အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ထူးဆန်းထွေလာများ. Show all posts
Showing posts with label ထူးဆန်းထွေလာများ. Show all posts

Thursday, May 25, 2017

ကိုယ်လုံးတီးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ




စုံတွဲ တစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကို သူများနဲ့ မတူ တမူ ထူးခြားစွာ ဆောင်ခဲ့ ပါတယ်။ ၀တ်စုံဖိုး လုံးဝ အကုန်မခံပဲ ဧည့်ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာ ကိုယ်လုံး တီးနဲ့ မင်္ဂလာ ဆောင်ခဲ့ ကြတာပါ။

ဒီလို ထူးဆန်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ တဲ့ အမျိုးသား ကတော့ ဗြိတိန်မှာမွေးတဲ့ Jeff Adams အသက် (၅၄) နဲ့ အမျိုးသမီး ကတော့ နယူးဇီလန်မှ Sue ဖြစ်ပြီး အသက် ကတော့ (၄၇) ပါ။



သူတို့ စုံတွဲရဲ မင်္ဂလာပွဲ ကိုတော့ သြစတြေးလျ နိုင်ငံ Toowoomba မြို့မှာ ဧပြီလက ကျင်းပ ခဲ့တာပါ။ မြေး (၆) ယောက်ရဲ့ အဖိုး၊ အဖွားတွေပါ။ မုန့်ဖုတ်ဆိုင် ၀န်ထမ်း Sue က ပြောရာမှာ”ဒါဟာ ကျွန်မ လိုချင်တဲ့ မင်္ဂလာ ပွဲမျိုး ဆင်နွှဲနိုင်တဲ့ အခွင့် အရေးပဲ။

ဘာကြောင့်လဲ ဆိုတော့ ကျွန်မ ပထမဆုံး လက်ထပ်ခဲ့ တုန်းက အဲ့နေ့ကို အရမ်းမုန်း ခဲ့တာပဲ” လို့ ဆိုပါတယ်။ ဒီတစ်ကြိမ် လက်ထပ်တဲ့ အခါမှာတော့ သူမရဲ့ အတွေ့ အကြုံဟာ ထူးခြားပြီး တခြား လူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် သူမကတော့ ဂရုမစိုက် ဘူးလို့ ကလေး သုံးယောက်ရဲ့ မိခင် Sue က ပြောပါတယ်။

သူမ အဖို့ကတော့ ဒီတစ်ကြိမ် မင်္ဂလာပွဲမှာ သတို့ သမီး ၀တ်စုံ အတွက် စိတ်ပူပန်ဖို့ လုံးဝ မလိုခဲ့ ဘူးလို့ ပြောခဲ့ ပါတယ်။



Sue နဲ့ Jeff တို့ဟာ (၂၀၁၅) ခုနှစ်က အွန်လိုင်းပေါ်မှာ ဆုံဆည်း ခဲ့ကြ သူတွေပါ။ နောက်ဆုံး မှာတော့ သူတို့ဟာ Queensland ပြည်နယ်မှာပဲ မိနစ် (၂၀)လောက် ခြားတဲ့ နေရာမှာ နေနေ ကြတယ် ဆိုတာကို သိခဲ့ တာပါ။

သူတို့ နှစ်ဦးဟာ သုံးနှစ်ခွဲလောက် အတူနေ ခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ ကိုယ်လုံးတီး ချွတ်တွေ လမ်းသလား ကြတယ်လို့ နာမည် ကြီးတဲ့ Byron Bay ကမ်းခြေကို အလည် အပတ် သွားခဲ့ ပါတယ်။

ဒါ့အပြင် လုံးတီး ချွတ်တွေ ခေတ်စားတဲ့ အပမ်းဖြေ နေရာ တွေရှိရာ ဥရောပ၊ ခရိုအေးရှား တို့လည်း (၂၀၁၆) ဇွန်လက အလည်သွား ခဲ့ကြပါတယ်။

Jeff ဟာ (၂၀၁၆) အောက်တိုဘာမှာတော့ Toowoomba မြို့က Eagle View မှာ လက်ထပ်ခွင့် တောင်းခဲ့ပြီး လက်ထပ် ပွဲကိုလည်း အဲ့ဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ။



ဧပြီမှာတော့ အပမ်းဖြေ စခန်းရဲ့ အသည်းပုံ ဥယျာဉ် ခြံထဲမှာ သူငယ်ချင်း မိတ်ဆွေ တွေနဲ့ တခြား မသိတဲ့ တစိမ်းတွေ ကိုပါ ဖိတ်ပြီး လက်ထပ်ပွဲကို ကျင်းပ ခဲ့တာပါ။

မင်္ဂလာ ၀တ်စုံ ကတော့ မပါပဲ မိမွေးတိုင်း ဖမွေးတိုင်း ပုံမျိုးနဲ့ လက်ထပ် ခဲ့တာပါ။ နောက်ဆုံး မင်္ဂလာ ကိတ်ပေါ်မှာ တင်ထားတဲ့ အရုပ်က အစ အ၀တ်အစား ဗလာ ကျင်းနေ ခဲ့တာပါ။



သတို့သမီးရဲ့ ကိုယ်ပေါ်မှာတော့ အပြာရောင် ဘောင်းဘီ သိုင်းကြိုးကွင်းနဲ့ အဖြူရောင် ခေါင်းဆောင်း ပုဝါစပဲ ရှိပါတယ်။သတို့သား Jeff ကလည်း ဗလာ ကျင်းနေတဲ့ ရင်ဘတ်ပေါ်မှာ ကပ်ထားတဲ့ ပန်းက လွဲလို့ ဘာမှ မရှိပါဘူး။



သူတို့ နှစ်ယောက်ရဲ့ ဆွေမျိုး အသိုင်း အ၀ိုင်း ကတော့ ရှက်လို့ ဆိုပြီး မင်္ဂလာပွဲကို မလာခဲ့ ကြပါဘူး။ ကိုယ်လုံးတီး နေရတာကို မှ အရမ်း ကြိုက်နေတဲ့ Jeff ကတော့’ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ အားပေး လိုက်တာပဲ၊ လူတွေ ဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကြောက်နေ ကြတယ်၊

ဒါက နည်းနည်းတော့ ထိတ်လန့် စရာ နည်းပါ၊ မင်းသာ ကိုယ်လုံးတီး ချွတ်နဲ့ ဆိုရင် ငယ်တာ၊ ကြီးတာ၊ ရှည်တာ ၊ပုတာ၊ ပိန်တာ၊ ၀တတာ၊ ကိုယ်ဝန် ရှိတာ အကုန် ဖြစ်နိုင်တယ်၊ ဘယ်သူက မှလည်း ဒါကို သတိထား မိမှာ မဟုတ်ဘူး” လို့ ပြောခဲ့ ပါတယ်။

Ref;Daily Mail

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Thursday, March 30, 2017

နာမည်ကြီးနေတဲ့ အိန္ဒိယ မီးတောက် ကွမ်းယာ




ကွမ်းကို အိန္ဒိယမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ တည်းက စားလာတာ ယနေ့ အထိပါ။ အာရှနိုင်ငံ တော်တော် များများမှာ ကွမ်းစားတဲ့ ဓလေ့ကို တွေ့ရပြီး ကွမ်း ယာဆိုင် တော်တော် များများကို လမ်းဘေးမှာ တွေ့ရမှာပါ။ သာမန်ကွမ်းယာနဲ့ မတူတဲ့ မီးတောက် ကွမ်းယာဟာ အိန္ဒိယမှာ လက်တလော ရေပန်းစား နေပါတယ်။



