
လန်ဒန် ၊ ၂၂-၃-၂၀၁၆
ဒုတိယကမ္ဘာစစ် အတွင်းက အီတလီ ရေတပ်မှ ရေငုပ်သမား အတွက် အထူး ထုတ်လုပ် ထားသော စက်ပျက်နေသည့် Rolex-Panerai နာရီ တစ်လုံးကို စတာလင်ပေါင် ၅၅ဝဝဝ ကျော်ဖြင့် လေလံ တင် ရောင်းချ ခဲ့ကြောင်း သိရသည်။
အဆိုပါ နာရီကို ချက်ရှိုင်းယား ပြည်နယ်မှ အမျိုးသား တစ်ဦးက ဖခင်ဖြစ်သူ၏ နေအိမ်ဟောင်း ကို ရှင်းလင်းနေစဉ် အံဆွဲတစ်ခု အတွင်းမှ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ယင်းနာရီကို ၄င်း၏ ဖခင်ဖြစ်သူက လွန်ခဲ့သည့် ၁ဝ နှစ်နှင့် အနှစ် ၂ဝ အကြား၌ ၁ဝ ပေါင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းနာရီကို ရောင်းချလျှင် စတာလင်ပေါင် ၅ဝဝ နီးပါးသာ ရရှိမည်ဟု ကနဦး မျှော်မှန်း ထား သော်လည်း နောက်ဆုံးတွင် လေလံဆွဲသူ တစ်ဦးက စတာလင်ပေါင် ၅၅ဝဝဝ ကျော်ဖြင့် ဝယ်ယူသွား ခဲ့ခြင်းဖြစ်သည်။
ယင်းနာရီကို အီတလီ နာရီ ကုမ္ပဏီတစ်ခု ဖြစ်သည့် Panerai ကုမ္ပဏီက Rolex နာရီ၏ နည်းပညာနှင့် ပေါင်းစပ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
နာရီတွင် လက်ပတ်ကြိုးနှင့် စက်လည်ပတ်မှု မရှိသော်လည်း လေလံဆွဲသူ များ၏ စိတ်အာရုံကို ဆွဲဆောင်နေဆဲ ဖြစ်ကြောင်း လေလံကုမ္ပဏီ က ပြောကြား ခဲ့သည်။
သို့ရာတွင် ဝယ်ယူသွား သူနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို လေလံ ကုမ္ပဏီက ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။
by ပြည်ချစ်သား
Originally published at - http://www.pyichitthar.com/2016/03/rolex-panerai.html

No comments: