
အိန္ဒိယ နိုင်ငံမှ အသက် ၁၃ နှစ် အရွယ် အက်ဒစ်ရာဟာ ခန္ဓာကိုယ်ကို မြွေတကောင်လို တွန့်လိမ် ချိုးပြနိုင်တဲ့ အံ့ဖွယ် စွမ်းရည်ကို ပိုင်ဆိုင် ထားသူပါ။
သူဟာ မဟာရက်ခ်ျထရာ ပြည်နယ်၊ ရတနာဂီရိ ဒေသ အနီးက ရွာတရွာမှာ နေထိုင်နေတာ ဖြစ်ပြီး သူ့ရဲ့စွမ်းရည် တွေကြောင့် မြွေထီး ကလေးလို့ နာမည်ပြောင်နဲ့ ရေပန်းစား နေတာပါ။
ခုလိုဖြစ်လာဖို့ သူဟာ ယောဂကျင့်စဉ်ကို ၈ နှစ်လောက် လေ့ကျင့်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
သူဟာ ခန္ဓာကိုယ်ကို ပုံစံအမျိုးမျိုးနဲ့ တွန့်လိမ်ခေါက်ချိုးပြနိုင်ပြီး ခြေထောက်နဲ့ သွားပွတ်တံကို ညှပ်ကိုင်ကာ သွားတိုက်နိုင်တဲ့အထိကို လုပ်ပြနိုင်သူပါ။
ဒါပေမယ့် အက်ဒစ်ရာကတော့ သူ့ရဲ့အိပ်မက်တွေကို ခုထက်ပိုကောင်းမွန်လာဖို့ မျှော်လင့်နေပြီး တနေ့မှာ သူ့နာမည်ကို ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – စီစီတီဗွီ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156735






No comments: