အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ခွဲစိပ်ပြုပြင်မှုများ. Show all posts
Showing posts with label ခွဲစိပ်ပြုပြင်မှုများ. Show all posts

Wednesday, June 8, 2016

အောင်မြင်ထင်ရှား လိင်ပြောင်းမယ်များ


ယခင် ကထက် ပိုမို ပွင့်လင်း လွတ်လပ် လာပြီ ဆိုပေမယ့် Gay လို့ခေါ်တဲ့ မိန်းမစိတ်နဲ့ ယောက်ျား တွေကို လူမှု ဝန်းကျင်မှာ လက်ခံတာ အားနည်း နေဆဲပါ။

အားနည်း နေတဲ့ အကြားက သူတို့ဘဝကို သူတို့ ကြံ့ကြံ့ခံ ရပ်တည်ပြီး အောင်မြင် နေသူ မော်ဒယ်လ်တွေ၊ မိတ်ကပ် ပညာရှင်တွေ၊ ဒီဇိုင်နာ တွေလည်း တွေ့ရ ပါတယ်။

အမျိုးသမီး တွေက အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေး ရဖို့ ကြိုးစား ကြတယ်၊ နယ်ပယ်တိုင်းမှာ ရင်ပေါင်တန်း လှုပ်ရှား လုပ်ကိုင်နေ တာတွေ တွေ့နေ ရသလို အမျိုးသမီးတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်ဖို့ လိင်ပြောင်းမယ် တွေလည်း ကမ္ဘာ့ အနုပညာ နယ်ပယ်မှာ ပေါ်ထွက် လာနေတာ တွေ့ရ ပါတယ်။ သူတို့ဘ၀ သူတို့ ရည်ရွယ် ရာတွေ ကလည်း စိတ်ဝင် စားစရာ ကောင်းပါတယ်။


အေမီလီယာမော်လ်တာပီး (ဘင်္ဂလားဒေ့ရှ်)




၂၀၀၉ ခုနှစ်က ကနေဒါနိုင်ငံ တိုရန်တိုကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၃ နှစ် အရွယ် အေမီလီယာ မော်လ်တာပီးဟာ အခုဆိုရင် အအောင်မြင်ဆုံး လိင်ပြောင်း မော်ဒယ် တဦးပေါ့။

ယခင်က ဘင်္ဂလားဒေ့ရှ် ရိုးရာ မိသားစုက ပေါက်ဖွား လာသူပါ။ တိုရန်တိုကို ပြောင်းလာ ပြီးနောက် လိင်အပြောင်း အလဲ လုပ်ယူ ရနိုင်တယ် ဆိုတာ သိမြင်လာပြီး ခန္ဓာကိုယ် အတွင်း ဟော်မုန်း အပြောင်း အလဲ စလုပ် ခဲ့ပြီး၂ လလောက် ကြာတော့ ရင်သားထဲ တစ်ရှူးထည့်သွင်း ခွဲစိတ် ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က ရင်သား ခွဲစိတ်ရာမှာ အမေရိကန် ဒေါ်လာ ၁ သောင်း သုံးစွဲ အကုန်အကျ ခံပြီး တဲ့နောက် သူ့ရဲ့ ရင်သား အရွယ်က ဓာတ်ပုံမှာ တွေ့ရတဲ့ အနေအထား အတိုင်း ဖြစ်လာ တာပါ။

သူဟာ နောက်ထပ် ဒေါ်လာ ၃ ထောင်ကျော်ကို သူ့ရဲ့ လေဆာ ဆံပင် ဖယ်ရှားတာ ပြုလုပ် အပြီးမှာတော့ အေမီလီယာဟာ အမျိုးသမီးမော်ဒယ်လ် လောကမှာ ပေါ်ထွက်လာပါတယ်။

သူဟာ ယောက်ျားလေး အဖြစ်နဲ့ မွေးဖွား လာခဲ့တာ ဖြစ်ပေမယ့် မယ်ကမ္ဘာဘွဲ့ ရဖို့တောင် မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ သူဟာ မိန်းကလေးအဖြစ် ခွဲစိတ်ပြုပြင်မှု အပြည့် အစုံ ပြုလုပ် ပြီးနောက် အေမီလီယာဟာ မိန်းမ တယောက်လို သူ့ရဲ့ ကိုယ်ရေး လေ့ကျင့်ပေးသူ ရည်းစား ချာလီ (Charles) နဲ့ အတူ နေထိုင်လျက် ရှိပါတယ်။

ဖီယိုနာဆိုးလစ်စ် (ဖိလစ်ပိုင်)



ဖိလစ်ပိုင်က အသက် ၂၆ နှစ် အရွယ် လိင်ပြောင်း မော်ဒယ်လ် ဖီယိုနာ ဆိုးလစ်စ်ပါ။ သူ့ကို မွေးဖွား ခဲ့တာက ယောက်ျားလေး အဖြစ်နဲ့ပါ။ လိင်ပြောင်းမယ် ပြိုင်ပွဲပေါင်း များစွာမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် မှာတော့ ဖီယိုနာဟာ ဖိလစ်ပိုင်နိုင်ငံက Queen of Cebu နဲ့ ဆက်သွယ် မိပါတယ်။

လိင်ပြောင်းလဲခဲ့သူ ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ဖီယိုနာဟာ နောက်ဆုံး ဖိုင်နယ် ၂၁ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ တီဗီရုပ်/သံ စီးရီးတခုမှာ ပါဝင်ခဲ့ပြီး ကြော်ငြာ ၄ ခုမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။

သူ နောက်ထပ် ရည်ရွယ်ထားတာကတော့ ထိုင်းနိုင်ငံ ပတ္တယားမှာ ပြုလုပ်မယ့် နိုင်ငံတကာ အလှဘုရင်မ ရွေးပွဲမှာ ပါဝင်ဖို့ပဲဖြစ်ပါတယ်။

သာလီတာဇမ်ပီရိုလီ (ဘရာဇီး)



ဘရာဇီးက သာလီတာ ဇမ်ပီရိုလီဟာ အသက် ၂၄ နှစ် အရွယ် လိင်ပြောင်း မော်ဒယ် တဦးဖြစ် သလို ဒီဇိုင်း ကျောင်းသူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ လိင်ပြောင်းဖို့ ဆော်ပိုလိုမြို့မှာ ပြုလုပ် ခဲ့တာပါ။ လိင်ပြောင်းတဲ့ အစီအစဉ် အဆင့်ဆင့်ဟာ သူ ၁၈ နှစ်ပြည့် မွေးနေ့ အပြီးမှာ အောင်မြင် ပြီးမြောက် ခဲ့တာလို့ ဆိုပါတယ်။

ကုန်ကျငွေတွေ ကိုတော့ သူ့ မိသားစုနဲ့ အဖွားဖြစ်သူက ထောက်ပံ့ ပေးတာလို့ သိရ ပါတယ်။

မထက်-Pop Soul (မြန်မာ) ဓာတ်ပုံ – Ma Htet/ဖေ့စ်ဘုတ်



သူ့ကိုယ်သူ She Male လို့ သတ်မှတ် ထားပြီး ရင်သား ခွဲစိတ်မှု ပြုလုပ် ထားတဲ့ မိတ်ကပ် ပညာရှင် မထက် (Pop Soul) ဟာ သူ့ရဲ့ လှပကျော့ရှင်းတဲ့ ဓာတ်ပုံတွေကြောင့် Facebook လူမှု ကွန်ရက် စာမျက်နှာမှာ လူသိများ ထင်ရှား ပါတယ်။

သူဟာ ကိုဥက္ကာထက် ဆိုတဲ့ ယောက်ျား ဘဝ ကနေ လိင်အင်္ဂါ ခွဲစိတ်မှု ခံယူပြီး မထက် အဖြစ် ခံယူခဲ့ သူပါ။ သူဟာ ပထမဆုံး အနေနဲ့ နှာခေါင်းနှင့် ရင်သား ခွဲစိတ် ပြုပြင်ခြင်းကို ပြုလုပ် ခဲ့တာပါ။

အဲ့ဒီနောက် အသံအိုး ခွဲစိတ်ပြုပြင်ခြင်းကို ပြီးခဲ့တဲ့နှစ်လောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် မထက်ရဲ့ အသံဟာ မိန်းကလေး တယောက် အသံနီးပါး ဆင်တူလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (သင်္ကြန်ကာလ) အတွင်းက သူ့ရဲ့လိင်အင်္ဂါ ပြောင်းလဲဖို့ နောက်ဆုံး ခွဲစိတ်ပြောင်းလဲမှုကို ပြုလုပ်ခဲ့တာပါ။ မထက်က ရုပ်သံအမေးအဖြေတခုမှာ “အစစ်မဟုတ်ရင်တောင် အနီးစပ်ဆုံးအတုဖြစ်ချင်တယ်” လို့ဆိုပြီး သူ့ရဲ့ ခွဲစိတ်ပြုပြင်ပြောင်းလဲရခြင်းရဲ့ ခံစားချက်ကို ပြောပြခဲ့ဖူးပါတယ်။

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/06/08/115929.html

Read More »

Thursday, March 3, 2016

ခွဲစိတ်ပြုပြင်မှုကြောင့် အသက် ၆၀ မှ အသက် ၃၀ သဖွယ် နုပျိုသွားသည့် ထိုင်းအဆိုတော်




ထိုင်းနိုင်ငံမှ အသက် ၆၀ အရွယ်ရှိ ကျေးလက်ဂီတ အဆိုတော် တစ်ဦးသည် ပလပ်စတစ် ဆာဂျရီ ခွဲစိတ် ကုသမှု ခံယူပြီးနောက် အသက် ၃၀ အရွယ်မျှ ဖြစ်သွားသည့် ၎င်း၏မျက်နှာ အသစ်ကို စတင် ထုတ်ဖော် ပြသ လိုက်သည်။

နာမည်ကျော် အဆိုတော် ဆူရာချိုင်း ဆွမ်ဘတ်ချာရီယွန်သည် ပြီးခဲ့သည့်လက ၎င်း၏ မျက်နှာကို ခွဲစိတ်မှု ခံယူခဲ့ပြီး ယခုအခါတွင်မှ ထုတ်ပြ လာခြင်း ဖြစ်သည်။

အဆိုပါခွဲစိတ်မှုကို အသက် ၃၈ နှစ် အရွယ် ပလပ်စတစ်ဆာဂျရီ အကြံပေး တစ်ဦးဖြစ်သည့် စီပင် ချိုင်ယာဆန်က ဦးဆောင်ခဲ့သည်။

အသက် ၃၈ နှစ်ရှိ စီပင်သည် သူမကိုယ်သူမ ဒေါက်တာ စီပင်ဟု ညွှန်းဆိုသုံးနှုန်းပြီး သူမ စီစဉ်ပေးသည့် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုများကို ဒေါက်တာစီပင်၏ မျက်နှာ လဲလှယ်မှု ပရောဂျက်များဟု ခေါ်ဝေါ်လေ့ရှိသည်။

ဆူရာချိုင်းကို ခွဲစိတ်မှုပြုလုပ်ပြီးကတည်းက စီပင်က သူမ၏အကြံပေးမှုများကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို အသက် ၃၀ အရွယ်ထိ နုပျိုသွားစေနိုင်သည်ဟု ကြွေးကြော်ခဲ့သည်။



ဝေဖန်မှု အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ ရသည့်တိုင် ယခုအခါ ဆူရာချိုင်းသည် ၎င်း၏ ပြုပြင် မွမ်းမံထားသော မျက်နှာအသစ်ကို စတင် ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်သည်။