ကွမ်းရွက်ဟာ ချောင်း ဆိုးတာ၊ အအေးမိတာ ၊ဖျားနာတာ၊ ခေါင်းကိုက် တာတွေကို ပျောက်စေတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ။

အခုမီးတောက် ကွမ်းယာ ကိုတော့ Pradhuman Shukla ရဲ့ မိသားစုပိုင် ကွမ်းယာဆိုင် ကနေ ရောင်းချ တာပါ။ ဆိုင်ရဲ့ တည်နေရာ ကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှာ တည်ရှိ တာပါ။

သူ တို့မိသားစုဟာ ကွမ်းရောင်းလာတာ နှစ်နှစ်ဆယ် ကျော်ရှိခဲ့ ပါပြီ။

နောက်ပိုင်း မှာေ တာ့ ကွမ်းယာကို တမူ ထူးခြားတဲ့ ပုံမျိုးနဲ့ ရောင်းမယ်လို့ စိတ်ကူး ရခဲ့ပြီး မီးတောက် ကွမ်းယာကို ဖန်တီး ခဲ့တာပါ။ ဒီလိုနဲ့ပဲ နောက်ပိုင်းမှာတော့ မီးတောက် ကွမ်းယာဟာ အွန်လိုင်းမှာပါ နာမည်ကြီး သွားခဲ့ ပါတယ်။



မီးတောက် ကွမ်းယာကို ရောင်းချ သူကိုတော့ Mr. Prem နဲ့ Chunni Lal လို့ လူသိ များပါတယ်။ (၄၅) ရက်လောက် စမ်းသပ် မှုတွေ လုပ်ပြီးမှ မီးတောက် ကွမ်းယာကို အောင်မြင်စွာ ဖန်တီး နိုင်ခဲ့တာလို့ သိရ ပါတယ်။

ပါဝင်ပစ္စည်းတွေ ကတော့ ပုံမှန် ကွမ်းယာတွေနဲ့ အတူတူပါပဲ။ ကွမ်းယာကို ယာပြီးမှ အထူး ဖန်တီးထားတဲ့ လေးညှင်းပွင့်ကို အပေါ်မှာ ထည့်ပေး လိုက်တာပါ။

မီးတောက် ငြှိမ်းပြီးနောက် မှာတော့ လေးညှင်းပွင့်ရဲ့ အေးတဲ့ ခံစားမှုကို ခံစား ရတယ်လို့ ပြောကြပါ တယ်။ မီးတောက် ကွမ်းယာကို စားပေးရင် အအေးမိ၊ ဖျားနာတွေ အတွက် ကောင်းတယ် လို့ ဆိုကြ ပါတယ်။



ဖောက်သည် တစ်ယောက်က နေ့တိုင်း လာပြီး ပါးစပ်ထဲမှာ ပြည်တည် အနာရှိ တာကြောင့် ကွမ်းရွက် ပေးဖို့ တောင်းခဲ့ကြောင်း၊ နေ့တိုင်း ပေးပေမယ့် မသက် သာ ဘူးလို့ ပြောခဲ့ ပါတယ်။

တစ်နေ့မှာတော့ အထူး ဖန်တီး ထားတဲ့ မီးတောက် ကွမ်းယာကို ပေးလိုက်တဲ့ အခါမှာတော့ ပါးစပ် ထဲက ပြည်တည်နာ ပျောက်သွား ခဲ့တယ်လို့ ပြောခဲ့ ပါတယ်။

ဒီလိုနဲ့ပဲ မီးတောက် ကွမ်းယာ ပေါ်ပေါက် လာတယ်လို့ Pradhuman Shukla ကပြောပါတယ်။

မီးတောက် ကွမ်းယာကို စားသုံး သူတွေရဲ့ ပါးစပ်ထဲ အရောက် ထည့်ရောင်း ချပေးနေ တာပါ။ သူများတွေ စားနေ တာကို ကြည့်ပြီး စိတ်ဝင် စားလို့ စူးစမ်းပြီး စားကြည့်တဲ့ သူတွေ များလာ ရာကနေ တဖြည်းဖြည်း နာမည်ကြီး လာခဲ့ ပါတယ်။

တခြားကွမ်းယာသည် Chunni Lal ဆိုသူ ကလည်း သူနေထိုင်ရာ Rajkot မြို့မှာ မီးတောက် ကွမ်းယာ ရောင်းချ နေတယ်လို့ သိရပါတယ်။



Ref;odditycentra

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Saturday, December 17, 2016

သေပြီးဆယ်မိနစ် အကြာမှာ အသက်ပြန်ရှင်လာတဲ့ အဖိုးအို




အမေရိကန် နယူးဂျာစီ ပြည်နယ်မှာ နေထိုင်တဲ့ အသက် 91 အရွယ် Joseph Leifkin အမည်ရ အဖိုးအိုဟာ သေပြီးလို့ ဆယ်မိနစ် အကြာမှာ ဆေးပညာ ရှင်တွေရဲ့ အကူ အညီနဲ့ အသက်ပြန် ရှင်နိုင် ခဲ့ပါတယ်။ သူဟာ အဆိုပါအချိန်တုန်းက နှလုံးခုန်မှု ရပ်နားသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဇနီးဖြစ် Majorie က 911 ကို ခေါ်ခဲ့လို့ ဆေးပညာ ရှင်တွေ အမြန်ရောက်လာပြီး ကုပေးခဲ့ပါတယ်။



Joseph က ဒီမတိုင်ခင်မှာ သူ့ဇနီး Majorie ကို သူ့မွေးနေ့မှာ ညစာအတူတူစားဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆေးပညာရှင်တွေက ပြန်ကယ်ခဲ့တဲ့အတွက် Joseph က ၀မ်းသာနေပြီး ” ကျွန်တော် သွားဖို့ အဆင်သင့်မဖြစ်သေးပါဘူး “လို့ ဆိုခဲ့ပါတယ်။

Joseph ဟာ အိပ်မက်ဆိုးကြီးတစ်ခုမက်ခဲ့ပြီး ချွေးအိုင်ထဲကနေ နိုးထခဲ့ရတဲ့ နေ့ကတည်းက သူရဲ့နောက်ဆုံး နေ့ရက်ကို
ကြိုသိနေကြောင်း၊ အဲဒီရက်က အခု မဟုတ်သေးကြောင်း ဆိုပါတယ်။ ဒီအတွက် သူ့ကို ဒုတိယအခွင့်အရေးပေးခဲ့တဲ့ ဆေးဝါးကျွမ်းကျင်အဖွဲ့ကို သူက အထူးကျေးဇူးတင်ကြောင်း၊ ဇနီးကို ပေးခဲ့တဲ့ ကတိ တည်နိုင်တော့မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။



Kevin Duffy နဲ့ Sarah Crelin တို့ပါဝင်တဲ့ ဆေးအဖွဲ့ဟာ Majorie ဖုန်းကို လက်ခံရရှိပြီးနောက် ချက်ချင်းရောက်သွားခဲ့
ပါတယ်။ ဆေးရုံကိုသွားတဲ့ လမ်းမှာပဲ အဖိုးကြီး Joseph ဟာ နှလုံးခုန် ရပ်တန့်သွားပါတယ်။ ဒီမတိုင်ခင်မှာတုန်းက သူ့ကို ကယ်ပေးဖို့အကြောင်း၊ သူက သေဖို့အချိန်မဟုတ်သေးကြောင်း လုပ်စရာတွေ ရှိနေသေးကြောင်း ဆိုခဲ့တယ်လို့ ဆေးမှူး
နှစ်ယောက်က အတည်ပြုခဲ့ပါတယ်။



နောက်ပိုင်းမှတော့ ဆေးမှူးနှစ်ယောက်ဟာ လက်နဲ့ရပ်တန့်သွားတဲ့ နှလုံးကို ဖိပြီး၊ ပြန်နှိုးကြည့်ကြပါတယ်။ ပြီးတော့ ပါး
စပ်ထဲကို လေမှုတ်သွင်းခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာပဲ Joseph ဟာ ပြန်လည်နိုးထလာခဲ့ပါတယ်။ အခုအခါမှာ
ဇနီးကို ပေးထားတဲ့ ကတိကို တည်နိုင်တော့မှာမို့ Joseph က ပျော်နေပါတယ်။



သူက ဆေးမှူးများအား ရည်ညွှန်းပြီး ” သူတို့က ကျွန်ုပ်၏ ကယ်တင်ရှင်များဖြစ်ပါတယ် … အို အဖ ဘုရားသခင် … ကျွန်ုပ်၏ လေးစားရိုကျိုးမှုကို ခံယူတော်မူပါ … အလွန့်အလွန်ကို ကြည်ညိုလေးစားမိပါတယ် … အဖဘုရားသခင်က ကျွန်ုပ်ရဲ့ ဒုတိယဘ၀ကို ဆက်ပြီး ဖန်ဆင်းပေးခဲ့ပါတယ် “လို့ ၀မ်းသာအားရ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com

Read More »

မျက်ရည်ကျခြင်း လှုပ်ရှားခြင်းတွေ လုပ်တဲ့ Virgin Mary ရုပ်တုကို လာရောဖူးမျှော်သူ များပြား




Tom Powers လို့ အမည်ရတဲ့ အိမ်ရှင် တစ်ယောက် ဆီမှာ ရှိတဲ့ မယ်တော် မာရီရုပ်တုဟာ မျက်ရည် ကျခြင်း၊ လှုပ်ရှားခြင်း၊ အရောင် အမျိုးမျိုးပြောင်းခြင်း စတဲ့ ထူးဆန်း မှုတွေ ပြုလုပ် ခဲ့တာကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိသူ အများအပြား ရှိခဲ့ပါတယ်။

ဒါကြောင့် Tom ရဲ့ အိမ်မှာ ရုပ်တုကို လာရောက်ဖူးမျှော်သူတွေ များပြားစွာ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပရိသတ်က ပိုပြီး များလာခဲ့ပါတယ်။ အကြောင်းကတော့ လာရောက်ဖူးမျော်သူတွေဆီကနေ တစ်ဆင့် အခြားသူတွေက မယ်တော် မာရီ ရုပ်တုကို ဖူးလိုက်တာနဲ့ ရောဂါမျိုးစုံ aပျာက်ကင်းတယ်ဆိုတဲ့ သတင်းစကားကြောင့် ရောက်ပြီးသားသူတွေလည်း ထပ်ခါထပ်ခါ လာရောက်ကြသလို၊ မရောက်ဖူးသေးတဲ့ သူတွေကလည်း အလုအယက် လာရောက်ကြပါတယ်။



ဒီအတွက် အိမ်တစ်လုံး ကောင်းကောင်းလိုပါတယ်။ အမှန်လည်း Tom အဖို့ ဧည့်သည်မြောက်များစွာကို ဧည့်ခံနိုင်ဖို့ ဒီအိမ်ကျဉ်းကျင်းလေးက မလုံလောက်ပါဘူး။ ၎င်းတို့အိမ်ကို အကြိတ်ပေါက်နေသူတွေ၊ နှလုံးရောဂါသမားတွေ၊ အကြားအာရုံ မရသူတွေ လာရောက်ရာမှာလည်း တကယ်ပျောက်ကင်းခဲ့တယ်လို့ Tom က အတည်ပြုခဲ့ပါတယ်။

Tom ရဲ့ နေအိမ်ဟာ အိုင်ယာလန်နိုင်ငံ အနောက်တောင်ပိုင်း Tralee, County Kerry မှာ တည်ရှိပါတယ်။ ၎င်းအိမ်ကို
ရောက်ခဲ့သူတွေကလည်း မယ်တော်မာရီရုပ်တုဆီမှ သူ့အလိုလို မျက်ရည်ကျနေတာမျိုးကို ကိုယ်တိုင်ကြုံဖူးသူတွေ ရှိခဲ့သလို၊ အချို့သောသူတွေကတော့ ရုပ်တုရဲ့အရောင်ဟာ သူတို့ယခင်တွေ့ခဲ့တဲ့ အရောင်နဲ့ လုံးဝကွဲပြားနေတာမျိုး ခဏခဏ
ကြုံဖူးတယ်လို့ အတည်ပြုသူတွေ ရှိပါတယ်။

Tom က ” မယ်တော်ရဲ့ရုပ်တုက ခေါင်းတွေ၊ လက်မောင်းတွေ၊ မျက်လုံးတွေ လှုပ်တာမျိုး ခဏခဏ ဖြစ်ပါတယ် … ဒီမှာတော့ လစဉ်ထောင်နဲ့ချီတဲ့ ပရိသတ်တွေ လာကြပါတယ် … မယ်တော်အတွက် နေအိမ် ကျယ်ကျယ် လိုအပ်ပါတယ် … လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 လောက်တုန်းက သူမ နေခဲ့တဲ့ ပုံစံမျိုးပေါ့လေ “လို့ ပြောခဲ့ပါတယ်။



လူအများအပြားဟာ အခုအချိန်မှာတော့ ရောဂါဘယတွေအတွက် ဆုတောင်းကြပြီး၊ တစ်ချို့ကတော့ သက်သက် လာရောက်ဂါရပြုတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ Tom ကိုယ်တိုင်ကလည်း ယခုထက် ထူးဆန်းတဲ့ အတွေ့အကြုံ ရှိခဲ့
ကြောင်း သိရပါတယ်။

1982 ခုနှစ်မှာ ၎င်းနဲ့ မိသားစုဟာ လန်ဒန်မှာနေစဉ်တုန်းက မီးဖိုချောင်ထဲမှာ ဘုရားသခင်ဆီ (အစားအသောက်မစားခင် ဆုတောင်းတာနဲ့တူပါတယ်) ဆုတောင်းနေစဉ်မှာပဲ အလင်းတန်းတစ်ခုဟာ သူ့ဆီကို ကျရောက်လာခဲ့ကြောင်း၊ နောက်
တစ်ခုက သူ ဧည့်ခန်းအတွင်းမှာ အိပ်ပျော်နေစဉ် ဘုရားသခင်က သူ့ကို စကားပြောတာကို ကြားခဲ့ရကြောင်း ပြန်လည်
ပြောပြခဲ့ပါတယ်။ Tom ဟာ 9/11 တိုက်ခိုက်မှုကိုလည်း ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သူလို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

source : metro.co.uk

From : SHWEMOM by netsetaw

Originally published at - http://www.shwemom.com/thousands-flock-to-virgin-mary-statue-which-weeps-moves-changes-colour-and-heals-the-sick/

Read More »

Saturday, November 12, 2016

9/11 - Brexit - ISIS - ပေါ်ပေါက်လာမှုတို့ကို ကြက်သီးထဖွယ် ဟောခဲ့သူ မျက်မမြင် အဖွားအို




အမေရိကန်ရဲ့ (၄၄) ဆက်မြောက် သမ္မတ ဖြစ်တဲ့ ဘားရက် အိုဘားမားဟာ အမေရိကန်ရဲ့ နောက်ဆုံး သမ္မတ ဖြစ်လိမ့် မယ်လို့ ကမ္ဘာကျော် ရှေ့ဖြစ်ဟော ဆရာမ ကြီးက ဟောကိန်း ထုတ်ခဲ့ တယ်လို့ သိရ ပါတယ်။

ဒါပေမယ့် 2017 ဇန်န၀ါရီလ 20 ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရ ထားတဲ့ ဒေါ်နယ်ထရမ့်ကို တရားဝင် အာဏာ လွှဲပေး ရတော့မှာ ဖြစ်ပါတယ်။



အဆိုပါ ဆရာမ ကြီးရဲ့ အမည်ဟာ Baba လို့ လူသိ များတဲ့ Prophetess Baba Vanga ဖြစ်ပါတယ်။ သူမဟာ မျက်လုံး မမြင်ရတဲ့ ရှေ့ဖြစ်ဟော ဆရာမကြီး ဖြစ်ပြီး ဟောပြောမှု 80% ဟာ လုံးဝ မှန်ကန်ကြောင်း အချက် အလတ်တွေက အတည် ပြုနိုင်ခဲ့သူ ဖြစ်ပါတယ်။

Baba ဟာ လက်ရှိ အချိန်မှာ သက်ရှိ ထင်ရှား မရှိတော့ဘဲ အသက် 85 နှစ် အရွယ် 1999 ခုနှစ်မှာ ကွယ်လွန် ခဲ့ပါပြီ။ သူမ မသေခင်မှာ ဟောပြော သွားတဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုနဲ့၊ ISIS တွေ ပေါ်ထွန်း လာမယ့် နေ့ရက်ကို ဟောခဲ့ တာဟာ ဒက်ထိ မှန်ကန် ခဲ့ပါတယ်။

Baba က ဘူးဂေးရီးယား နိုင်ငံသူ ဖြစ်ပြီး သူမရဲ့ ကြောက်ခမန်း လိလိ ဟောပြောချက်တွေ ကြောင့် ရာစုနှစ် အတွင်း နာမည် အကြီးဆုံး ရှေ့ဖြစ်ဟော ဆရာမ တစ်ယောက် အဖြစ် ရပ်တည်နိုင် ခဲ့သူ ဖြစ်ပါတယ်။



Baba ရဲ့ ဟောပြောချက် ထဲမှာ ” အမေရိကန်ရဲ့ 44 ဆက်မြောက် သမ္မတဟာ လူမည်း ဖြစ်မယ်၊ နောက်ဆုံး သမ္မတဖြစ် မယ် … စီးပွားရေး ပျက် ကပ်ကြောင့် 45 ဆက်မြောက် သမ္မတ ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး “လို့ အတိ အလင်း ဟောခဲ့ ပါတယ်။

အိုဘားမားနဲ့ ပတ်သက်ပြီး သူမက ” လူတိုင်းက သူ့ကို ယုံကြည် ကြမယ် … ဒါပေမယ့် ဆန့်ကျင်ဘက် ရလာဒ်တွေသာ ဖြစ်လာမယ် … သူက ကမ္ဘာကြီးကို ဆုတ်ယုတ် စေမှာ ဖြစ်ပြီး၊ တောင်နဲ့ မြောက်ကြားမှာ ပဋိပက္ခတရားတွေကို ဖန်တီး ခဲ့မှာ ဖြစ်ပြီး စစ်မက် ဖြစ်ပွားမယ် “လို့ ဟောပြော ခဲ့ပါတယ်။



Baba ရဲ့ ဟောပြောချက်ကို သီအိုရီ ဆရာတွေ ကလည်း လက်ခံခဲ့ ကြပါတယ်။ သူမ ဆိုလိုတဲ့ တောင်နဲ့ မြောက် ပဋိပက္ခ ဆိုတာ လက်ရှိ ရင်ဆိုင် နေရတဲ့ ဥရောပနဲ့ မူစလင် နိုင်ငံတွေရဲ့ ပြဿနာလို့ ကောက်ချက် ချရပြီး၊ လက်ရှိ အရှိန်ဟာ မပြောပလောက် သေးတဲ့ အဆင့်သာ ရှိသေး တယ်လို့ ၎င်းတို့က ဆိုပါတယ်။

အဆိုပါ ပဋိပက္ခတွေ စတင်ခဲ့ တာကလည်း သူမ ခန့်မှန်းချက် ထဲမှာ ပါဝင်တဲ့ 2010 မှာ အာရပ်နွေဦး တော်လှန်းရေး ဖြစ်လိမ့်မယ် ဆိုတဲ့ အချက်ကနေ စတင် သန္ဓေ တည်လာတဲ့ အကြောင်း အရာတွေ ဖြစ်နေ ပါတယ်။



အမေရိကန် 9/11 တိုက်ခိုက်မှု ဖြစ်မယ် ဆိုတာ ကိုလည်း 1989 ခုနှစ် ကတည်းက ဟောကိန်း ထုတ်ခဲ့ ပါတယ်။

အဆိုပါ ဟောကိန်းမှာ ” ကြောက်စရာပဲ … ကြောက်စရာပဲ … အမေရိကန်နဲ့ ညီနောင်တွေ ကျဆုံး တော့မယ် … သူတို့ စတီး ငှက်နှစ်ကောင် (လေယာဉ် ပျံတွေ) ရဲ့ တိုက်ခိုက် ခြင်းကို ခံရဖို့ သေချာနေပြီ “လို့ ဟောခဲ့ ပါတယ်။

အခု အချိန် မှာတော့ ဒေါ်နယ်ထရမ့်ဟာ သူမပြော သလို သမ္မတ ရာထူး ဆက်ခံခွင့် မရှိဘဲ ဟောပြောချက် ဒက်ထိ မှန်မလား ဆိုတာကတော့ အချိန် နှစ်လ ကျော် လောက် အတွင်း အဖြေ ထွက်တော့မှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

Originally published at - http://www.shwemom.com/the-blind-mystic-who-predicted-obama-will-be-the-last-us-president/

Read More »

Wednesday, October 26, 2016

အမျိုးသားရဲ့သုတ်နဲ့ စီမံချက်ပြုတ်မည့်သင်တန်း လန်ဒန်မှာ ဖွင့်လှစ်ဖို့ရှိ ဟုဆို




တစ်ခါ တလေ ကျတော့လည်း အနောက် ဥရောပရဲ့ ပုံမှန် မဟုတ်တဲ့ လုပ်ဆောင်ချက်တွေဟာ လူထု အကြားမှာ လူကြိုက် များနေတတ် တာမျိုး ရှိတတ် ပါတယ်။

အခုလည်း လန်ဒန်မှာဖွင့်မယ့် အချက်အပြုတ် သင်တန်းမှာ အမျိုးသားရဲ့ သုတ်ပိုးနဲ့ စီမံတဲ့ အစာအစာတွေ အတွက် သင်ယူမှုတွေ ပို့ချ သွားမယ်လို့ independent.co.uk မှာ ဖော်ပြ သွားခဲ့ ပါတယ်။

တကယ် ဖွင့်လှစ်ဖြစ်မယ် မဖြစ်ဖူး ဆိုတာတော့ သေချာ တပ်အပ် မပြောနိုင်ပေမယ့် ဒီသင်တန်းကို တက်ရောက် လိုသူတွေ ကလည်း ထောင်ချီ Booking လုပ်နေလို့ သက်ဆိုင်ရာ အဖွဲ့ကတော့ လက်မလည် ဘူးလို့ သိရပါတယ်။

ဒီသင်တန်းကို တက်ရောက် လိုသူတွေ အနေနဲ့ ကိုယ်တိုင် ထုတ်လုပ် ထားတဲ့ အမျိုးသား သုတ်ပိုး / ခင်ပွန်းသည်ရဲ့ သုတ်ပိုးတွေကို သီးသန့် ယူလာ ခဲ့ရမယ်လို့ ဆိုထား ပါတယ်။



သင်တန်းကို တာဝန် ယူမယ့် စာဖိုမှူးက ယူလာတဲ့ သုတ်ကို အသုံးပြုပြီး ဟင်းအမယ်ပေါင်း များစွာကို ဘယ်လို စီမံချက်ပြုတ် ရမလဲ ဆိုတာကို သင်ပြပေး သွားမှာလို့ ဆိုပါတယ်။

ဒီသင်တန်းကို အကောင်အထည် ဖော်မယ့်သူ ကတော့ Paul Phoenhauer ဖြစ်ပြီး၊ Natural Harvest ဆိုတဲ့ အမည်နဲ့ အတူ ‘ A collection of semen-based recipes’ ဆိုတဲ့ ဆောင်ပုဒ် ကလေးနဲ့ ဖြည့်စွက် ထားပါတယ်။

ဒီသင်တန်းကြော်ငြာဟာ လူစိတ်ဝင်စားမှု များပြားပြီး ပြစ်တင် ဆဲရေးခြင်းလည်း အလွန်အမင်း ခံထား ရပါတယ်။

ဒါပေမယ့် ကမ္ဘာကျော် အွန်လိုင်းရောင်းဝယ်ရေး ၀က်ဘ်ဆိုဒ်ဖြစ်တဲ့ Amazon မှာတော့ ဒီကြော်ငြာဟာ 4 Stars အထိ Rate ရထားတဲ့ ကြော်ငြာတစ်ခု အဖြစ် ရပ်တည်နေ တယ်လို့ သိရပါတယ်။



လောလောဆယ်တော့ သင်တန်း ဖွင့်ရက်ကို အတိအကျ ကြေငြာ မထားပေမယ့် လာမယ့် အပတ်အတွင်းမှာ ဖြစ်ဖို့ရှိတယ်လို့ အဲဒီ အစီအစဉ်ကို စတင် အကောင်ထည် ဖော်ခဲ့တဲ့ တရားဝင် blog.wonderush.com လို့အမည်ရတဲ့ Blog မှာ ကြေငြာ ထားတယ်လို့ သိရပါတယ်။

ဒီသင်တန်းနဲ့ပတ်သက်ပြီး အချို့သတင်းစာတွေ ကတော့ ဒါဟာ လူစိတ်ဝင်စားမှု များပြားအောင် မသမာတဲ့ နည်းနဲ့ အဆန်းထွင် တာလို့ စွပ်စွဲခဲ့ ကြပါတယ်။

source : independent.co.uk

From : Shwe Mom - ညီလင်းထက် (Shwemom)

Originally published at - http://www.shwemom.com/cooking-with-semen-class-is-coming-to-london/

Read More »

Friday, September 30, 2016

ထူးထူးခြားခြား အနီရောင်ပြောင်းလဲသွားသည့် ရှေးဟောင်းဆားကန်




တရုတ် နိုင်ငံ မြောက်ပိုင်း ရှန်းရှီး ခရိုင် ယန်ချောင်မြို့နားက ရှေးဟောင်း ဆားကန်ဟာ တဘက်ခြမ်းမှာ လတ်တလော အတွင်း အနီရောင်ပြောင်း လာခဲ့လို့ ကျော်ကြားတဲ့ ခရီးသွား စရာနေရာ ဖြစ်လာ ပါတယ်။

ဒူနာလေးလာ ဆာလီနာလို့ ခေါ်တဲ့ ရေညှိ တမျိုးကြောင့် အနီရောင်ကို ပြောင်းတာလို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။

နှစ်တိုင်း ဒီရာသီ ရောက်ရင် ရေကန်က အနီရောင် ပြောင်းတယ်လို့ ယန်ချောင်မြို့ နိုင်ငံခြားရေး ယဉ်ကျေးမှု အမွေ အနှစ်နဲ့ ခရီးသွား လုပ်ငန်းဗျူရို ညွှန်မှူး လီဆူးကျယ်က ပြောပါတယ်။

အနီရင့်ရောင်က အချိန်အကြာကြီး ရှိနေတယ်၊ ရာသီဥတုပူလေ အနီရောင် တာရှည်လေလို့ သူက ဆက်ပြော ပါတယ်။

ဆားကန်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀၀ လောက်က ပေါ်လာခဲ့ပြီး ကမ္ဘာ့ တတိယအကြီးဆုံး ဆိုဒီယံ ဆာလ်ဖိတ် ကုန်းတွင်းကန်လည်း ဖြစ်ပါတယ်။

ဒေသခံတွေက ကန်ထဲကနေ ဆားပွင့်တွေကို ထုတ်ယူသုံးစွဲလာတာ နှစ်ပေါင်း ၄၀၀၀ ကျော်ပါပြီ။

ရေထုတွင်း ဆားပါဝင်မှုများလို့ လူတွေ ကန်မျက်နှာပြင်မှာ ပေါလောပေါ်နိုင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ပင်လယ်သေဆိုတဲ့ နာမည်ကိုလည်း ရခဲ့ပါတယ်။



From: ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/170285

Read More »

Wednesday, September 28, 2016

ခြေ + လက်ချောင်း ၃၁ ချောင်း ပါရှိတဲ့ တရုတ်နိုင်ငံက ကလေး ခွဲစိတ်မှု ပြုလုပ်




တရုပ်နိုင်ငံ ဆေးရုံ တစ်ခုက ခြေချောင်း၊ လက်ချောင်း ၃၁ ချောင်း ပါရှိ လာတဲ့ ကလေး အတွက် ပုံမှန် ခြေချောင်းတွေ အတိုင်း ဖြစ်အောင် ဆရာဝန် တွေက ငွေကြေး အကုန် မခံစေပဲ ခွဲစိတ် မှုတွေ ပြုလုပ် ပေးမယ်လို့ သိရပါတယ်။

အသက် ၆ လရွယ် သားလေးရဲ့ လက်တွေမှာ လက်ချောင်း ၁၆ချောင်း ခြေချောင်း ၁၅ ချောင်း ပါရှိ လာတာပါ။

