015/12/blog-post_4.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...