စီပင်က မျက်နှာပေါ်ရှိ နေရာ ၁၀ ခုမျှကို ခွဲစိတ်ပြင်ဆင် လိုက်ရုံဖြင့် အလွန်နုပျိုသွားအောင် သူမက အကြံပေး ပြုပြင်နိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် စီပင်က သူမသည် ပလပ်စတစ် ဆာဂျရီ အကြံပေး တစ်ဦးသာဖြစ်ပြီး ဆရာဝန် တစ်ဦးမဟုတ်ကြောင်း ဝန်ခံခဲ့သော်လည်း သူမ၏မျက်နှာ လဲလှယ်မှု ပရောဂျက်သည် ထိရောက်အောင်မြင်မှု ကြီးမားစေမည်ဟု အာမခံခဲ့သည်။

“အခု ဆူရာချိုင်းရဲ့ မျက်နှာကို ခွဲစိတ်ပြုပြင် ထားပါတယ်။ ကျွန်မကို ပြင်းပြင်း ထန်ထန် မဝေဖန် ကြခင် ဒီခွဲစိတ်မှုရဲ့ရလဒ်ကိုတော့ အရင်စောင့်ကြည့် သင့်တယ်” ဟု သူမက ထိုစဉ်က ကာကွယ် ပြောကြားခဲ့သည်။

မတ် ၃ ရက်တွင်မူ ဆူရာချိုင်းသည် ၎င်း၏ မျက်နှာ အသစ်ဖြင့် လူမြင်ကွင်းတွင် ထွက်ပေါ်လာပြီး သတင်းထောက်များကို တွေ့ဆုံခဲ့ရာ မူလ ရုပ်ရည်နှင့် အလွန် ကွာခြားသွားသည်ကို တွေ့ရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စီပင် ကိုယ်တိုင်လည်း တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

Ref: Bangkok Post

Originally published at - http://www.7daydaily.com/story/59392


Read More »

Wednesday, November 18, 2015

မီးလောင် ပျက်စီးသွားသည့် မီးသတ် သမားမျက်နှာ ခွဲစိတ်မှု အောင်မြင် (ရုပ်သံ)




အမေရိကန်ပြည်ထောင်စု မစ္စစ္စပီက မီးဘေးကယ်ဆယ်ရေး လုပ်ဆောင်စဉ်မှာ မီးလောင်ပျက်စီးသွားတဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမားရဲ့ မျက်နှာကို အောင်မြင်စွာ အစာထိုး ကုသပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်က အောင်မြင်စွာ အစားထိုး ကုသပေးတဲ့ ဖြစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးသော မျက်နှာခွဲစိတ်မှုလည်း ဖြစ်ခဲ့ပါတယ်။

ခွဲစိတ်မှုကို နယူးယောက်တက္ကသိုလ် လန်ဂေါင်း ဆေးပညာဌာနမှာ သြဂုတ်လက ၂၆ နာရီကြာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်ရှိ ပက်ထရစ် ဟာဒီဆန်က အမေရိကန် ဘရွတ်ကလင်မှာ စက်ဘီးစီးရင်း မတော်တဆမှုနဲ့ သေဆုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် ဒေးဗစ် ရိုဒီဘတ်ရဲ့ မျက်နှာနဲ့ အစားထိုး ကုသခဲ့တာ ဖြစ်ပါတယ်။

ရိုဒီဘတ်ရဲ့ မိခင်က သားရဲ့မျက်နှာကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီခွဲစိတ်မှုကြောင့် ဟာဒီဆန်က မျက်တောင်ခတ်နိုင်ပြီ ဖြစ်သလို မျက်စိကိုလည်း ပိတ်ပြီး အိပ်စက်နိုင်ပြီ ဖြစ်ပါတယ်။

ဒီလို မျက်နှာအစားထိုး ကုသဖို့အတွက် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ ၁၅၀ လောက် ပါဝင်ခဲ့ပါတယ်။

ဟာဒီဆန်က မီးလောင်ရာမှာ ကယ်ဆယ်ရေး လုပ်ဆောင်စဉ် မီးလောင်ကျွမ်းပြီး မျက်နှာတခုလုံး ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။



By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123122

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, October 8, 2015

တောင်ကိုရီးယား နိုင်ငံတွင် အိမ်မွေး တိရိစ္ဆာန်များကို ခွဲစိပ်ပြုပြင်မှု ပိုမို ပြုလုပ်လာကြ




တောင်ကိုရီးယား နိုင်ငံဟာ ခွဲစိပ်ပြုပြင် ဖန်တီးခြင်းကို အလွန် ၀ါသနာ ပါတဲ့နိုင်ငံ တခုလို့ ဆိုရပါမယ်။ တောင်ကိုရီးယားရှိ လူများသာမက အခုဆို တိရိစ္ဆာန်များ ကိုပါ ခွဲစိပ်ပြုပြင် လာကြ ပြန်ပါပြီ။

အခုဆိုရင် အိမ်မွေး အလှခွေး ကလေးများကို ပလပ်စတစ် ဆာဂျရီ ပြုလုပ်ခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရေစီးကြောင်း အသစ်တခုလို ဒီနှစ်ထဲမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လို့ လာပါတယ်။ တပြိုင်နက်ထဲမှာပဲ ဒီလို ပြုလုပ် လာကြခြင်း အပေါ် တိရိစ္ဆာန် ချစ်သူများရဲ့ ဝေဖန်ပြောဆိုခြင်းတွေ ဟာလည်း ပေါ်ပေါက် လာပါတယ်။



တိရိစ္ဆာန်လေးတွေကို ဖြီးလိမ်းပြင်ဆင်ပေးခြင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျယ်ပြန့်စွာ ခေတ်စားလာခဲ့ ပြီး အငြင်းပွားဖွယ်ရာ ခွဲစိပ်ပြုပြင်မှုများကို သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးများအပေါ် ပြုလုပ်လာကြတဲ့ ပိုင် ရှင်ဦးရေဟာလည်း ပိုမိုများပြားလို့နေတာပါ။

ခွဲစိပ်ပြုပြင် ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၆၀ မှ ၁၀၀ ၀န်းကျင်ရှိပါတယ်။ သို့ပေမယ့် တောင်ကိုရီးယားနိုင်ငံမှ တိရိစ္ဆာန်ချစ်သူများက အခုလို တိရိစ္ဆာန်လေးများအား ခွဲစိပ်ပြုပြင်ခြင်း ရေစီး ကြောင်းအသစ်အပေါ် အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ဒါဟာ ညင်းပန်းနှိပ်စက်ခြင်းတခုဖြစ်တယ်လို့ ဆိုကြပါတယ်။



“တိရိစ္ဆာန်လေးတွေကို ခွဲစိပ်ဖို့ ဆုံးဖြတ်ထားကြတဲ့ ပိုင်ရှင်တွေဟာ ကလေးငယ်တဦးကို ပလပ်စတစ်ဆာဂျရီ လုပ်ဖို့ အတင်းအဓမ္မစေခိုင်းနေတဲ့ မိဘနဲ့တူပါတယ်” လို့ ဒီလိုခွဲစိပ်မှုအပေါ် ကန့်ကွက်သူတဦးက ဆိုရှယ်မီဒီယာ တခုမှာ ရေးသားထားပါတယ်။

အခုလို အိမ်မွေးတိရိစ္ဆာန်များကို ပလပ်စတစ်ဆာဂျရီပြုလုပ်ပေးခြင်းဟာ ယခင်က ဆေးပညာလောကမှာ စိတ်တောင်မကူးခဲ့ဘူးတဲ့ အရာတခုဖြစ်ခဲ့ပေမယ့် မကြာခင်မှာပဲ ဒီလို ခွဲစိပ်ပြုပြင်ခြင်းတွေဟာ သူတိုရဲ့ တိ ရိစ္ဆာန်လေးတွေကို ပိုမို ဆွဲဆောင်မှုရှိစေနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိလာကြတဲ့အခါမှာ ပြုလုပ်လာ ကြခြင်း ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Ref: CCTV news

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_8.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...