အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

ကိုးကွယ်မှုကို စွန့်လွှတ်ဖို့ ငြင်းတဲ့ အမျိုးသမီး သေဒဏ်ကျ




ခရစ်ယာန် အမျိုးသား တစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့ ဆူဒန်နိုင်ငံသူ အမျိုးသမီးဟာ သူမရဲ့ ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုကို စွန့်လွှတ်ဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် မေလ ၁၅ ရက်နေ့က သေဒဏ် ချမှတ် ခံခဲ့ရကြောင်း သူမရဲ့ ရှေ့နေက ပြောပါတယ်။

Meriam Ibrahim အမည်ရှိ အသက်၂၆နှစ် အရွယ် အဲဒီ အမျိုးသမီးဟာ မူစလင် ဖခင်နဲ့ အီသီယိုးပီးယားက ရှေးရိုးစွဲ ခရစ်ယာန် မိခင် ကနေ မွေးဖွား လာခဲ့သူပါ။

သူမဟာ ယုံကြည် ကိုးကွယ်ခဲ့တဲ့ ဘာသာကို မေလ ၁၁ရက်မှာ စွန့်လွှတ်ခဲ့ပြီး နောင်တရရန် ၄ရက် အချိန်ပေးခံ ခဲ့ရတယ်လို့ သူမရဲ့ ရှေ့နေ Al-Shareef Ali al-shareef Mohammed ကပြော ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ကိုယ်ဝန်ရှိနေတဲ့ မစ္စစ် Ibrahimကို အမိန့် ချမှတ်ခဲ့ပါတယ်။

ဆူဒန်နိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ဥဒေပုဒ်မ အရ မူစလင်ဘာသာ ကနေ တခြား ဘာသာကို ကူးပြောင်းရင် ရာဇ၀တ် သင့်ပါတယ်။ ဆူဒန်နိုင်ငံက အမျိုးသမီးတွေဟာ မူစလင်ဘာသာဝင် မဟုတ်သူတွေနဲ့ လက်ထပ်ခြင်းကို တားမြစ်ခံ ထားရပါတယ်။

ဥပဒေအရ ကလေးတွေဟာ သူတို့ ဖခင်ဖြစ်သူရဲ့ ဘာသာရေးနောက်ကို လိုက်ရမှာပါ။ မစ္စစ် Ibrahimကလေး ဘ၀တုန်းက သူမရဲ့ဖခင်ဖြစ်သူဟာ မိသားစုကို ပစ်ထားခဲ့ပြီး သူမရဲ့မိခင်က သူမကို ခရစ်ယာန်ဘာသာ အဖြစ် ကြီးပြင်းအောင် မွေးမြူခဲ့ကြောင်း မစ္စတာ Mohammed ကပြောပြ ခဲ့ပါတယ်။

Ref: The Guardian

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_30.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...