ကုန်ကျ စရိတ်တွေကြောင့် ခွဲစိတ်မှု ပြုလုပ်ဖို့ ကလေး မိဘတွေက တွန့်ဆုတ်နေ တာကြောင့် ဆေးရုံက အကုန်ကျခံ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ ပိုနေတဲ့ခြေချောင်း လက်ချောင်းတွေကို ဖယ်ရှားမယ့် မြောက်မြားလှတဲ့ ခွဲစိတ်မှုတွေကို ပြုလုပ်ပြီး ဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

Ref : UPI

Originally published at - http://knowledge.thithtoolwin.com/2016/09/blog-post_76.html

Read More »

Monday, September 26, 2016

ဘရာဇီးက ဂူတဂူကို ဖောက်ခွဲရာမှ ဧရာမအန်နာကော်ဒါ မြွေကြီးတွေ့ရှိ




ဘရာဇီး နိုင်ငံ မြောက်ပိုင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု အနီးမှာ ဂူတခုကို ဖောက်ခွဲ လိုက်ရာမှ အရှည် ၃၃ ပေရှိတဲ့ အန်နာကော်ဒါ မြွေကြီး တကောင်ကို တွေ့ခဲ့ ရပါတယ်။

အဲဒီမြွေကြီးဟာ အလေးချိန် ၄၀၀ ကီလို ဂရမ်ရှိပြီး ဆောက်လုပ်ရေး လုပ်သားတွေက တွေ့ရှိခဲ့ ကြတာလို့ ဒေးလီးမေးလ် သတင်း တပုဒ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါ တယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အလုပ်သမား တဦးက မြွေကြီးရဲ့ ကြီးမားလှတဲ့ ခန္ဓာ ကိုယ်ကို ရိုက်ပြ ခဲ့တာကို တွေ့ရပြီး သူ့ရဲ့အချင်းဟာ ၁ မီတာလောက် ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါမြွေကြီးကို ဆောက်လုပ်ရေး အလုပ်သမားတွေက သတ်ခဲ့သလား၊ ဘာ ကြောင့် သေသွား ခဲ့ရသလဲ ဆိုတာကိုတော့ မသိနိုင်သေး ဘူးလို့ ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင် ထဲမှာတော့ အဲဒီမြွေကြီးကို ချည်နှောင်ကာ ကရိန်းနဲ့ မဆွဲတင်ခဲ့ ရတာကို တွေ့ရတဲ့ အတွက် ဝေဖန်မှုတွေ မြင့်တက် လာခဲ့တာပါ။

အင်တာနက်အသုံးပြုသူတဦးကတော့ “ဒါဟာ အမှန်ပဲလား ဆိုတာ မသိနိုင်ပါဘူး။

တကယ်ဆိုရင်တော့ ခုလိုမြွေကြီးကို သတ်လိုက်တာဟာ တော်တော့ကို ရှက်စရာ ကောင်းပါတယ်။ ခုလိုပုံတွေနဲ့ ဖော်ပြ ခံရဖို့ ဒီလောက် အရွယ် အစား
ရောက်အောင် ကြီး ပြင်းရှင်သန် ခဲ့ရတဲ့ မြွေကြီးအတွက်ပါ”လို့ ဝေဖန် လိုက်တာပါ။

လက်ရှိမှာတော့ ဂီးနက်စ် ကမ္ဘာ့မှတ်တမ်း စံချိန်တင် ထားတဲ့ ကမ္ဘာ့ အရှည်ဆုံးမြွေကြီးဟာ အမေရိကန်နိုင်ငံ၊ ကန်ဆတ်စ်မြို့မှဖြစ်ပြီး အရှည် ၂၅ ပေသာ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိဆောက်လုပ်ရေး လုပ်ငန်း လုပ်ဆောင်နေတဲ့ ရေအား လျှပ်စစ် စီမံကိန်းဟာ ဘရာဇီးနိုင်ငံ၊ ဇင်ဂူမြစ်ပေါ်မှာ တည်ရှိပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး ရေကာတာ တည် ဆောက်ရေး စီမံကိန်း တခုဖြစ်ပါတယ်။



From: ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169912

Read More »

မိုးကြိုးပစ်ခံရသည့် မိန်းကလေးကို မြေကြီးတွင် မြှုပ်နှံကုသ




ကိုလံဘီယာ နိုင်ငံမှာ မိုးကြိုးပစ် ခံခဲ့ရတဲ့ အသက် ၁၈ နှစ် အရွယ် မိန်းကလေး တဦးကို မိဘ ဆွေမျိုး သားချင်း တွေက ရိုးရာ ယုံကြည်မှု အရ မြေကြီး ထဲမှာ အရှင် လတ်လတ် မြှုပ်နှံပြီး ကုသ ခဲ့ကြ ပါတယ်။

အန်နာ ဘောလက်စ်တာရော့စ် အမည် ရတဲ့ အဲဒီ မိန်းကလေးဟာ မကြာသေး ခင်ကမှ ကောလိပ်ကို အသွား လမ်းမှာ မိုးကြိုးပစ် ခံခဲ့ရတာလို့ မေရာ သတင်းမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဖော်ပြ ပါတယ်။

သူ့ကို ဆေးရုံပို့ဆောင်ပြီး ဆေးကုသချိန်မှာ မသက်သာတဲ့အတွက် ခုလိုကုသဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီကုသမှုမှာ အန်နာဟာ တကိုယ်လုံးကို တွင်းထဲမှာ လည်ပင်းထိ မြေကြီးတွေနဲ့ ဖုံးထားကာ တပါတ်ကို ၃ ရက်၊ တရက်ကို ၄ နာရီလောက်နေထိုင်ရမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဆွေမျိုးတွေကတော့ မိုးကြိုးပစ်ခံခဲ့ရရာကနေ ကျန်နေတဲ့ စွမ်းအင်တွေကို သူဆီက ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာပါ။

အန်နာကတော့ “ဆေးရုံက ဆရာဝန်တွေ ဆေးဝါးတွေကိုပဲ သိတာပါ။ ခုလို မိုး ကြိုးပစ်ခံရတာမျိုးကိုတော့ မသိကြပါဘူး။

ခုလိုမြေကြီးတွင်းထဲမှာ နေထိုင်ကုသတာက ရှေးတည်းက အသုံးပြုကြတာမို့ ကျမ မကြာခင်မှာ ပြန်ကောင်းလာမယ်လို့ ယုံကြည်ပါ တယ်”လို့ ပြောပါတယ်။

သူဟာ မိုးကြိုးပစ်ခံခဲ့ရတဲ့အတွက် လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့ဘဲ နောက် ကျောဘက်ကလည်း နာကျင်မှုတွေခံစားနေခဲ့ရတာပါ။
အန်နာရဲ့ မိခင်ဖြစ်သူ မီလန်နာကတော့ “ဒေသခံတွေက ခုလို မြေမြှုပ်ကုသမှု လုပ်မယ့်အစား ဆေးရုံကိုပို့ပြီး ကုသမှုလုပ်ဖို့ ပြောကြပါတယ်”လို့ ပြောပါတယ်။

