အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ရောဂါဆန်းများ. Show all posts
Showing posts with label ရောဂါဆန်းများ. Show all posts

Sunday, December 18, 2016

ပါးချိုင့်လေးတွေရဲ့ တကယ့် အဓိပ္ပါယ်




ကမ္ဘာ့ လူဦးရေရဲ့ 20% အထိ ပါးချိုင့် ပါတယ်လို့ ဆိုပါတယ်။ တကယ့် လက်တွေ့နဲ့တော့ နီးစပ်မှု မရှိတဲ့ ကိန်းဂဏန်း ဖြစ်မယ် ထင်ပါတယ်။ 20% ဆိုတဲ့ ပမာဏဟာ လူ 100 မှာ အယောက် 20 တောင် ပါးချိုင့် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒါပေမယ့် လူတွေ တော်တော် များများက ပါးချိုင့်ကို အတော် မြတ်နိုး ကြပါတယ်။ ပါးချိုင့်ပါတဲ့ သူတွေဟာ လူတွေရဲ့စိတ်ကို စွဲစွဲထင်ထင် မှတ်မိစေတဲ့ အထိ စိတ်အာရုံကို လွှမ်းမိုးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ပါးချိုင့်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ပရိသတ်အတွက် ဖော်ပြပေး လိုက်ပါတယ်။

ပါးချိုင့်ဆိုသည်မှာ မျက်နှာပြင် ကြွက်သားချို့ယွင်းမှုရောဂါ



ဆေးပညာရှင်တွေ အမြင်အရတော့ ပါးချိုင့်ဆိုတာ မျက်နှာပြင် ကြွက်သား ချို့ယွင်းမှုကြောင့် ဖြစ်လာရတဲ့ အမှတ် အသားလို့ ဆိုပါတယ်။ မျိုးရိုးလိုက် တတ်တဲ့
ရောဂါဖြစ်ပြီး၊ မျက်နှာပြင် ကြွက်သားပိုင်း မူမမှန် ရာကနေ အချိုင့်လေးဖြစ်ပြီး ကျန်ခဲ့ တာလို့ ဆိုထား ပါတယ်။

ပါးချိုင့်လုပ်တဲ့စက်



1936 ခုနှစ်မှာ ပါးချိုင့် တစ်ခေတ်ဆန်း ခဲ့ပါတယ်။ အမျိုးသမီး တွေဟာ ပါးချိုင့်ပါရင် ပိုပြီး ဆွဲဆောင်မှု ရှိတယ်လို့ ခံယူခဲ့ ကြပါတယ်။ ဒီလိုနဲ့ ပါးချိုင့် ပါလိုတဲ့ အမျိုးသမီး
တွေဟာ ရာခိုင်နှုန်း တစ်ဝက်ကျော်လောက် ရှိခဲ့တယ် လို့တောင် ဆိုပါတယ်။

ဒါကြောင့် Isabella Gilbert ဆိုတဲ့ အမျိုးသမီးဟာ ပါးချိုင့်စက်ကို တီထွင် ခဲ့ပါတယ်။ အင်ဂျင်တွေ မော်တာတွေ ပါတဲ့ စက်တော့ မဟုတ်ပါဘူး။ ပါးနှစ်ဘက်ကို အဖုအချွန်လေး လုပ်ထားတဲ့ သတ္တုပြားနဲ့ သိုင်းညှပ် ထားရတဲ့ ကိရိယာပါ။ အပြင်ကို မသွားခင် တစ်နာရီလောက် ကြိုပြီး ညှပ်ထား ကြလေ့ ရှိပါတယ်တဲ့။

ပါးချိုင့်ကြောင့် အရွယ်တင်နုပျိုတယ်လို့ အထင်ခံရတယ်

ပါးချိုင့်ပါတဲ့ သူဟာ သာမန် လူတွေထက် အရွယ်တင်နုပျို တယ်လို့ ထင်ခံရလေ့ ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး ပါးချိုင့်ပါတဲ့ သူတွေ တော်တော် များများက ကလေး ဆန်ဆန်နေတတ် ကြလို့ ဒီလိုဖြစ်စေ တာလို့လည်း ဆိုပါတယ်။

ပါးချိုင့်ပါတဲ့သူတွေဟာ လက်ရှိအသက်အရွယ် ထက်ကို ပိုပြီး ငယ်တယ်လို့ ယူဆခြင်း ခံရပြီး၊ အရေးပေးခံရလေ့ရှိပါတယ်တဲ့။

နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှုအရ ပါးချိုင့်ဟာ ကံကောင်းခြင်းအဓိပ္ပါယ်



နိုင်ငံတိုင်းဟာ ပါးချိုင့်ကို ကံကောင်းတဲ့ သင်္ကေတ အဖြစ် သတ်မှတ် ကြပါတယ်။ ပါးချိုင့်ပါတဲ့ သူတွေဆိုရင် ယေဘုယျ ကိုယ်က ကံကောင်းပြီး သားလူတွေ၊ ကောင်းတဲ့ ကံတွေနဲ့ လူ့လောကထဲ ရောက်လာတဲ့ သူတွေကို မှတ်ယူကြပါတယ်။

ပါးချိုင့်ပါတဲ့ သူတွေဟာ လူချစ်လူခင် ပေါများပြီး သာမန် လူတွေထက် ဆွဲဆောင်နိုင်မှု ပိုကြတယ်၊ စန်းပွင့် ကြတယ်လို့ အယူ ရှိကြပါတယ်။

source : auntyacid.com

From : SHWEMOM by နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com/what-it-really-means-if-you-have-dimples/


Read More »

Thursday, June 30, 2016

ကမ္ဘာ့ အလေးလံဆုံး ဆယ်နှစ်အရွယ် အင်ဒို ကလေးငယ်




အင်ဒို နီးရှား နိုင်ငံမှ အသက် ၁၀ နှစ် အရွယ် အာရာပါ မန်နာဟာ ကမ္ဘာ့ အလေးလံ ဆုံး ကလေးငယ် တဦး ဖြစ်လာ ခဲ့ပါတယ်။

သူ့ရဲ့ ကိုယ်အလေး ချိန်ဟာ ၁၉၂ ကီလို ဂရမ် ရှိပြီး အ၀လွန် ရောဂါ ဖြစ်နေတဲ့ ကလေးငယ် တယောက်ပါ။

လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ အတွက်သူဟာ ၁၀ နှစ် အရွယ်မှာ ကျောင်းက ထွက်လိုက် ရပါတယ်။

အ၀တ် အထည်တွေ ဟာလည်း သူနဲ့ ကိုက်ညီတာ မရှိတဲ့ အတွက် နေ့စဉ် စောင်ကိုသာ ပတ်နေခဲ့ ရတယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

အာရာရဲ့ ကိုယ်အလေး ချိန်ကြောင့် သူ့ခန္ဒာကိုယ်ကို ပျက်စီး စေတာဖြစ်ပြီး သူ ဟာ တနေ့ကို ပျမ်းမျှ အရွယ်ရောက် ပြီးသူ ၂ ဦးစာ စားနိုင်လောက်တဲ့ အစား အစာကို ၅ ကြိမ် စားလေ့ ရှိတယ်လို့ ဆိုပါတယ်။

သူဟာ လှုပ်ရှားဖို့ ကြိုးစားတိုင်း အသက်ရှုဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီး ပင်ပန်းနွမ်း နယ်နေ ပါတယ်။

မိခင်ဖြစ်သူ ရော့ကယာ ဆိုမန်ထရာက တကယ်လို့ သူဟာ စားတာတို့၊ အိပ်တာတို့ မလုပ်ဘူးဆိုရင်တော့ ရေကူးကန်ထဲမှာ နာရီပေါင်းများစွာ စိမ်နေရတာကို သဘောကျတယ်လို့ ပြောပါတယ်။

အာရာရဲ့ မိဘတွေဟာ လယ်ယာလုပ်ငန်းကနေ လစဉ်ဝင်ငွေ အမေရိကန်ဒေါ် လာ ၁၄၅ ဒေါ်လာလောက်သာ ရတာမို့ သူ့ရဲ့ စားသောက်နေထိုင်ပြုစု စရိတ်တွေအတွက် အခက်အခဲဖြစ်နေတာပါ။

အာရာဟာ မွေးကာစက အလေးချိန် ၃ ဒဿမ ၂ ကီလိုဂရမ်သာရှိတာမို့ ဒါဟာ သာမန်အခြေအနေတခုသာဖြစ်ပြီး သူ့အသက် ၂ နှစ်လောက်မှာမှ စတင်ပြီး ၀လာခဲ့တာလို့ ဆိုပါတယ်။

မိဘတွေ သတိမထားမိခင်မှာပဲ သူဟာ ကြီးထွားလာခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ မိဘတွေအနေနဲ့ သူ့ကို ကယ်တင်ဖို့ အစားအသောက်တွေကို လျှော့စားဖို့ ကြိုးစားနေကြပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/157142

Read More »

Friday, December 18, 2015

ပိတ်လှောင်မှု အကြောက်လွန်တဲ့ စိတ်ရောဂါရှိကြောင့် ထောင်ကနေ အစော ကြီးလွတ်မယ့် အမျိုးသမီး




အကျဉ်းသား အမျိုးသမီး တစ်ဦးဟာ claustrophobia ခေါ် ပိတ်လှောင်မှုကို အကြောက်လွန်တဲ့ စိတ်ရောဂါရှိမှု ကြောင့် အကျဉ်းထောင် ကနေ စောစီးစွာ လွတ်တော့မှာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အို စောင့်ရှောက်ရေး စင်တာဖွင့်လှစ် ထားပြီး လူနာတွေကို နှိပ်စက်မှုကြောင့် ထောင်ထဲရောက် ခဲ့ရတဲ့ အသက် ၅၉ နှစ် အရွယ်၊ Indrannee Pumbien ဟာ အကျဉ်းထောင် သံတိုင် တွေနောက်မှာ စိတ်ဝေဒနာ ခံစားနေ ရကြောင်း သူမရဲ့ရှေ့ နေတွေက တင်ပြပြီးနောက်မှာ ထောင်ဒဏ် သက်တမ်းကို လျှော့ချပေး မှုကို ခံစားခဲ့ ရပါတယ်။

Pumbien ဟာ သတိမေ့ ရောဂါသည် နှစ်ဦးကို အစာကျွေးရာမှာ အတင်းအကြပ် အဓမ္မ ပြုလုပ်ခဲ့ပြီး၊ လူနာ တစ်ယောက် ရေနွေး ပူလောင်မှုကို ဆေးကုသမှု မပေးခဲ့ တာကြောင့် သြဂတ်စ်လမှာ ထောင်ဒဏ် ၁၈ လ ကျခံခဲ့ ရတာ ဖြစ်ပါတယ်။

Pumbien ဟာ ရိပ်သာနေ သက်ကြီး ရွယ်အိုတွေကို အစားအသောက် အတင်းကျွေးခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို မျက်စိနဲ့ တပ်အပ်မြင် ခဲ့ရပြီး အသက် ၉၉ နှစ်အရွယ် အဘွားအိုရဲ့ ပါးစပ်ထဲကို သတ္တုဇွန်းနဲ့ အစာ အတင်းထိုး ထည့်နေတဲ့ ဖြစ်ရပ် တစ်ခုကိုလည်း မြင်တွေ့ ခဲ့ရ ပါတယ်။

သူမရဲ့ ခင်ပွန်းနဲ့ အလုပ်သမား တစ်ဦးကိုလည်း နှိပ်စက်မှုကို လျစ်လျူရှုမှုနဲ့ ထောင်ဒဏ် ကိုးလ နဲ့ ငါးလ အသီးသီး ကျခံစေဖို့ တရားရုံးက ချမှတ်ခဲ့ တာဖြစ်ပါတယ်။

ဒါပေမယ့် Pumbien ရဲ့ ၀တ်လုံတော်ရရှေ့ နေ Alistair Webster QC က သူမဟာ သူမရဲ့ အလုပ် အကိုင်ကို ဆုံးရှုံးခဲ့မှု၊ သက်ကြီး စောင့်ရှောက်ရေး ဂေဟာကို ဆုံးရှုံးခဲ့ရမှု နဲ့ သူမရဲ့ ၀င်ငွေတို့ အကြီးအကျယ် ထိခိုက်ခဲ့ ရမှု တို့ ရဲ့ အကျိုးဆက်တွေ အပေါ် ထောက်ပြ ဆွေးနွေး ခဲ့ပါတယ်။

“သူမအနေနဲ့ ထောင်ထဲမှာ ခဏခဏ စိတ်ဓာတ်ကျအားငယ်မှုကို ထောက်ဆကြည့်မယ်ဆိုရင်၊ဒါဟာ ပိတ်လှောင်ကြောက်လွန်စိတ် ရောဂါခံစားနေရတဲ့လက္ခဏာပါ။ မူလပြစ်ဒဏ်ချမှတ်ထားသလောက် ထောင်ဒဏ် စီရင်ချက်က ကြာဖို့ မသင့်တော်ပါဘူး” လို့ ရှေ့ နေက လျှောက်ထားခဲ့ပါတယ်။

အဆိုပါအသနားခံချက်ကို တရားသူကြီးတွေက လက်ခံစဉ်းစားခဲ့ပြီးနောက် ထောင်ဒဏ်ကို ၁၂ လတိတိ လျှော့ချပေးလိုက်ကာ ခရစ်စမတ်မတိုင်မီ ထောင်ကလွတ်တော့မှာဖြစ်ပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/12/blog-post_33.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...