အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အလှအပရေးရာ. Show all posts
Showing posts with label အလှအပရေးရာ. Show all posts

Thursday, February 25, 2016

ရေချိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက် (၄) ချက်




၁ - ဆပ်ပြာအမြောက်အများ သုံးခြင်း

ဆပ်ပြာထဲမှာ ပါဝင်တဲ့ Surfactants ဆိုတဲ့ ဓာတုဗေဒ ပစ္စည်းဟာ အဆီနဲ့ ရေကို ပေါင်းစပ်ပေး သလို ခန္ဓာကိုယ်မှာ ရှိတဲ့ သဘာဝ အဆီတွေ ကိုလည်း ဖယ်ရှား ပေးပါတယ်။

ဆပ်ပြာအမြောက်အများ သုံးခြင်းကြောင့် ခန္ဓာကိုယ် အရေပြားမှာ ရှိသင့်တဲ့ သဘာဝ ဆီတွေကို ဖယ်ရှား ပစ်လိုက် ပါတယ်။

၂ - ဆပ်ပြာမပြောင်ခြင်း



ရေချိုးပြီးတဲ့ အခါမှာ လည်ပင်းနား၊ နားရွက်နား စတဲ့ နေရာနားတွေမှာ ဆပ်ပြာတွေ ကျန်တတ် ပါတယ်။ ဒါဟာ ခန္ဓာကိုယ် ယားယံ မှုတွေနဲ့ အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေ ပါတယ်။

၃ - မျက်နှာဖုံး



ရေချိုးပြီးမှ မျက်နှာ ပေါင်းတင်တဲ့ Mask ကို မသုံးသင့် ပါဘူး။

၎ - တဘက်



တဘက်သုတ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း မသုတ်သင့်ပါဘူး။ အသားအရေ ခြောက်သွေ့မှုကို ပိုဖြစ်စေပါတယ်။

Photos & Source: Huffington

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Friday, February 19, 2016

ရုပ်မချောပေမဲ့ လှအောင် ဘယ်လိုနေမလဲ




၁ - ခန္ဓာကိုယ်ပုံစံ

ရုပ်ရည်ပိုင်း အားနည်းပေမဲ့ ခန္ဓာကိုယ် ပိုင်းက ပြင်ဆင်လို့ ရပါတယ်။ ဥပမာ- လက်ပြင် ကုန်းရင် ပြင်ဆင်ပြီး ခန္ဓာကိုယ်ကို မတ်မတ်လျှောက်ပါ။

၂ - သန့်ရှင်းစွာ

ဆံပင်၊အသားအရေ စတာတွေကို သန့်သန့်ရှင်းရှင်း ထားပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပါ။

၃ - ယုံကြည်မှု

ယုံကြည်မှုရှိမယ်လို့ ထင်တဲ့ အရာမျိုးကို လေ့လာ ဆည်းပူးပါ။ ဥပမာ - ရုပ်ရည် အားနည်းနေပေမဲ့ နယ်ပယ် တစ်ခုမှာ ထူးချွန် တာမျိုးပါ။



၎ - ဆံပင်ပုံစံ

ဆံပင်ဟာ ဒုတိယ မျက်နှာပါ။ ရုပ်ရည်ပြေပြစ် သူတောင် လိုက်ဖက်တဲ့ ဆံပင်ပုံစံ မရှိရင် ရုပ်ဆိုး သွားတတ် ပါတယ်။ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရှာဖွေပြီး ညှပ်ပါ။

၅ - မျက်နှာ

မျက်နှာကို ဂရုစိုက်ပါ။ ပုံမှန်ပေါင်းတင်ပါ။ ဖြစ်နိုင်ရင် ယုံကြည်ရတဲ့ တန်ဖိုးမြင့် အလှကုန် ပစ္စည်းကိုပဲ သုံးပါ။



၆ - မိတ်ကပ်

မိတ်ကပ်သုံးပါ။ အလွန်အကျွံ ပြင်ဆင် တာမျိုးကို မလိုအပ်ဘဲ မလုပ်ပါနဲ့။


၇ - စိတ်ထားကောင်းပါ


စိတ်ထားကောင်းဖို့ လိုပါတယ်။ ကိုယ့် စိတ်ထားဟာ မျက်နှာမှာ ဖော်ပြပါတယ်။ တစ်ချို့လူတွေဟာ ရုပ်ရည်ပိုင်း အားနည်းပေမဲ့ လူချစ် လူခင် ပေါတာ စိတ်ထားကြောင့်ပါ။



၈ - ပြုံးပါ

မျက်နှာ ချိုတာကလည်း လူတွေကို ဆွဲဆောင်နိုင် ပါတယ်။ အမြဲပြုံးပါ။

၉ - အဝတ်အစား

လိုက်ဖက်တဲ့ အဝတ်အစားကိုပဲ ဝတ်ပါ။ ခေတ်စားနေတဲ့ စတိုင်တွေ နောက်ကို မလိုက်ပါနဲ့။

၁၀ - အစားအသောက်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေပဲစားတဲ့ အလေ့အကျင့်လည်း ရှိပါ။ နေ့စဉ် အသီးအနှံ ဖျော်ရည် တစ်ခွက် သောက်ပါ။

Photos & Source: wikiHow

Originally published at -


Read More »

Thursday, December 17, 2015

အသက်လေးဆယ်ကျော် အမျိုးသမီးတွေ စတိုင်ကျစေဖို့




အသက်အရွယ် ကြီးလာလေလေ စတိုင်ကျဖို့ အတွက် အခွင့်အရေး နည်းသွား လေလို့တွေး နေသူတွေ အတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စား ပုံလေးဖြစ်အောင် ပြင်ဆင်လို့ရ တယ်ဆိုတာ သိထား ရအောင် အကြံပြု ချင်ပါတယ်။

ရောင်စုံ လည်ဆွဲများ အသုံးပြုခြင်း - အသက်အရွယ် ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက် အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

သက်တူရွယ်တူအနုပညာရှင်ကို တုပခြင်း

ကိုယ်နဲ့သက်တူရွယ်တူ၊ခန္ဓာကိုယ်အရွယ်အစားတူ၊ အသားရောင်တူပြီး ကိုယ်သဘောကျတဲ့ အနုပညာရှင်ရဲ့စတိုင်တွေကို မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကြည့်ရင်း အတုယူဝတ်ဆင်တာ မျိုးလည်းလုပ်နိုင်ပါတယ်။

ခေတ်ရေစီးကြောင်းအတိုင်းလိုက်ခြင်း

ဗီရိုထဲမှာ ခေတ်ပေါ် အဝတ်အစားတစ်စုံ၊ နှစ်စုံလောက်ရှိနေရင်ကိုပဲ ကိုယ်က ဒိတ်အောက်နေတဲ့ စာရင်းထဲမပါနိုင်တော့ပါဘူး။ အဝတ်အစားအတွက် အချိန်မပေးနိုင်ဘူးဆိုပေမယ့် ရှော့ပင်း ထွက်ရင်းကိုယ့်အသက်တန်းအတွက် ဘာဒီဇိုင်းတွေခေတ်စားနေလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။

ခြေထောက်အလှပေါ်သည့် အဝတ်အစားရွေးခြင်း

အသက် (၂၀) အရွယ် ပြန်မရနိုင်တော့ဘူးဆိုတာနဲ့ အင်္ကျီပွပွ ရှည်ရှည်ကြီးတွေပဲဝတ်ရမှာမဟုတ်ပါဘူး။ ခြေထောက်အလှပေါ်လွင်စေမယ့် ဒူးအထက် ၁ လက်မ၊ ၂ လက်မစကတ်အတိုပုံစံမျိုးလည်း ဝတ်သင့်သလို အကျပ်ပုံစံလေးနဲ့လည်း အလန်းဇယားဖြစ်အောင် လုပ်နိုင်ပါသေးတယ်။

အရည်အသွေးမြင့် အထည်များ ရွေးချယ်ခြင်း

ခပ်ပေါပေါပိတ်စတွေသုံး ထားတဲ့ အဝတ်အစားထက် ပိုးသားလိုပိတ်သားပျော့ပျော့ချောချောပုံစံမျိုးတွေ၊ ပိတ်သား အကောင်းစားတွေဝတ်တာဟာချပ်ချပ်ရပ်ရပ်နဲ့ လှပစေပါတယ်။ နောက်ပြီးလက်ပြတ်ခါးတို အင်္ကျီပုံစံမျိုးလေးတွေ၊ ပိတ်ပါးသားသုံးထားတဲ့ အင်္ကျီမျိုးလေးတွေနဲ့ဆိုရင် အမြင်လေးဆန်းပြီး လှပနေစေမှာပါ။

Original link - http://www.7daydaily.com/story/53528


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...