ခုလို အိမ်တွင်းကုသမှုတွေလုပ်တဲ့အပေါ် ဒေသတွင်း ဆေးပညာရှင်တွေကတော့ ဝေဖန်နေကြတာပါ။

“ဒါဟာ သိပ္ပံနည်းကျလည်းမဟုတ်ဘူး။ မိုးကြိုးပစ်ခံရတဲ့ လူနာကို မြေကြီးထဲမှာ မြှုပ်နှံပြီး ကုသပေးတာကနေ အကျိုးကျေးဇူးရတယ်ဆိုတာကိုလည်း သက်သေမပြနိုင်ပါဘူး။ ဒေသတွင်းမှာ ရှေးရိုးဒဏ္ဍာရီဆန်ဆန်ယုံကြည်မှုတွေဟာ ခုချိန်ထိရှိနေတုန်းပါပဲ” လို့ မွန်ထရီယာမြို့တော် ဆေးခန်းတခုမှ ဝေါ်လ်တာ ဂိုမက်ဇ်က ပြောပါတယ်။



From: ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169909

Read More »

Friday, September 9, 2016

အလောင်းများကို ပြန်ဖော်ပြီး ၀တ်စားဆင်ယင်ပေးရသည့် ထူးခြားပွဲတော်




အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီ တောင်ပိုင်း တိုရာဂျာ ခရိုင်ထဲမှာ သေဆုံး ကွယ်လွန် သွားခဲ့ပြီး ဖြစ်တဲ့ ဆွေမျိုး သားချင်းတွေရဲ့ အလောင်း တွေကို ပြန်ဖော်ပြီး ၀တ်စား ဆင်ယင်ပေး ရတဲ့ ပွဲတော်ကို ကျင်းပ ခဲ့ကြတယ်လို့ မေရာ သတင်းမှာ စက်တင်ဘာ ၈ ရက်နေ့က ဖော်ပြ ပါတယ်။

ရိုးရာ ယုံကြည်မှု အရ ကွယ်လွန် သွားသူ ဆွေမျိုး သားချင်းတွေဟာ သူတို့ရဲ့ စိတ်နှလုံး ထဲမှာ ရှင်သန်နေဆဲ ဖြစ်တယ် ဆိုတာ ပြသတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပ ကြတာပါ။

မိန်း (Ma’nene) ဒါမှ မဟုတ် ရိုးရာ လူသေ အလောင်း သန့်ရှင်းရေး ပွဲတော်လို့ အမည်ရတဲ့ ဒီပွဲတော်မှာ လူသေ အလောင်းတွေကို ပြန်လည် တူးဖော်ပြီးနောက် သစ်လွင် တောက်ပတဲ့ အ၀တ် အစားတွေ ၀တ်ဆင် ပေးတာ၊ ရေချိုး ဖြီးလိမ်း ပြင်ဆင် ပေးတာတွေ လုပ်လေ့ ရှိတာပါ။

အဲဒီနောက်မှာတော့ ပျက်စီးနေတဲ့ ခေါင်းတလားတွေကို ပြန်လည် ပြင်ဆင်တာတွေ၊ လဲလှယ် တာတွေကို လုပ်ကြတာပါ။

အိမ်တအိမ်မှာ တစုံတယောက် သေဆုံး သွားပြီဆိုရင် ကျန်ရစ်သူတွေ အနေနဲ့ တခြား ဆွေမျိုး သားချင်းတွေကို စောင့်ဆိုင်းဖို့ အတွက် နေအိမ်မှာ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေနဲ့ချီပြီး ထားရ တာဟာ ခက်ခဲပြီး ခုလို အခမ်း အနားကတော့ အများဆုံးနဲ့ ဈေးအကြီးဆုံး လုပ်လေ့ရှိကြတဲ့ အခမ်းအနား တခု ဖြစ်နေတာပါ။

သူတို့တွေရဲ့ ရှေးဟောင်းရိုးရာယုံကြည်မှုအရ သေဆုံးသူတွေရဲ့ ၀ိညာဉ်ဟာ မူရင်းနေရပ်ဆီ ပြန်လာရမယ်လို့ ဆိုပါတယ်။

ခရီးသွားရင်း သေဆုံးတဲ့သူ ဖြစ်စေကာမူ သူတို့ရဲ့ ၀ိညာဉ်တွေဟာ နေရင်း မူလအိမ်ရှိရာဆီ ပြန်လာနိုင်ကြတယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167636

Read More »

Friday, August 26, 2016

နှစ် ၃၀ ကြာမှသီးသည့် ဘတ် ၃ သောင်းခန့် တန်ဖိုးရှိ အမြွှာအုန်းသီး




ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်းပူးရီး ခရိုင် ပတ္တယား ကမ်းခြေမြို့မှာ သြဂုတ် ၂၄ ရက်နေ့က တလုံးကို ဘတ် ၂ သောင်းခွဲမှ ၃ သောင်းခန့် တန်ဖိုးရှိ ရှားပါး ပင်လယ် အုန်းသီး တလုံးကို အခမ်း အနားနဲ့ ခွဲစိတ် မြည်းစမ်း ခဲ့တယ်လို့ http://www.siamdrama.com/view-712.html ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

အဆိုပါ အုန်းသီးမှာ အနှစ် ၃၀ ကြာမှ တလုံး သီးပြီး သက်တမ်း ၃၉ နှစ်ရှိ အပင် ကနေ ခူးဆွတ် ခဲ့တာ ဖြစ်ပါတယ်။

ပတ္တယားမြို့ စပျစ် ဥယျာဉ် ကနေ ခူးဆွတ်လာတဲ့ အဆိုပါ အုန်းသီးဟာ အသက် ၂ နှစ် ၄ လ ၁၄ ရက်ရှိပြီး ၁၀ မိနစ်ကြာ ခွဲယူခဲ့ ရတယ်လို့ အုန်းပင်ကို ပြုစု ပျိုးထောင်သူ ဆီအုန်းပင် မျိုးပွားမှု ဆိုင်ရာ မန်နေဂျာ နိုင်းဆုဖတ် ဆိုင်ဝိဆစ်က အခမ်း အနားမှာ ပြောကြား ပါတယ်။

အဆိုပါ အုန်းသီးမှာ ရုက္ခဗေဒ အခေါ် (LODOICEA MALDIVICA) အမြွှာအုန်း ဖြစ်ပြီး အမျိုးသမီး တင်ပါးပုံစံ ဖြစ်နေ တာကြောင့် ထိုင်းလိုတော့ မာ့ဖရောက် ကွန့်ဆောဝ် (အပျို့တင်အုန်း) လို့ ခေါ် ကြပါတယ်။

မူလမျိုးစေ့ကို သင်္ဘောသား တွေက ပင်လယ် သမုဒ္ဒရာထဲက သယ်ဆောင် လာတာ ဖြစ်ပြီး ဒီခြံထဲမှပဲ ပျိုးပင်ဖောက် ယူကာ လောလောဆယ် အဲဒီခြံထဲမှာ အပျို့တင်အုန်း အမျိုးအစား အုန်းပင် ၂၅ ပင် ရှိကာ အလုံးပေါင်း ၈ လုံး သီးနေ တယ်လို့ ဆိုပါတယ်။

ဒီအသီးတွေရဖို့ နှစ်နဲ့ချီ ပြုစုပျိုးထောင်လာခဲ့ရတဲ့အတွက် တလုံးကို ဘတ် ၂ သောင်း ၅ ထောင်ကနေ ၃ သောင်းလောက် တန်ဖိုးရှိတယ်လို့ ခြံမန်နေဂျာက ပြောပါတယ်။

