အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, August 4, 2016

ဝါရှင်တန်ဥယျာဉ်က လူသေကောင်ပန်းပွင့်ကို လူထောင်သောင်းချီ လာရောက်ကြည့်ရှု




အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် မြို့တော် ရုက္ခဗေဒ ဥယျာဉ်မှာ ရှားရှား ပါးပါး လူသေကောင် ပန်းပွင့်လို့ ခေါ်ဆိုကြတဲ့ Corpse Flower ကို သြဂုတ် ၂ ရက်နေ့က စိတ်ဝင် စားသူ လူ ထောင်သောင်း ချီ တန်းစီ စောင့်ဆိုင်းပြီး လာရောက် ကြည့်ရှု ကြပါတယ်။

ဒီပန်းကို Corpse Flower လို့ ခေါ်ဆိုပြီး ကမ္ဘာ့ အကြီးဆုံး ပန်းတမျိုး ဖြစ်ပါတယ်။

အင်ဒိုနီးရှား မိုး သစ်တောတွေမှာ ပေါက်ရောက်တဲ့ ပန်းမျိုးဖြစ်ပြီး အနံ့က အပုပ်ကောင်နံ့ ဖြစ်ပါတယ်။

ပန်းပွင့် အရှည် ၈ ပေ၊ ၈ လက်မရှိပြီး ဇူလိုင် ၂၂ ရက်နေ့ကတည်းက အများ ပြည်သူကို ပြသထား ပေမယ့် သြဂုတ် ၂ ရက်နေ့ ညကျမှ ပွင့်လာတယ်လို့ ဥယျာဉ် အာဏာပိုင် တဦးက ပြောဆိုပါတယ်။

လာမယ့် ၂ ရက်လောက် အထိတော့ ဆက်ပွင့် နေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီပန်းမျိုးဟာ ပန်းအများစုလို ရာသီ အလိုက် ပုံမှန်ပွင့်တဲ့ ပန်းမျိုး မဟုတ်ဘဲ တခါပွင့်ဖို့ ၃၊ ၄ နှစ် ကနေ ၁၀ နှစ်ကျော်တဲ့ အထိ ကြာတတ်ပြီး ပွင့်ပြီးရင်လည်း အပင်က သေသွား တယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162251

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...