အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကမ္ဘာကျော်များ. Show all posts
Showing posts with label ကမ္ဘာကျော်များ. Show all posts

Saturday, November 12, 2016

9/11 - Brexit - ISIS - ပေါ်ပေါက်လာမှုတို့ကို ကြက်သီးထဖွယ် ဟောခဲ့သူ မျက်မမြင် အဖွားအို




အမေရိကန်ရဲ့ (၄၄) ဆက်မြောက် သမ္မတ ဖြစ်တဲ့ ဘားရက် အိုဘားမားဟာ အမေရိကန်ရဲ့ နောက်ဆုံး သမ္မတ ဖြစ်လိမ့် မယ်လို့ ကမ္ဘာကျော် ရှေ့ဖြစ်ဟော ဆရာမ ကြီးက ဟောကိန်း ထုတ်ခဲ့ တယ်လို့ သိရ ပါတယ်။

ဒါပေမယ့် 2017 ဇန်န၀ါရီလ 20 ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရ ထားတဲ့ ဒေါ်နယ်ထရမ့်ကို တရားဝင် အာဏာ လွှဲပေး ရတော့မှာ ဖြစ်ပါတယ်။



အဆိုပါ ဆရာမ ကြီးရဲ့ အမည်ဟာ Baba လို့ လူသိ များတဲ့ Prophetess Baba Vanga ဖြစ်ပါတယ်။ သူမဟာ မျက်လုံး မမြင်ရတဲ့ ရှေ့ဖြစ်ဟော ဆရာမကြီး ဖြစ်ပြီး ဟောပြောမှု 80% ဟာ လုံးဝ မှန်ကန်ကြောင်း အချက် အလတ်တွေက အတည် ပြုနိုင်ခဲ့သူ ဖြစ်ပါတယ်။

Baba ဟာ လက်ရှိ အချိန်မှာ သက်ရှိ ထင်ရှား မရှိတော့ဘဲ အသက် 85 နှစ် အရွယ် 1999 ခုနှစ်မှာ ကွယ်လွန် ခဲ့ပါပြီ။ သူမ မသေခင်မှာ ဟောပြော သွားတဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုနဲ့၊ ISIS တွေ ပေါ်ထွန်း လာမယ့် နေ့ရက်ကို ဟောခဲ့ တာဟာ ဒက်ထိ မှန်ကန် ခဲ့ပါတယ်။

Baba က ဘူးဂေးရီးယား နိုင်ငံသူ ဖြစ်ပြီး သူမရဲ့ ကြောက်ခမန်း လိလိ ဟောပြောချက်တွေ ကြောင့် ရာစုနှစ် အတွင်း နာမည် အကြီးဆုံး ရှေ့ဖြစ်ဟော ဆရာမ တစ်ယောက် အဖြစ် ရပ်တည်နိုင် ခဲ့သူ ဖြစ်ပါတယ်။



Baba ရဲ့ ဟောပြောချက် ထဲမှာ ” အမေရိကန်ရဲ့ 44 ဆက်မြောက် သမ္မတဟာ လူမည်း ဖြစ်မယ်၊ နောက်ဆုံး သမ္မတဖြစ် မယ် … စီးပွားရေး ပျက် ကပ်ကြောင့် 45 ဆက်မြောက် သမ္မတ ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး “လို့ အတိ အလင်း ဟောခဲ့ ပါတယ်။

အိုဘားမားနဲ့ ပတ်သက်ပြီး သူမက ” လူတိုင်းက သူ့ကို ယုံကြည် ကြမယ် … ဒါပေမယ့် ဆန့်ကျင်ဘက် ရလာဒ်တွေသာ ဖြစ်လာမယ် … သူက ကမ္ဘာကြီးကို ဆုတ်ယုတ် စေမှာ ဖြစ်ပြီး၊ တောင်နဲ့ မြောက်ကြားမှာ ပဋိပက္ခတရားတွေကို ဖန်တီး ခဲ့မှာ ဖြစ်ပြီး စစ်မက် ဖြစ်ပွားမယ် “လို့ ဟောပြော ခဲ့ပါတယ်။



Baba ရဲ့ ဟောပြောချက်ကို သီအိုရီ ဆရာတွေ ကလည်း လက်ခံခဲ့ ကြပါတယ်။ သူမ ဆိုလိုတဲ့ တောင်နဲ့ မြောက် ပဋိပက္ခ ဆိုတာ လက်ရှိ ရင်ဆိုင် နေရတဲ့ ဥရောပနဲ့ မူစလင် နိုင်ငံတွေရဲ့ ပြဿနာလို့ ကောက်ချက် ချရပြီး၊ လက်ရှိ အရှိန်ဟာ မပြောပလောက် သေးတဲ့ အဆင့်သာ ရှိသေး တယ်လို့ ၎င်းတို့က ဆိုပါတယ်။

အဆိုပါ ပဋိပက္ခတွေ စတင်ခဲ့ တာကလည်း သူမ ခန့်မှန်းချက် ထဲမှာ ပါဝင်တဲ့ 2010 မှာ အာရပ်နွေဦး တော်လှန်းရေး ဖြစ်လိမ့်မယ် ဆိုတဲ့ အချက်ကနေ စတင် သန္ဓေ တည်လာတဲ့ အကြောင်း အရာတွေ ဖြစ်နေ ပါတယ်။



အမေရိကန် 9/11 တိုက်ခိုက်မှု ဖြစ်မယ် ဆိုတာ ကိုလည်း 1989 ခုနှစ် ကတည်းက ဟောကိန်း ထုတ်ခဲ့ ပါတယ်။

အဆိုပါ ဟောကိန်းမှာ ” ကြောက်စရာပဲ … ကြောက်စရာပဲ … အမေရိကန်နဲ့ ညီနောင်တွေ ကျဆုံး တော့မယ် … သူတို့ စတီး ငှက်နှစ်ကောင် (လေယာဉ် ပျံတွေ) ရဲ့ တိုက်ခိုက် ခြင်းကို ခံရဖို့ သေချာနေပြီ “လို့ ဟောခဲ့ ပါတယ်။

အခု အချိန် မှာတော့ ဒေါ်နယ်ထရမ့်ဟာ သူမပြော သလို သမ္မတ ရာထူး ဆက်ခံခွင့် မရှိဘဲ ဟောပြောချက် ဒက်ထိ မှန်မလား ဆိုတာကတော့ အချိန် နှစ်လ ကျော် လောက် အတွင်း အဖြေ ထွက်တော့မှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

Originally published at - http://www.shwemom.com/the-blind-mystic-who-predicted-obama-will-be-the-last-us-president/

Read More »

Wednesday, June 29, 2016

အီဖယ်မျှော်စင်ရဲ့ သိကောင်းစရာ အချက်များ




အီဖယ် မျှော်စင် ဟာ ပြင်သစ်နိုင်ငံ အတွက် ထင်ရှားသော ဗိသုကာ ဆိုင်ရာ အမှတ်အသား တစ်ခု ဖြစ်ပါတယ်။ အီဖယ် မျှော်စင် ကို ၁၈၈၉ ခုနစ်တွင် ပြင်သစ်နိုင်ငံ တော်လှန်ရေး
နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုသော အထိမ်းအမှတ် အဖြစ် တည်ဆောက် ခဲ့ပါတယ်။

ပြင်သစ် အင်ဂျင်နီယာ Gustave Eiffel ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားသောကြောင့်  Gustave Eiffel လို့ ခေါ်ဆိုကျပါတယ်။ အီဖယ် မျှော်စင် ဟာအမြင့် ပေ ၁၀၅၀ ရှိပြီး.. လူလုပ်ထားသောအဆောက်အဦးများထဲတွင် အမြင့်ဆုံးဖြစ်ပါတယ်။

အီဖယ် မျှော်စင်ကို သံဖြင့် ပြု လုပ်ထားပြီးအလေးချိန် တန် ၁ သောင်းကျော်ရှိတယ်။ သံချေးတတ်ခြင်းမှ ကာကွယ်ရန်အတွက် အီဖယ် မျှော်စင် ကို ၇ နှစ်တစ်ခါ ဆေးသုတ်လေ့ရှိပါတယ်။

နေရောင်ခြည် အပူဒဏ်ကြောင့် အီဖယ် မျှော်စင်ဟာ ဆောက်ထားတာထက် ၆ လက်မခန့်  ပိုမို ကြီးထွားသွားပါတယ်။ အီဖယ် မျှော်စင်တွင် အလွန်ကြီးမားသောဓာတ်လှေကား ၂ခု ရှိကာ အလည်လာရောက်သူများကို အပေါ်ဆုံးထပ်သို့ ပို့ ဆောင်လျက်ရှိပါတယ်၊ ထိုဓာတ်လှေကား၂ ခုဟာ တစ်နှစ်လျှင် ကီလိုမီတာ ၁သိန်း၃ထောင်ကျော် ကမ္ဘာ ၂ပတ်ခွဲ ပတ်စာ နှင့် ညီမျှအောင်မောင်းနှင်ရလေ့ရှိပါတယ်။

အီဖယ် မျှော်စင် တွင် စားသောက်ဆိုင် ၂ခု၊ ဘူဖေးအစားအစာများ၊ ကျယ်ဝန်းသောခန်းမကြီး၊ ရှန်ပိန် ဘားနှင့် အမှတ်တရလက်ဆောင်ဆိုင်များလည်း ရှိပါတယ်။ တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသည်များ အချိန်မရွေး သွားရောက်လည်ပတ်နိုင်တဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်။

Ref : General knowledge

Originally published at - http://knowledge.thithtoolwin.com/2016/06/blog-post_6.html

Read More »

Monday, December 21, 2015

ဒုတိယ ကမ္ဘာစစ်ကို မီးမွှေးသူ အာဏာရှင်ကြီး ဟစ်တလာတွင် ဝှေးစေ့ တစ်လုံးသာရှိ ဟုဆို




ဘာလင်၊ ဒီဇင်ဘာ-၂၁

ဆေးမှတ်တမ်း တစ်ခု အရ အဒေါ့ဖ် ဟစ်တလာမှာ ဝှေးစေ့ တစ်ခု တည်းသာ ရှိနေ တယ်လို့ ဂျာမန် မီဒီယာက ဒီဇင်ဘာ ၁၉ရက်နေ့က ပြောကြား ခဲ့တာကြောင့် အာဏာရှင် ကြီးမှာ ဘောတစ်လုံးပဲ ရှိတယ်လို့ ဆိုထားတဲ့ နာမည်ကျော် ဗြိတိသျှသီချင်း တစ်ပုဒ်ဟာ တချို့တ၀က် မှန်ကန်နေ တာကို ဖော်ပြနေ ပါတယ်။

ပထမကမ္ဘာစစ်အတွင်းက ဆုမ်းမ်(Somme)စစ်ပွဲမှာ တစ်လုံးကို ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ကောလဟာဠတွေနဲ့အတူ ဟစ်တလာမှာ ဝှေးစေ့တစ်လုံး ပျောက်ဆုံးနေတယ်လို့ ကာလကြာမြင့်စွာကတည်းက ခန့်မှန်းချက်တွေ ထွက်ပေါ်လာနေခဲ့ပါတယ်။

၁၉၂၃ခုနှစ်က မအောင်မြင်တဲ့ မြူးနစ်ဘီယာခန်းမ တော်လှန်ရေးပြီးနောက် ဟစ်တလာ ထောင်ချခံခဲ့ရစဉ်က ဆေးမှတ်တမ်းတစ်ခုအရ ဟစ်တလာဟာ ညာဘက် ဝှေးစေ့တစ်လုံးက ကပ္ပာယ်အိတ်ထဲကို မဆင်းတဲ့ရောဂါကို ခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာဝန်ရဲ့ မှတ်ချက်တွေဟာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပုံရပေမယ့်လည်း ၂၀၁၀ခုနှစ်၊ လေလံပွဲတစ်ခုမှာ ပေါ်ထွက်လာခဲ့ပေမယ့်လည်း အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

‘အတွေ့အကြုံရင့် ဆေးဘက်ဆိုင်ရာ အရာရှိက အခြေအနေကို ချက်ချင်း သဘောပေါက်ခဲ့ပါတယ်’ဟု မှတ်တမ်းကို လေ့လာခွင့်ရခဲ့သည့် အရောင်းထိပ်တန်းသတင်းစာ Bild က သမိုင်းပညာရှင် ပီတာ ဖလက်ရှ်မန်းကို ကိုးကား ဖော်ပြခဲ့ပါတယ်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8804


Read More »

Thursday, October 29, 2015

ကမ္ဘာကျော် ဂီတာကြယ်ပွင့် Jimi Hendrix ၏ လန်ဒန်နေအိမ်ကို ပြတိုက်အဖြစ် ဖွင့်လှစ်တော့မည်




ကမ္ဘာကျော် ဂီတာကြယ်ပွင့် Jimi Hendrix ၏ လန်ဒန် နေအိမ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

Heritage Lottery Fund နှင့် အလှူရှင်များ၏ ငွေကြေးအကူအညီဖြင့် Brook လမ်းရှိ အမှတ် (၂၃) တိုက်ခန်းကို ပေါင်စတာလင်ငွေ ၂ ဒသမ ၄ သန်း အကုန်အကျခံကာ ပြင်ဆင်လျက် ရှိသည်။

ဂီတာကြယ်ပွင့် Hendrix သည် တတိယထပ်ရှိ ထိုတိုက်ခန်းကို ၁၉၆၈ ခုနှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ပြတိုက်အတွက် လက်မှတ်များကို နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင် ရောင်းချသွားမည် ဖြစ်သည်။

Hendrix ၏ တိုက်ခန်းတည်ရှိသော Brook လမ်းထဲတွင် ဂျာမန်ဖွား တေးရေးဆရာ George Frideric Handel ၏ အမှတ် (၂၅) တိုက်ခန်းလည်း တည်ရှိသည်။ George Frideric သည် ထိုတိုက် ခန်းတွင် ၂၆ နှစ်ခန့် နေထိုင်သွားခဲ့သည်။

ထိုတိုက်ခန်း နှစ်ခုလုံးကို Handel House Trust က ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ဂီတာကြယ်ပွင့် Jimi Hendrix သည် ၁၉၇၀ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/6667

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Tuesday, October 27, 2015

ဥရောပ တေးဂီတ ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ ဂျက်စတင်ဘီဘာ




အီတလီနိုင်ငံ မီလန်မြို့တွင် အောက်တိုဘာ ၂၅ ရက်က ကျင်းပပြုလုပ်သော အမ်တီဗီ၏ ဥရောပ တေးဂီဆုပေးပွဲ ( MTV EMAs )တွင် ဆယ်ကျော်သက်များ အသည်းစွဲ အဆိုတော် ဂျက်စတင် ဘီဘာသည် ဆုငါးဆု သိမ်းပိုက် ဆွတ်ခူးခဲ့သည်။

ပေါ့ပ်ကြယ်ပွင့် ဘီဘာသည် အကောင်းဆုံး အမျိုးသား အဆိုရှင်ဆု၊ best North Amercian act ၊ Where Are You Now ? တေးသီချင်းတွင် အဆိုတော် ဒစ်လို၊ စကွီလက်ဇ်တို့နှင့်အတူ အကောင်းဆုံး တွဲဖက် သီဆိုနိုင်မှုဆု၊ ပရိတ်သတ်အများဆုံး ဆုနှင့် ကြည့်အကောင်းဆုံး ဆုတို့ကို ရရှိခဲ့သည်။

ဗြိတိန်အဆိုတော်အဖွဲ့ One Direction အဖွဲ့သည် အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆုကိုရ ရှိခဲ့ ပြီး တေလာဆွဇ်၏ Bad Blood တေးသီချင်းသည် အကောင်းဆုံး တေးသီချင်းဆုနှင့် ရီဟားနားသည် အကောင်းဆုံး အမျိုးသမီးအဆိုတော် ဆုတို့ကို ရရှိခဲ့သည်။

အဆိုတော် သီချင်းရေးဆရာ အက်ဒ်ရှီရန်သည် အောက်တိုဘာ ၂၅ ရက်က ကျင်းပပြုလုပ် သော အဆိုပါ ဆုပေးပွဲတွင် အစီစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး best live act ဆုကို ရရှိခဲ့သည့်အပြင် ပြီးခဲ့သည့်နှစ်က ကျင်းပပြုလုပ်သော V Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေမှုအတွက် ကမ္ဘာ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှု ဆုတို့ကို ရရှိခဲ့သည်။

“ကျွန်တော်ရဲ့တေးဂီတအပေါ် အသိအမှတ် ပြုခံရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်” ဟု အကောင်းဆုံး အမျိုးသား အဆိုတော်ဆုကို လက်ခံရယူစဉ် ဘီဘာက ပြောကြားခဲ့သည်။ ဆစ်ဒနီပေါ့ပ် တေးဂီတအဖွဲ့ 5 Second of Summer အဖွဲ့က ကမ္ဘာ့အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုကို ဒုတိယ အကြိမ်မြောက် ရရှိခဲ့သည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/6567

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်တယ်လို့ ဆိုတဲ့ ဖေ့ဘုတ် တည်ထောင်သူ မက်ခ်ဇူကာဘတ်



ဆုတောင်း ၀တ်ပြုနေတဲ့ မက်ခ်ဇူကာဘတ် (photo- mark zukerberg facebook)

တရုတ်ပြည် အလယ်ပိုင်း Shaanxi ခရိုင်ရဲ့ မြို့တော်ကြီး ဖြစ်တဲ့ Xi'an မြို့တော်ရှိ Wild Goose ဘုရားကျောင်း ကြီးကို သွားရောက် လည်ပတ်ခွင့် ရခဲ့သော ဖေ့ဘုတ် တည်ထောင်သူ မက်ခ် ဇူကာဘတ်ဟာ အဲ့ဒီ ဘုရားမှာ ကမ္ဘာကြီး ငြိမ်းအေးချမ်းဖို့နဲ့ သူ့မိသားစု အတွက်ပါ ဆုတောင်း မေတ္တာ ပို့သခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာ ထက်မှာ ပြီးခဲ့တဲ့ နာရီပိုင်း လောက်က ရေးသား ခဲ့ပါတယ်။

မက်ခ်ဇူကာဘတ်ရဲ့ အမျိုးသမီးဖြစ်သူ ပရင်စစ်လာဟာ ဗုဒ္ဓဘာသာဝင်တဦးပါ။ ဒါကြောင့် သူမက သူ့အား ဆုတောင်းခိုင်းတာလို့လည်း ဆိုပါ တယ်။

ဗုဒ္ဓဘာသာဟာ အလွန်ပင် အံ့သြထူးဆန်းတဲ့ ဘာသာ၊ အတွေးအခေါ်ကို ဦးစားပေးတဲ့ ဘာသာတခုဖြစ်ပါတယ်။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာလျက်ရှိပါတယ်။ ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း နားလည် ယုံကြည်လာမယ်လို့လည်း မျှော်လင့်ပါတယ် လို့ ရေးသားထားပါသေးတယ်။

Ref: Mark Zukerberg facebook

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_93.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Tuesday, October 20, 2015

ပေါင် ၂၇ မီလျံတန်တဲ့ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတိုရဲ့ ကျေးလက်အိမ်ခြံဝန်းကြီး



Photo-mirror

ကမ္ဘာကျော် ဘောလုံးသမား တဦးဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းနဲ့ ဇနီး ဗစ်တိုးရီးယား ဘက်ခမ်းတို့ဟာ စတာလင်ပေါင် ၂၇ မီလျံ ရှိတဲ့ ကျေးလက်ဒေသ အိမ်ခြံဝန်းကြီး တခုကို ဒီလ အစောပိုင်းလောက်က ၀ယ်ယူခဲ့ တယ်လို့ CFP သတင်း ဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖော်ပြခဲ့ ပါတယ်။


အိမ်ကြီးရဲ့ အရှေ့ဘက်မျက်နှာစာ

စတာလင်ပေါင် မီလျံတန်တဲ့ အဲ့ဒီ အိမ်ခြံဝန်း ကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ အနောက် တောင်ပိုင်းမှာ ရှိတဲ့ Gloucestershire ဆိုတဲ့ နေရာမှာ တည်ရှိ တာပါ။



Abbotswood လို့ ဆိုတဲ့ အဆိုပါ အိမ်ခြံဝန်း ကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်နေအိမ် တွေထဲမှာ ဈေးအ ကြီးဆုံး အိမ်ခြံဝန်ကြီးတခုလည်း ဖြစ်ပါတယ်။


ဧည့်ခန်းတနေရာ

ဧကပေါင်း ၇၇၄ ဧကကျယ်ဝန်းတဲ့ အဲ့ဒီ အိမ်ခြံဝန်း ကျယ်ကြီး ထဲမှာ ၀င်ပေါက် တံခါးကြီး ၂ ခု၊ အိပ်ခန်းပေါင်း ၁၀ ခန်း၊ တထပ်တိုက်များ၊ ယာတောအိမ်ငယ်လေး ၁၁ အိမ်၊ ရေကန်နှစ်ခုနဲ့ မြစ်တခုပါ ပါဝင် ပါတယ်။




Ref: CCTVnews

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_20.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...