
အီဖယ် မျှော်စင် ဟာ ပြင်သစ်နိုင်ငံ အတွက် ထင်ရှားသော ဗိသုကာ ဆိုင်ရာ အမှတ်အသား တစ်ခု ဖြစ်ပါတယ်။ အီဖယ် မျှော်စင် ကို ၁၈၈၉ ခုနစ်တွင် ပြင်သစ်နိုင်ငံ တော်လှန်ရေး
နှစ်တစ်ရာပြည့်ကို ဂုဏ်ပြုသော အထိမ်းအမှတ် အဖြစ် တည်ဆောက် ခဲ့ပါတယ်။
ပြင်သစ် အင်ဂျင်နီယာ Gustave Eiffel ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားသောကြောင့်  Gustave Eiffel လို့ ခေါ်ဆိုကျပါတယ်။ အီဖယ် မျှော်စင် ဟာအမြင့် ပေ ၁၀၅၀ ရှိပြီး.. လူလုပ်ထားသောအဆောက်အဦးများထဲတွင် အမြင့်ဆုံးဖြစ်ပါတယ်။
အီဖယ် မျှော်စင်ကို သံဖြင့် ပြု လုပ်ထားပြီးအလေးချိန် တန် ၁ သောင်းကျော်ရှိတယ်။ သံချေးတတ်ခြင်းမှ ကာကွယ်ရန်အတွက် အီဖယ် မျှော်စင် ကို ၇ နှစ်တစ်ခါ ဆေးသုတ်လေ့ရှိပါတယ်။
နေရောင်ခြည် အပူဒဏ်ကြောင့် အီဖယ် မျှော်စင်ဟာ ဆောက်ထားတာထက် ၆ လက်မခန့်  ပိုမို ကြီးထွားသွားပါတယ်။ အီဖယ် မျှော်စင်တွင် အလွန်ကြီးမားသောဓာတ်လှေကား ၂ခု ရှိကာ အလည်လာရောက်သူများကို အပေါ်ဆုံးထပ်သို့ ပို့ ဆောင်လျက်ရှိပါတယ်၊ ထိုဓာတ်လှေကား၂ ခုဟာ တစ်နှစ်လျှင် ကီလိုမီတာ ၁သိန်း၃ထောင်ကျော် ကမ္ဘာ ၂ပတ်ခွဲ ပတ်စာ နှင့် ညီမျှအောင်မောင်းနှင်ရလေ့ရှိပါတယ်။
အီဖယ် မျှော်စင် တွင် စားသောက်ဆိုင် ၂ခု၊ ဘူဖေးအစားအစာများ၊ ကျယ်ဝန်းသောခန်းမကြီး၊ ရှန်ပိန် ဘားနှင့် အမှတ်တရလက်ဆောင်ဆိုင်များလည်း ရှိပါတယ်။ တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာကြောင့် ကမ္ဘာလှည့်ခရီးသည်များ အချိန်မရွေး သွားရောက်လည်ပတ်နိုင်တဲ့ နာမည်ကျော် နေရာတစ်ခုဖြစ်ပါတယ်။
Ref : General knowledge
Originally published at - http://knowledge.thithtoolwin.com/2016/06/blog-post_6.html

No comments: