အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 29, 2016

ကြောင်တွေ အုပ်ချုပ်နေတဲ့ ကျွန်း




လူဦးရေ ၂၂ ပဲ ကျန်ရှိ တော့တဲ့ ဂျပန်က Aoshima ကျွန်းပေါ် မှာတော့ ကြောင်တွေက ဖြန့်ကျက် ကျက်စားလျက် ရှိနေကြ တယ်လို့ သိရပါတယ်။

ဒီကျွန်းပေါ်မှာ အရင်တုန်း ကတော့ ကြွက်တွေ တစ်အားပေါပြီး ငါး ဖမ်း လှေတွေကို ကိုက်ဖြတ်လေ့ ရှိတာကြောင့် ကြောင်တွေကို အဲ့ဒီ ကျွန်းပေါ်မှာ ခေါ်ဆောင် မွေးမြူ ခဲ့ကြတာ
ဖြစ်ပါတယ်။

ကြွက်တွေက ကုန်စင်သွား ခဲ့ပေမယ့်လည်း ကြောင်တွေ ကတော့ မျိုးပွားနှုန်း အရမ်းများ လာတာကြောင့် ကျွန်းပေါ်မှာ ကြောင်တွေ အထိန်းအကွပ် မရှိ များပြား လာပြီး နည်းပါး သွားအောင် လုပ်ဖို့လည်း ခက်ခဲ လာခဲ့ ပါတယ်။



အခုဆိုရင်တော့ အဲ့ကျွန်းပေါ် ကြောင် အရေ အတွက်ဟာ ၁၂၀၀ ဝန်းကျင် ရှိပြီး ၄င်းတို့ထဲမှ ၁၀ ကောင်လောက် ကိုသာ သင်းကွပ်ထားရသေးပါတယ်။

၎င်းကြောင်များသည် ထိုကျွန်းပေါ်ရှိ သီးနှံများနှင့် စွန့်ပစ် အစားအစာများ ကိုသာ စားသောက် နေထိုင် တယ်လို့ သိရပါတယ်။ ထိုကျွန်းပေါ်ရှိ ရွာလေးတွင် ဆိုင်များ၊ ဟော်တယ်လ်များ မရှိ ဘဲ ကြောင် ကျွန်းဟု နာမည် ကြီးကာ တစ်နေ့လျှင် နှစ်ကြိမ် ဖယ်ရီ ရှိကာ မြို့ကြီးများမှ လူများကို ဆွဲဆောင် နေနိုင်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။



သို့ပေမယ့်လည်း အဲ့ကျွန်းပေါ်မှာ အသက် အရွယ်ကြီးတဲ့ သူတွေနဲ့ ကြောင်တွေသာ ကျန်ရှိနေ ခဲ့ပြီး ငယ်ရွယ် သူတွေကတော့ အခြား မြို့ရွာများသို့ ပြောင်းရွေ့သွားကြပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် တစ်ဖြည်းဖြည်းနဲ့ လူမရှိဘဲ ကြောင်တွေသာ ကျန်ရှိတော့တဲ့ ကျွန်းတစ်ခု ဖြစ်သွားမှာကို ကြောက်ရွံ့နေရ တယ်လို့ သိရပါတယ်။

Ref : DailyMail

Originally published at - http://knowledge.thithtoolwin.com/2016/06/blog-post_17.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...