
တရုတ်နိုင်ငံမှ အသက် ၂၇ နှစ် အရွယ် ကျောင်း အမည်ရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင် တဦး ဖြစ်ပေမယ့် အံ့မခန်း ကျန်းမာ သန်စွမ်းသူ တယောက်ပါ။


သူ့ရဲ့ ကိုယ်ဝန် အရင့် အမာနဲ့ ကျန်းမာ သန်စွမ်းတဲ့ အက စွမ်းရည် ပြပုံတွေ အင်တာနက် စာမျက်နှာ တွေပေါ် ပျံ့နှံ့ခဲ့ပြီး နောက်မှာတော့ လူသိများ လာခဲ့တာပါ။
အကဆရာမ တဦးဖြစ်တဲ့ ကျောင်းဟာ ကိုးလသား ကိုယ်ဝန်ဆောင် ထားရတာ ဖြစ်ပြီး လျောင်နင်း ခရိုင်၊ အန်ရှန်းမြို့မှာ နေထိုင် ပါတယ်။


ကျောင်းဟာ အမျိုးသား အဆင့် အက စွမ်းရည် ပြိုင်ပွဲမှာ အဆင့် ၆ ရထား ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင် ထားချိန်မှာတောင် အကလေ့ကျင့်ခန်း တွေကို ပုံမှန် ဆက်လက် လုပ်ဆောင် နေခဲ့တာ ဖြစ်တယ်လို့ လျောင်နင်းပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ကျောင်းက ခုလို အကစွမ်းရည်ပြဓာတ်ပုံတွေ ရိုက်ကူးဖို့ သူ့ရဲ့အလုပ်ကနေ မီးဖွားခွင့်ယူပြီးချိန်မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ခွင့်ယူချိန်မှာ သူ့ရဲ့အလုပ်က အထက်အရာရှိတွေက ပျော့ပြောင်းသွက်လက်တဲ့ ကျောင်းကို ကိုယ်ဝန်ဆောင်တဦးလို့ ယုံကြည်ဖို့ ခက်နေခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အွန်လိုင်းအသုံးပြုသူတွေက ဒါဟာ မွေးဖွားလာမယ့်ကလေးကို အန္တရာယ်ဖြစ်စေတယ်လို့ သုံးသပ်ခဲ့ကြပေမယ့် လျောင်နင်း အမှတ် ၃ ဆေးရုံ၊ သားဖွားနဲ့ မီးယပ်ပညာဌာန၊ ဒါရိုက်တာတဦးကတော့ အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပြီး ပုံမှန်အတိုင်းရှိနေရင် ကလေးကို ပုံမှန်မွေးဖွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။
ဓာတ်ပုံ – စီစီတီဗွီ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/140494

No comments: