အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ရှေးဟောင်းပစ္စည်းများ. Show all posts
Showing posts with label ရှေးဟောင်းပစ္စည်းများ. Show all posts

Sunday, July 3, 2016

ပိုလန်တွင် ၁၆ ရာစုမှ သွေးစုပ်ဖုတ်ကောင် ရုပ်ကြွင်းတွေ့ရှိ


Pic shows: Vampire's skeleton close up. The skeleton of a man who was buried as a vampire in the 16th century has now been unveiled as a museum exhibit. The collection of bones had been found some two years ago in an ancient cemetery in Kamien Pomorski, a town in northern Poland, and had all the markings of a vampire burial. Dig leader Slawomir Gorka - whose team found it in a graveyard next to the townís church - explained that the man had probably been buried around the 16th century. The skeleton had a stake driven through its leg and a small rock in its mouth. The stone had been put in the bodyís mouth to stop it from biting or sucking blood from its victims. And the pierced tibia and femur - normally with iron spikes - was done to prevent the vampire from climbing out of its grave. The bones are now the main attraction at the Kamien Museum of Land History and organisers are preparing an exclusive exhibit just for the vampire. (ends)

ပိုလန်နိုင်ငံ မြောက်ပိုင်းမှာ ၁၆ ရာစုက သွေးစုပ် ဖုတ်ကောင် ရုပ်ကြွင်း တခုကို တွေ့ရှိ ခဲ့ပြီး ခုချိန်မှာတော့ ပြတိုက်မှာ ပြသ ထားပြီလို့ မက်ထရို သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

ဒီရုပ်ကြွင်းကို မြောက်ပိုင်းမြို့ တမြို့ဖြစ်တဲ့ ကေမီယံ ပိုမော့စကီး မြို့မှ ခရစ်ယာန် ဘုရားကျောင်း တခု အနီးက ရှေးဟောင်း သင်္ချိုင်းတခုထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်က တူးဖော်ရ ရှိခဲ့တာပါ။

ရုပ်ကြွင်းရဲ့ပုံစံဟာ မြေပြင်မှာ ခြေထောက်ကို တိုင်နဲ့ ချည်ပြီး မီးရှို့သတ်ခံ ထားရပုံ ပေါ်ပြီး ပါးစပ်မှာလည်း ကျောက်စိုင်ခဲ အသေးတခုကို တွေ့ရှိ ရတယ်လို့ ဆိုပါတယ်။

ရုပ်ကြွင်း တူးဖော်ရေး အဖွဲ့ခေါင်းဆောင် စလော်ဝူမာ ဂေါ်ကာက ဒီသွေးစုပ်ဖုတ် ကောင်ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ ၁၆ ရာစုက မြေမြှုပ် ခံထားရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပါးစပ်မှာ ကျောက်စိုင်ခဲကို ထားရှိတာဟာ တယောက်ယောက်ကို ကိုက်ဖို့၊ ဒါမှမဟုတ် သွေးစုပ်ဖို့ ကြိုးစားခြင်းမှ ရပ်တန့်စေ ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဒီရုပ်ကြွင်းကို ကေမီယံ သဘာဝ သမိုင်းပြတိုက်မှာ ပြသထားပြီး လာရောက်လည်ပတ် သူတွေကို အဓိကဆွဲဆောင်နေ တယ်လို့ ပိုလန်နိုင်ငံ ၀က်ဘ်ဆိုဒ်စာ မျက်နှာ တခုဖြစ်တဲ့ fakt.pl မှာ ဖော်ပြ ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/157529

Read More »

Sunday, June 5, 2016

ရေအောက်ရှိ ပျောက်ဆုံးနေသောမြို့ ဟု ယူဆသည့်နေရာ ဘူမိဗေဒဆိုင်ရာ အံ့ဖွယ်နေရာတစ်ခုသာဖြစ်




အေသင် ၊ ၅-၆-၂၀၁၆

ပင်လယ် ရေအောက်တွင် စက်ဝိုင်းပုံ ကျောက်တိုင်များနှင့် လမ်းခင်း ထားသော ကြမ်းပြင်များ ကို ရေငုပ်သမား များက တွေ့ရှိ ခဲ့ပြီးနောက် ၄င်းနေရာသည် ဂရိနိုင်ငံ Zakynthos ကျွန်းရှိ ပျောက်ဆုံး သွားသော မြို့တစ်မြို့ ဖြစ်နိုင်ကြောင်း ယူဆချက်ကို သိပ္ပံပညာရှင် များက ငြင်းဆို လိုက်ပြီး ၄င်းသည် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် ဘူမိဗေဒ ဆိုင်ရာ အံ့ဖွယ် နေရာ တစ်ခုသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။



ရေအောက်အတွင်း ပျောက်ဆုံး နေသည့် မြို့တော် တစ်ခုဟု ယူဆထားသည့် အဆိုပါ နေရာသည် လွန်ခဲ့သော နှစ်သန်းပေါင်း ငါးသန်းနီးပါး ခန့်က သဘာဝ အလျောက် ဖြစ်ပေါ် လာသည့် ဘူမိဗေဒ ဆိုင်ရာ အံ့ဖွယ်နေရာ တစ်ခုသာ ဖြစ်ကြောင်း သိပ္ပံပညာရှင် များ၏ ယူဆချက်ကို Marine and Petroleum Geology ဂျာနယ်၌ ဖော်ပြထားသည်။

ကမ္ဘာလှည့် ခရီးသွားများနှင့် ရေငုပ်သမား များက ပင်လယ် ကြမ်းပြင်တွင် တွေ့ရှိခဲ့သော အရာများမှာ ရှေးဟောင်း သုတေသန ဆိုင်ရာ အကြွင်းအကျန် များဖြစ်သည် ဟု ယူဆ ခဲ့ကြ သော်လည်း ယင်းအချက်ကို ခိုင်မာစေသည့် အထောက်အထား များကို မတွေ့ရကြောင်း အရှေ့ အန်ဂလီယာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံတက္ကသိုလ်မှ ပါမောက္ခ ဂျူလီယန်း အန်ဒရူး က ပြောကြား ခဲ့သည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_8.html

Read More »

Friday, May 20, 2016

ဦးချိုပါ ဒိုင်နိုဆောမျိုးစိတ်သစ် ၏ ကျောက်ဖြစ်ရုပ်ကြွင်း များကို အမေရိကန်တွင် ရှာဖွေတွေ့ရှိ




ဝါရှင်တန် ၊ ၂၀-၅-၂၀၁၆

သိပ္ပံပညာရှင် များသည် နှစ်ပေါင်း ၇၇ သန်းခန့် သက်တမ်းရှိသည့် ဦးချိုပါ ဒိုင်နိုဆော မျိုးစိတ်သစ်၏ ကျောက်ဖြစ် ရုပ်ကြွင်း များကို အမေရိကန် ပြည်ထောင်စု တွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

Machairoceratops cronusi ဟုအမည် ပေးထားသည့် အဆိုပါ Centrosaurine ဒိုင်နိုဆော မျိုးစိတ်သစ် သည် ခန္ဓာကိုယ် အရွယ်အစား ကြီးမားသည့် ဦးချိုပါ Ceratopsians ဒိုင်နိုဆော မျိုးစိတ်ဝင် တစ်ခု ဖြစ်သည်။



သိပ္ပံပညာရှင် များသည် အဆိုပါ ဒိုင်နိုဆော အုပ်စု၏ ကျောက်ဖြစ် ရုပ်ကြွင်းများကို မြောက် အမေရိက တိုက်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျောက်ဖြစ်ရုပ် ကြွင်းများကို Cretaceous ခေတ်က အဲလက်စကာ၊ အယ်လ်ဘားတား၊ မွန်တာနာ နှင့် ဆစ်စကတ်ချီဝန် ပြည်နယ်တို့ တည်ရှိရာ Laramidia ကျွန်း မြောက်ဘက်တွင် အများဆုံး တွေ့ရှိရပြီး ယူတာ၊ ကော်လိုရာဒို၊ နယူးမက္ကဆီကို၊ တက္ကဆက် ပြည်နယ်နှင့် မက္ကဆီကို နိုင်ငံတို့ တည်ရှိရာ တောင်ဘက်ပိုင်း တွင်မူ အနည်းငယ်သာ တွေ့ရှိရကြောင်း သိရသည်။

ယခုအခါ အိုဟိုင်းအိုး တက္ကသိုလ်နှင့် ယူတာ အမျိုးသား သဘာဝသမိုင်း ပြတိုက်မှ သုတေသီများသည် ၄င်းဒိုင်နိုဆော ၏ ဦးချိုပိုင်းနှင့် အခြား ဦးခေါင်းခွံပိုင်း တို့ကို ယူတာ ပြည်နယ်ရှိ Grand Staircase-Escalante အမျိုးသား အထိမ်းအမှတ် အဆောက်အအုံ တွင် ခင်းကျင်းပြသ ထားသည်။

Machairoceratops ဒိုင်နိုဆော များ၏ ရုပ်ကြွင်းများအား ယခုကဲ့သို့ ရှာဖွေ တွေ့ရှိမှု သည် Laramidia ကျွန်းတောင်ဘက်မှ Ceratopsians ဒိုင်နိုဆော မျိုးစိတ် အမျိုးမျိုး၏ ကွဲပြားပုံကို ပိုမိုလေ့လာ သိရှိနိုင်ရုံ သာမက နှစ်လေးသန်း ခန့်က Diabloceratops မျိုးစိတ် များနှင့် Nasutoceratops မျိုးစိတ်အကြား ဆင့်ကဲပြောင်းလဲ ပုံကိုလည်း သိရှိနိုင်ရန် အထောက်အပံ့ ဖြစ်စေကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_95.html

Read More »

Monday, May 16, 2016

လွန်ခဲ့သော နှစ်ပေါင်း ၁၂ သန်းခန့်က ရှင်သန်ခဲ့သည့် ခွေးတစ်ကောင်၏ ရုပ်ကြွင်း တွေ့ရှိ


A file photo of aelurodon stirtoni of Borophaginae subfamily. Photo: WIkimedia Commons


ဝါရှင်တန် ၊ ၁၆-၅-၂၀၁၆

မြောက် အမေရိက တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၂ သန်းခန့်က ရှင်သန် ကျက်စား ခဲ့သည့် ဝက်ဝံငယ် အရွယ် အစားရှိ ခွေးတစ်ကောင်၏ ရုပ်ကြွင်းကို သိပ္ပံပညာရှင် များက ရှာဖွေ တွေ့ရှိ ခဲ့ပြီးနောက် ၄င်းခွေး အမျိုး အစားကို Cynarctus မျိုးစိတ်ဟု သတ်မှတ် ခဲ့ကြောင်း သိရသည်။

Cynarctus မျိုးစိတ် ခွေးများသည် ကြီးမားသော သွားနှင့်မေးရိုးများ ရှိသောကြောင့် အရိုးကို ကျေညက်အောင် ဝါးနိုင်သော ခွေးများဟု လူအများစုက သိရှိထားသည်။ သုတေသီများ ရှာဖွေတွေ့ရှိ ခဲ့သော ၄င်းခွေး၏ ရုပ်ကြွင်းမှာ အာဖရိကနှင့် အာရှတိုက် တို့တွင် တွေ့ရသည့် ခွေးနှင့် သဏ္ဌာန် တူကြောင်း၊ ၄င်းတို့သည် အုပ်စုဖွဲ့ နေတတ်ကာ အသေကောင်ကို စားလေ့ရှိပြီး လှောင်ရယ်သံ အလား အော်မြည် တတ်သည့် တောရိုင်း တိရစ္ဆာန်ဟု ယူဆရကြောင်း အမေရိကန်ရှိ ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှ ကျောင်းသား တစ်ဦး ဖြစ်သည့် စတီဗင် အီဂျာဆင်စကီ က ပြောကြားသည်။

ယင်းကဲ့သို့ ရှေးကျသော ခွေးမျိုးစိတ် ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိ မှုသည် ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်တို့ အတွက် မြောက်အမေရိက တိုက်အတွင်း မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါးတိရစ္ဆာန် မျိုးစိတ်များအား လေ့လာရာတွင် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည် ဟု သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_46.html

Read More »

Tuesday, March 22, 2016

၁၀ ပေါင်ဖြင့် ၀ယ်ယူထားသော Rolex-Panerai နာရီကို စတာလင်ပေါင် ၅၅၀၀၀ ကျော်ဖြင့် ရောင်းချ




လန်ဒန် ၊ ၂၂-၃-၂၀၁၆

ဒုတိယကမ္ဘာစစ် အတွင်းက အီတလီ ရေတပ်မှ ရေငုပ်သမား အတွက် အထူး ထုတ်လုပ် ထားသော စက်ပျက်နေသည့် Rolex-Panerai နာရီ တစ်လုံးကို စတာလင်ပေါင် ၅၅ဝဝဝ ကျော်ဖြင့် လေလံ တင် ရောင်းချ ခဲ့ကြောင်း သိရသည်။

အဆိုပါ နာရီကို ချက်ရှိုင်းယား ပြည်နယ်မှ အမျိုးသား တစ်ဦးက ဖခင်ဖြစ်သူ၏ နေအိမ်ဟောင်း ကို ရှင်းလင်းနေစဉ် အံဆွဲတစ်ခု အတွင်းမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယင်းနာရီကို ၄င်း၏ ဖခင်ဖြစ်သူက လွန်ခဲ့သည့် ၁ဝ နှစ်နှင့် အနှစ် ၂ဝ အကြား၌ ၁ဝ ပေါင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းနာရီကို ရောင်းချလျှင် စတာလင်ပေါင် ၅ဝဝ နီးပါးသာ ရရှိမည်ဟု ကနဦး မျှော်မှန်း ထား သော်လည်း နောက်ဆုံးတွင် လေလံဆွဲသူ တစ်ဦးက စတာလင်ပေါင် ၅၅ဝဝဝ ကျော်ဖြင့် ဝယ်ယူသွား ခဲ့ခြင်းဖြစ်သည်။

ယင်းနာရီကို အီတလီ နာရီ ကုမ္ပဏီတစ်ခု ဖြစ်သည့် Panerai ကုမ္ပဏီက Rolex နာရီ၏ နည်းပညာနှင့် ပေါင်းစပ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

နာရီတွင် လက်ပတ်ကြိုးနှင့် စက်လည်ပတ်မှု မရှိသော်လည်း လေလံဆွဲသူ များ၏ စိတ်အာရုံကို ဆွဲဆောင်နေဆဲ ဖြစ်ကြောင်း လေလံကုမ္ပဏီ က ပြောကြား ခဲ့သည်။

သို့ရာတွင် ဝယ်ယူသွား သူနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို လေလံ ကုမ္ပဏီက ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/03/rolex-panerai.html


Read More »

Tuesday, February 16, 2016

မိုးပျံပူဖောင်းနှင့် ပို့ခဲ့သည့် ၁၄၅ နှစ် သက်တမ်းရှိ စာတစောင် တွေ့ရှိ




ပြင်သစ်နိုင်ငံမှ အမျိုးသား တဦးက သူ့မိခင်ဆီ ရေးသား ခဲ့တဲ့ စာတစောင် မိုးပျံ ပူဖောင်းမှ တဆင့် ပို့လွှတ် ခဲ့တာကို သြစတြေးလျ နိုင်ငံမှာ တွေ့ရှိ ခဲ့ပြီး သက်ဆိုင်တဲ့ မိသားစုဝင်ကို သိချင်နေ ကြတယ်လို့ အမျိုးသား မော်ကွန်းတိုက်က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောပါတယ်။

၁၈၇၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်သစ် - ဂျာမနီ ဖရန်ကို - ဖရူရှန် စစ်ပွဲ ကာလတွင်း ဂျာမန် တပ်တွေ ၀န်းရံနေချိန် ခုလို မိုးပျံပူဖောင်းကို အသုံးပြုပြီး စာတွေကို ထောင်နဲ့ချီ ပေးပို့ ခဲ့ကြတာ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြ ပါတယ်။

ခုတွေ့ရှိတဲ့စာကတော့ ၁၈၇၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့မှာ ချားလ်စ်မက်စ် မီယာ အမည်ရ အမျိုးသားက ပြင်သစ်နိုင်ငံ၊ နော်မန်ဒီ ကမ်းခြေဆီ လိပ်မူပြီး ဂရူဆင် အမည်ရတဲ့ အမျိုးသားမှ တဆင့် သူ့မိခင်ဆီ ပေးပို့ခဲ့တာပါ။

သြစတြေးလျ အမျိုးသားမော်ကွန်းဌာန လက်ထောက်အထွေထွေဒါရိုက်တာ လူးဝစ်စ်ဒွိုင်းလ်က “ဒါဟာ လူ့သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်” လို့ ပြောပါတယ်။

“ဒါဟာ သြစတြေးလျမှာ ဘယ်လိုအဆုံးသတ် တွေ့ရှိရတယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ ခုထက် ပိုသိချင်လာမိတယ်။”

အဲဒီစာကို မူလ ကွင်းစလန်စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေး ပြတိုက်ကနေ ဘရစ္စဘိန်းပြတိုက်ကို လွှဲပြောင်းပေးခဲ့ပေမယ့် မူလပိုင်ရှင်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစုံတရာ မရရှိခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။

ခုချိန်မှာတော့ သြစတြေးလျ အမျိုးသားမော်ကွန်းဌာနဟာ ပြင်သစ်နိုင်ငံ အမျိုးသားမော်ကွန်းဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စာထဲမှာ အဲဒီအမျိုးသားက သူ့မိခင်ဆီကို သူ ကျန်းကျန်းမာမာရှိနေကြောင်း ရေးသားထားခဲ့တာပါ။

စာထဲမှာ “ကျနော်တို့ နေ့စဉ်စားသောက်ရတဲ့ အစားအသောက်တွေထဲမှာ အသားတွေ မရပါဘူး။ ရရှိတဲ့ အစားအစာတချို့ကလည်း သိပ်တော့မများလှဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ကျနော့်မိသားစုဝင် တဦးတလေကမှ စောဒကမတက်ကြပါဘူး” လို့ တစိတ်တပိုင်း ရေးထားခဲ့တာပါ။

တရွက်တည်းသာ ရေးထားခဲ့တဲ့ အဲဒီစာဟာ အလျား ၈ လက်မနဲ့ အနံ ၅ လက်မရှိပြီး စာရဲ့ဘယ်ဘက်ထိပ်မှာ မိုးပျံပူဖောင်းမှတဆင့်လို့ ရေးထိုးထားခဲ့တာပါ။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135599


Read More »

Thursday, November 26, 2015

နှစ် ၁၃၀၀ ကြာ အဆောင်လက်ဖွဲ့ (ရုပ်သံ)




နှစ်ပေါင်း ၁၃၀၀ ကြာပြီ ဖြစ်တဲ့ ဖာရောက် မဟာဝမ် ဆိုတဲ့ အဆောင် လက်ဖွဲ့တွေရဲ့ မူလ အစ အကြောင်းကို ထိုင်း သံဃာတော် တပါးက ရှင်းပြ ပါတယ်။

လွန်ခဲ့တဲ့နှစ် ၁၃၀၀ ဟာရီ ဖူချိုင်ခေတ် ကတည်းက ဒီလက်ဖွဲ့ တွေက ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီခေတ်မှာ ဘုရင်မ ချာမဒေ၀ီ ပထမဆုံး အုပ်ချုပ်ခဲ့ ပါတယ်။

ဒီအချိန်မှာ အုပ်ချုပ်တဲ့ တိုင်းပြည်ကို ကာကွယ် ဖို့နဲ့ စစ်သားတွေရဲ့ စိတ်ဓာတ် အတွက် အဆောင် လက်ဖွဲ့ စီရင်ပေးဖို့ ရသေ့တွေကို ဘုရင်မက ညွန်ကြား ခဲ့ပါတယ်။

ဖာရောက် မဟာဝမ် အဆောင်လက်ဖွဲ့တွေ လုပ်ဖို့ သဘောတူခဲ့ကြပြီး နာရာတာလို့ အမည်ရတဲ့ ရောက်ရသေ့က အဆောင်လက်ဖွဲ့လုပ်ဖို့ ခေါင်းဆောင်ခဲ့ပါတယ်။ သူ့ကို အစွဲပြုပြီးလက်ဖွဲ့ကို ဖာရောက်လို့လည်း ခေါ်ပါတယ်။

ဒီအဆောင်တွေကို ရွာသားတွေကနေ တဆင့်ရရှိခဲ့ပြီးတော့ ဘုရင်မလက်ထက်က အဆောင် စစ်မစစ် စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားတွေနဲ့ စစ်ဆေးခဲ့အပြီး ပညာရှင်တွေ အသုံးပြုတဲ့ နည်းလမ်းနဲ့ စစ်ဆေးခဲ့ပါတယ်။

ထိုင်းနျူကလီးယား နည်းပညာ ဌာနကို ပို့ဆောင်ပြီးလည်း စစ်ဆေးခဲ့ပါတယ်။ ရလဒ်တွေအရ နှစ်ပေါင်း ၁၃၂၃.၂ နှစ်ကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ စိတ်ကျေနပ်စရာ ရလဒ်ဖြစ်သလို ဒီလက်ဖွဲ့တွေက ဘုရင်မ လက်ထက်က ဖြစ်တယ်လို့ ပြောပါတယ်။

သိပ္ပံနည်းအရလည်း ဖာရောက် မဟာဝမ် အဆောင်လက်ဖွဲ့တွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဆောင်ဟာ လူတိုင်းကို မကောင်းဆိုးဝါးရန်နဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124360

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, October 19, 2015

ဆိုက်ပရပ်စ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၄ဝဝ ခန့်က အသုံးအဆောင် ပစ္စည်း များကို ရှေးဟောင်း မြေအောက် ဂူသင်္ချိုင်း မှတွေ့ရှိ




ဆိုလီ ၊ ၁၉-၁ဝ-၂ဝ၁၅

ဆိုက်ပရပ်စ်နိုင်ငံ ဆိုလီမြို့ရှိ ရှေးဟောင်း ဂူသင်္ချိုင်း သုံးခုအတွင်းမှ လွန်ခဲ့သည့် နှစ်ပေါင်း ၂၄ဝဝ ခန့်က လူ အသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂူသင်္ချိုင်း အတွင်းရှိ မြေတိုက်ခန်း နှစ်ခုမှ လူရိုး အပိုင်းအစများ အပြင် ဇိမ်ခံ အရက်သောက်သည့် ကလပ်ခွက်များ၊ ရွှေသစ်ရွက် ပန်းခွေတစ်ခု၊ လက်နက်များနှင့် လက်ဝတ် ရတနာများကို တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိမှုသည် ဆိုက်ပရပ်စ်နှင့် အခြားဥရောပ နိုင်ငံများ အကြား စီးပွားရေး ကူးသန်း ရောင်းဝယ်မှု လမ်းကြောင်းများကို သိရှိစေနိုင် ခဲ့ကြောင်း သုတေသန ပညာရှင် များက ပြောကြား ထားသည်။

ထို့ပြင် ဂူသင်္ချိုင်း တစ်ခုတွင် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့်ကလေးငယ် တစ်ဦးတို့၏ အရိုးအပိုင်းအစ များကိုတွေ့ရှိ ရပြီး အခြား ဂူသင်္ချိုင်းတွင်မူ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့၏ အရိုး အပိုင်းအစများကို တွေ့ရှိရသည့် အပြင် လက်ဝတ် ရတနာများ ကိုပါ တွေ့ရှိရသည့် အတွက် ၄င်းတို့သည် မဟာဆန်သော မိသားစုများ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် သာလျှင် ၄င်းတို့၏ လက်ဝတ်ရတနာ များကိုထည့်သွင်း မြှုပ်နှံခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း သုတေသီများ က ပြောကြား ထားသည်။

ယခုအခါ အဆိုပါ အသုံးအဆောင် ပစ္စည်းများကို ဆိုက်ပရပ်စ်နိုင်ငံ မော်ဖူးမြို့ရှိ သဘာဝ နှင့် ရှေးဟောင်း သုတေသန ပြတိုက်တွင် ပြသထားကြောင်း သိရသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_39.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Sunday, October 18, 2015

နှစ်ဒေါ်လာဖြင့် ၀ယ်ယူခဲ့သည့် ဓာတ်ပုံ ဒေါ်လာငါးသန်း အထိ တန်ဖိုး ရှိနိုင်ဟု သုတေသီ တစ်ဦး သုံးသပ်



A detail from a 4×5-inch photo depicting Billy the Kid, left, playing croquet in 1878. Photograph: Kagin's

တီဘူရန် ၊ ၁၈-၁ဝ-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန် နှစ်ဒေါ်လာဖြင့် ဝယ်ယူ ခဲ့သည့် ဝရမ်းပြေး တစ်ဦးဖြစ်သူ Billy the Kid ရုပ်ပုံပါ ဓာတ်ပုံ တစ်ပုံသည် အမေရိကန် ဒေါ်လာ ငါးသန်း အထိ တန်ဖိုးရှိ နိုင်ကြောင်း Kagin's အမည်ရှိ ဒင်္ဂါးနှင့် တံဆိပ် လေ့လာမှု ကုမ္ပဏီတစ်ခုက အောက်တိုဘာ ၁၆ ရက်တွင် အတည်ပြု ပြောကြားသည်။

အရွယ်အစား အားဖြင့် အလျား ၅ လက်မ၊ အနံ ၄ လက်မရှိ အဆိုပါ ဓာတ်ပုံသည် ၁၈၇၈ ခုနှစ် နွေရာသီတွင် အပေါင်း အဖော်များ နှင့်အတူ မြေစိုက် သံကွင်းများ အတွင်းသို့ သစ်သား ဘောလုံးများ ရိုက်သွင်း ကစားနေသည့် Billy the Kid ၏ ပုံဖြစ်ပြီး အဆိုပါ ဓာတ်ပုံကို မင်္ဂလာ ဧည့်ခံပွဲ တစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံကို တစ်နှစ် ကျော်ခန့် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီး မှသာ ဓာတ်ပုံပါ ရုပ်ပုံများကို ဖော်ထုတ် အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Kagin's ကုမ္ပဏီက ပြောကြားသည်။

ရှေးဟောင်း ပစ္စည်း ရှာဖွေ စုဆောင်းသူ တစ်ဦးသည် အဆိုပါ ဓာတ်ပုံကို ကယ်လီဖိုးနီးယား ပြည်နယ် ဖရန်စ်နိုမြို့ရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန် နှစ်ဒေါ်လာဖြင့် ဝယ်ယူ ခဲ့ခြင်း ဖြစ်ပြီး စင်စစ်တွင်မူ ၄င်း ဓာတ်ပုံသည် အမေရိကန် ဒေါ်လာ ငါးသန်း အထိ တန်ဖိုးရှိ နိုင်ကြောင်း Kagin's ကုမ္ပဏီမှ သုတေသီ တစ်ဦးဖြစ်သူ ဒေးဗစ် မက်ကာတီ က ပြောကြားသည်။

ဟင်နရီ မက္ကာသီခေါ် Billy the Kid သည် ၁၉ ရာစုအတွင်း ဖြစ်ပွားခဲ့သော လင်ကွန်းကောင်စီ စစ်ပွဲတွင် ထင်ရှားသည့် သေနတ်သမား တစ်ဦးဖြစ်ပြီး ၄င်းသည် နောက်ပိုင်းတွင် ဝရမ်းပြေး တစ်ဦး အဖြစ်သို့ ရောက်ရှိ သွားကြောင်း သိရသည်။

Multimillion-dollar photo of Billy the Kid playing croquet was $2 junk shop find

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_3.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Tuesday, October 13, 2015

ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါး




သမိုင်း ပညာရှင် ဟီရိုဒိုးတပ်စ် (ဘီစီ ၄၈၄- ဘီစီ ၄၂၅) နဲ့ အယ်လက်ဇန်း ဒရီးယား ပြတိုက်ရှိ ဆိုင်းရင်းန်မှ ပညာရှိ ကယ်လီမာချူး (scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့ဟာ ကမ္ဘာ့အံဖွယ် ၇ ပါးနဲ့ ပတ်သက်တဲ့ အစောဆုံး စာရင်းကို ပြုစု ခဲ့ကြ သူတွေပါ။ သူတို့ရဲ့ ရေးသား ပြုစုတဲ့ ထိုအံဖွယ် တွေထဲမှာ အောက်ပါ အဆောက် အဦးတွေ ပါဝင် ပါတယ်။

(၁) ဂိုင်ဇာမဟာပိရမစ်ကြီး၊
(၂) ဘေဘီလုံရှိ မိုးပျံဥယျာဉ်၊
(၃) အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီးရဲ့ ရုပ်တု၊
(၄) အီဖီးဆပ်ရှိ အာတဲမိ ဘုရားကျောင်း၊
(၅) ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်ရဲ့ ဂူသင်္ချိုင်း၊
(၆) ရုတ်ဒ်၏ ရုပ်တု၊
(၇) အလက်ဇန်းဒရီးယားရှိ မီးပြတိုက်တို့ ပါဝင်ပါတယ်။

ဂရိဘာသာနဲ့ ရေးသား ထားတဲ့ theamata ဆိုတဲ့ စကားက အံ့ဖွယ်လို့ အဓိပ္ပာယ် မရဘဲ မကြည့် မဖြစ်လို့ အ ဓိပ္ပာယ် ရပါတယ်။ ဒီကနေ့ခတ်မှာ အများသိရှိ ကြတဲ့ စာရင်းဟာ အလယ်ခေတ်က စုစည်း တင်ပြ ခဲ့ကြတာပါ။ စာရင်းထဲမှာပါတဲ့ အဆောက်အဦး အများစု ကတော့ ဒီကနေ့ခေတ်မှာ မရှိကြ တော့ပါဘူး။



ဂိုင်ဇာရှိ မဟာပိရိမစ်ကြီးကသာ ယနေ့ထက်ထိတိုင် ကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးထဲက တခုတည်းသော အဆောက်အဦးပါ။

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_95.html


Read More »

Friday, October 9, 2015

နှစ်ပေါင်း ၄ သန်းရှိ မြင်းသန္ဓေ သားလောင်း ကျောက်ဖြစ် ရုပ်ကြွင်းကို သိပ္ပံပညာရှင်များ တွေ့ရှိ