အုန်းသီးခွဲတဲ့ အခမ်းအနားကို ချွန်းပူးရီးခရိုင် ဖတ်ထယားစပျစ်ခြံ ညွှန်ကြားရေးမှူး၊ ဆတ်တဟိပ်မြို့နယ်မှူး၊ အုန်းမျိုးစိတ်ဇီဝဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တချို့ပါ လာရောက်မြည်းစမ်းပြီး အုန်းသီးရဲ့ အရသာကို အားလုံးက ထူးကဲစွာ ချိုမြကြောင်း၊ ဆိမ့်ကြောင်း၊ မွှေးကြောင်း တညီ တညွတ်တည်း
ပြောဆို ခဲ့ကြပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/165574

Read More »

Saturday, August 20, 2016

ထိလိုက်ရင် သေစေနိုင်သည့် အပင်များ စိုက်ထားသည့် အဆိပ်ဥယျာဉ်




ဗြိတိန် နိုင်ငံက နောင်သမ် ဘာလမ် ဥယျာဉ်မှာ ထိလိုက်ရင် အဆိပ်ကြောင့် သေစေ နိုင်တဲ့ အပင်တွေကို စိုက်ပျိုး ထားပါတယ်။

ဒါကြောင့် ဒီဥယျဉ်ကို အဆိပ် ဥယျာဉ်လို့ နာမည်ပေး ထားပါတယ်။ အပင်ပေါင်း ၉၅ ပင်လောက် စိုက်ပျိုး ထားပြီး အပင်တိုင်းက အဆိပ် ရှိတဲ့ အတွက် တို့ထိမိရင် သေစေနိုင် ပါတယ်။

ပန်းခြံထဲဝင်ရင် အကာအကွယ် အင်္ကျီနဲ့ လက်အိတ်တွေ ၀တ်ဆင်ကာ ၀င်ရောက် ရတာ ဖြစ်ပါတယ်။

၁၄ ဧကလောက် ကျယ်ပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာ တခု ဖြစ်ကာ နှစ်စဉ် လူ ၆ သိန်းလောက်လည်း ပန်းခြံကို လာရောက် လည်ပတ် တယ်လို့ ဆိုပါတယ်။

အပင်တွေက လူတွေရဲ့ အသက်ကို ဆုံးရှုံးစေ နိုင်တယ် ဆိုတဲ့ အသိ ပညာကို ပေးဖို့ အတွက် ပန်းခြံကို ဖန်တီး ထားတာလည်း ဖြစ်ပါတယ်။

တချို့ အပင်တွေက လှပတဲ့ အပွင့်တွေ ဖူးပွင့်နေ ပေမယ့် တို့ထိ လိုက်ရင် သေသွားနိုင်တဲ့ အကြောင်း ဥယျာဉ်မှူး ထရာဗာဂျူံးစ်က ပြောပါတယ်။

တချို့အပင်တွေ ကတော့ လူကို ထာဝရ အိပ်မော ကျသွား စေနိုင်တယ် လို့လည်း သူက ရှင်းပြပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/164755

Read More »

Thursday, August 4, 2016

ဝါရှင်တန်ဥယျာဉ်က လူသေကောင်ပန်းပွင့်ကို လူထောင်သောင်းချီ လာရောက်ကြည့်ရှု




အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် မြို့တော် ရုက္ခဗေဒ ဥယျာဉ်မှာ ရှားရှား ပါးပါး လူသေကောင် ပန်းပွင့်လို့ ခေါ်ဆိုကြတဲ့ Corpse Flower ကို သြဂုတ် ၂ ရက်နေ့က စိတ်ဝင် စားသူ လူ ထောင်သောင်း ချီ တန်းစီ စောင့်ဆိုင်းပြီး လာရောက် ကြည့်ရှု ကြပါတယ်။

ဒီပန်းကို Corpse Flower လို့ ခေါ်ဆိုပြီး ကမ္ဘာ့ အကြီးဆုံး ပန်းတမျိုး ဖြစ်ပါတယ်။

အင်ဒိုနီးရှား မိုး သစ်တောတွေမှာ ပေါက်ရောက်တဲ့ ပန်းမျိုးဖြစ်ပြီး အနံ့က အပုပ်ကောင်နံ့ ဖြစ်ပါတယ်။

ပန်းပွင့် အရှည် ၈ ပေ၊ ၈ လက်မရှိပြီး ဇူလိုင် ၂၂ ရက်နေ့ကတည်းက အများ ပြည်သူကို ပြသထား ပေမယ့် သြဂုတ် ၂ ရက်နေ့ ညကျမှ ပွင့်လာတယ်လို့ ဥယျာဉ် အာဏာပိုင် တဦးက ပြောဆိုပါတယ်။

လာမယ့် ၂ ရက်လောက် အထိတော့ ဆက်ပွင့် နေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီပန်းမျိုးဟာ ပန်းအများစုလို ရာသီ အလိုက် ပုံမှန်ပွင့်တဲ့ ပန်းမျိုး မဟုတ်ဘဲ တခါပွင့်ဖို့ ၃၊ ၄ နှစ် ကနေ ၁၀ နှစ်ကျော်တဲ့ အထိ ကြာတတ်ပြီး ပွင့်ပြီးရင်လည်း အပင်က သေသွား တယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162251

Read More »

Friday, July 29, 2016

မြစ်ကမ်းပေါ်က တွေ့ ရှိခဲ့တဲ့ ဂြိုလ်သား အလောင်းကြောင့် သိပ္ပံပညာရှင်တွေ အကျပ်ရိုက်




အလွန် ထူးဆန်းတဲ့ ဦးခွံ နဲ့ အလောင်း တစ်ခုကို ဒေသခံ နှစ်ယောက်ဟာ ကိုဗာရှီ မြစ်ကမ်း ဘေးမှာ တနင်္ဂနွေနေ့ က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုအနားမှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သား အရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ အခက် အခဲ တွေ့လျက် ရှိပါတယ်။

၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့ သူတွေ နေထိုင်နိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို့ ရွာ နားမှာ အဆိုပါ အလောင်းကောင်ကို အမှတ် မထင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဂြိုလ်သားအလောင်းကို တွေ့ ရှိခဲ့သူနှစ်ယောက်ဟာ ပထမက စွန့် ပစ်ထားတဲ့ ကြက်သန္ဓေသားလောင်း တစ်ခုဖြစ်မယ်လို့ ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒီအသေကောင်ဟာ ငါး ဒါမှမဟုတ် ကြက်ငှက်နွယ်ဝင် တစ်ကောင်ကောင်ရဲ့ အလောင်းမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဦးခေါင်းခွံက ထူးဆန်းပြီး လည်ပင်းနဲ့ တောင်ပံတွေလည်း မပါရှိဘူး” လို့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

Krasnoyarsk မြို့ က ဇီဝရူပတက္ကသိုလ်က ကျွမ်းကျင်သူပညာရှင်တွေဟာ အသေကောင်ကို စစ်ဆေး လေ့လာခဲ့ပြီး အဆိုပါဇီဝရုပ်ကို အဖြေမရှာနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။

နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို့ အတွက် ဂြိုလ်သားအလောင်းကို Moscow မြို့ ကို ပို့ သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref: Mirror

Originally published at - http://knowledge.thithtoolwin.com/2016/07/blog-post_22.html

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...