အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 1, 2015

အထက်တန်းကျောင်း ဒီပလိုမာ ရသွားပြီဖြစ်တဲ့ ၉၇နှစ် အရွယ် ဖွားဖွား




အသက် ၉၇နှစ်အရွယ် ဖွားဖွားတစ်ယောက်ဟာ မီချီဂန်အထက်တန်းကျောင်း တစ်ကျောင်း ကနေ ဂုဏ်ယူဖွယ် ဒီပလိုမာ ရရှိ သွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။ ဖွားဖွားဟာ သူ့မိသားစုအတွက် အချိန်ပေးရင်း ဆယ်စုနှစ် ၈၀ ကျော်ကို ဖြတ်သန်း ခဲ့ရပြီး တဲ့နောက် ပညာရေးဘက်မှာ အောင်မြင်ဖို့ ပြန်လည်ကြိုးစား ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖွားဖွားရဲ့ နာမည်ကတော့ Margaret Thome Bekema ပါ။ ဖွားဖွားဟာ သူ့သူငယ်ချင်းတွေဆီမှာ ဘဝတစ်လျှောက်လုံး ရည်မှန်းထားခဲ့တာကို ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ အမေရိကန် မီချီဂန်ပြည်နယ်၊ Grand Rapids မြို့က Catholic Central အထက်တန်းကျောင်းမှာ ဒီပလိုမာ ရရှိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။



ဖွားဖွား Bekema ဟာ တကယ်ဆိုရင် ၁၉၃၆ခုနှစ်ကတည်းက ဘွဲ့ရခဲ့ရမှာပါ။ ဒါပေမဲ့ မိခင်ဖြစ်သူက ကင်ဆာနဲ့ ဆုံးပါးသွားတဲ့အချိန်မှာ ကျောင်းကထွက်ပြီး မွေးချင်း မောင်ညီမငယ် ၃ ယောက်ကို လုပ်ကိုင်ရှာဖွေ ကျွေးခဲ့တာပါ။

အသက် ၁၇နှစ်မှာ ကျောင်းထွက်ခဲ့ရလို့ ရင်ကွဲမတတ် ဖြစ်ခဲ့ရပေမဲ့ အခုလို သင်ယူပြီးမြောက် အောင်မြင်မှုအတွက် ကျေးဇူးတင်ပါတယ်လို့ ဖွားဖွား Bekema ကပြောခဲ့ပါတယ်။

Ref: AP

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_2.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...