ဖရန့်ဖတ် ၊ ၉-၁၀-၂၀၁၅

လွန်ခဲ့သော နှစ်ပေါင်း ၄၈ သန်းခန့်က တည်ရှိ ခဲ့သည့် မြင်းသန္ဓေ သားလောင်း၏ ကျောက်ဖြစ် ရုပ်ကြွင်းကို အဆိုပါ သန္ဓေ သားလောင်း ၏မိခင် ကျောက်ဖြစ် ရုပ်ကြွင်း အတွင်းမှ သိပ္ပံပညာရှင် များက တွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ အနီးမှ ၂ဝဝဝ ပြည့်နှစ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း သိပ္ပံပညာရှင် များက ၄င်းတို့၏ လေ့လာ ဆန်းစစ်မှု ပြီးနောက် အောက်တိုဘာ ၈ ရက်ထုတ် PLOS ONE ဂျာနယ်တွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သန္ဓေ သားလောင်းသည် လက်ရှိတူးဖော် ရရှိထားသော ၄င်း၏ မျိုးနွယ်တူ ကျောက်ဖြစ် ရုပ်ကြွင်းများ အနက် ရှေးအကျဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင် များက ယူဆထားသည်။ ထို့ပြင် ယင်း သန္ဓေသား ကျောက်ဖြစ် ရုပ်ကြွင်းသည် အလျား ၄ ဒသမ ၉ ရှိပြီး ၄င်း၏ အရိုးများ မှာလည်း ကျိုးနေသည်ဟု ယူဆရကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းကို စတင်တွေ့ရှိ သည့်အဖွဲ့မှာ ဆန်ကန်ဘာ့ဂ် ပြတိုက်မှ အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်းနှင့် ကမ္ဘာကြီး အတွက် အရေးကြီးသော ကျောက်ဖြစ် ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိရာ Grube Messel အမည်ရှိ ရှေးဟောင်းအမွေ များအား ထိန်းသိမ်းထားသော အရပ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_79.html


Read More »

Wednesday, October 7, 2015

နှစ်ပေါင်း ၁၂၀၀ ခန့် ရေအောက်နစ်မြုပ် မြို့တော်မှ ပစ္စည်းများ ဆယ်ယူ(ရုပ်သံ)




သွန်းနစ် - အီရတ်ကလီအွန် မြို့ဟောင်း အစိတ်အပိုင်း ဖြစ်တဲ့ နတ်ဘုရား ရုပ်ထုတွေနဲ့ ရှေးလူ အသုံးအဆောင် ပစ္စည်း ၂၅၀ ခန့်ကို ရှေ့ဟောင်း သုတေသီ တွေက ရေပေါ် ဆယ်ယူနိုင်တဲ့ ရုပ်သံဖိုင်ကို သတင်းဌာန တွေက ဖော်ပြ နေပါတယ်။

၇ နှစ်နီးပါး ဆယ်ယူရေး လုပ်ငန်းတွေကို လုပ်ဆောင် ခဲ့ပြီးတဲ့ နောက် ၂၀၁၃ ခုနှစ်မှာ ရေအောက်မြုပ်နေတဲ့ ပစ္စည်းတွေကို ဆယ်ယူခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်သံမှာ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

ဆယ်ယူရရှိတဲ့ ပစ္စည်းတွေထဲမှာ အိုင်ဇက်၊ ဟာပီ နတ်ဘုရား ရုပ်တုတွေ ပါဝင်သလို ဒီပစ္စည်းတွေကို ပြင်သစ်မှာ ပြသ ထားတယ် လို့လည်း ဆိုပါတယ်။

အီဂျစ်မြို့တော်ဟောင်းဟာ ရေအောက်မှာ ၁၂၀၀ နှစ် နီးပါး မြေထဲပင်လယ်ထဲမှာ နစ်မြုပ်နေတာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တဲ့ သူတွေကလည်း ၂၀၀၁ ခုနှစ် မတိုင်မီအထိ ဒီနေရာကို ရာစုနှစ်နဲ့ချီ ရှာဖွေဖို့ မေ့လျော့နေတာ ဖြစ်ပါတယ်။

၁၉၇၉ နိုင်းမြစ် တိုက်ပွဲအတွင်း နစ်မြုပ်သွားတဲ့ နာပိုလီယံရဲ့ သင်္ဘောတွေကို ရှာဖွေတဲ့ ပြင်သစ် ရှေ့ဟောင်း သုတေသနပညာရှင် ဖရန့် ဂေါ်ဒီယို ဒီနေရာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115229


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...