အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ခန္ဓာကိုယ်ပန်းချီ. Show all posts
Showing posts with label ခန္ဓာကိုယ်ပန်းချီ. Show all posts

Sunday, July 10, 2016

ယဉ်ကျေးမှုပြပွဲ အတွက် လူထောင်ချီ ပါဝင်သည့် ၀စ်လစ်စလစ် ဆေးခြယ် သရုပ်ပြပွဲ




လာမယ့်နှစ်ရဲ့ အင်္ဂလန်နိုင်ငံ ဟားလ်မြို့တော် ယဉ်ကျေးမှု အထိမ်းအမှတ် အဖြစ် ၀စ်လစ်စလစ် ခန္ဒာကိုယ်ပေါ် အပြာရောင် ဆေးခြယ် သရုပ်ပြပွဲမှာ လူပေါင်း ၃ ထောင်ကျော် ပါဝင် ခဲ့ပါ တယ်။

ဟားလ်မြို့တော် ကောင်စီ ကတော့ ဒါဟာ “ဟားလ်ပ င်လယ်ပြင်”လို့ အမည်ပေး ထားတဲ့ အနုပညာ ပရောဂျက် တခုဖြစ်ပြီး ဒါဟာ အင်္ဂလန်နိုင်ငံမှာ အကြီးမားဆုံး ဖြစ်တယ်လို့
ပြောလိုက်တာပါ။

ဒီပရောဂျက်ကို နာမည်ကျော် ဓာတ်ပုံဆရာ စပဲန်ဆာတူနစ်ခ်က စီစဉ်ခဲ့ကာ နိုင်ငံ ပေါင်း ၂၀ မှ လူပေါင်း ၃၂၀၀ ပါဝင်ခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းတပုဒ်မှာ ဇူလိုင်လ ၉ ရက်နေ့က ဖော်ပြပါ တယ်။

ဒီဓာတ်ပုံတွေကို လာမယ့် ၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် အင်္ဂလန်နိုင်ငံရဲ့ မြို့တော် ယဉ်ကျေးမှုပြပွဲတွေမှာ ပြသသွားမယ်လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ လူတွေဟာ ရေရဲ့အရောင်တူဖြစ်အောင် အပြာရောင်အပါအ၀င် အရောင်လေးမျိုးနဲ့ သရုပ်ပြစုစည်းခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

သူတို့ဟာ အချိန် ၄ နာရီကြာအောင် ဘုရင်မကြီးပန်းခြံ၊ ဂိုက်ဒ်ခန်းမစတဲ့ ထင်ရှား တဲ့ နေရာတွေမှာ သရုပ်ပြခဲ့ကြတာပါ။

ပါဝင်သရုပ်ပြသူတွေထဲက စတီဖင်ဂျန်ဆဲန်ဟာ ဘရပ်ဆဲလ်မှဖြစ်ကာ အသက် ၈၀ အရွယ်ရှိနေပြီး သူဟာ ဓာတ်ပုံဆရာ တူနစ်ခ်ရဲ့ ပြီးခဲ့တဲ့ ပရောဂျက်ပေါင်း အခု ၂၀ လောက်မှာ ပါဝင်သရုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။

“ဒါဟာ အလှအပတရားကို မြတ်နိုးသူတွေအတွက် တကယ့်ကို အံ့သြစရာပါပဲ၊ ကျနော်တို့ဟာလည်း ပန်းချီကားရဲ့ တစိတ်တဒေသပါပဲ။ လူတိုင်းဟာ လူမျိုးတွေ၊ လိင် တွေ မရှိကြတော့ဘူး။ ကျနော်ဆိုလိုတာက အားလုံးအတူတူပဲ။ လူတိုင်း ၀စ်လစ်စလစ်နဲ့ အတူတူ ရှိနေကြတာ။ ဒါဟာ ကျနော် နှစ်သက်တဲ့ အရာတခုပါ။”

ဟားလ်မြို့ခံ ဆာရာ ဟော့စ်ဆက်ခ်ကတော့ ဒါဟာ အံ့သြပျော်ရွှင်စရာကောင်းပြီး မြို့တော်ရဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းပေးရတဲ့အပေါ် သဘောကျမိတယ်လို့ ပြော လိုက်တာပါ။

နယူးယောက်မြို့အခြေစိုက် နာမည်ကျော် ဓာတ်ပုံဆရာ တူနစ်ခ်ကတော့ ခုလိုမျိုး လူသားတွေ သရုပ်ဖော်တင်ဆက်တဲ့ အနုပညာပြကွက်တင်ဆက်မှုတွေကို ဆစ်ဒနီအော် ပရာ ကဇာတ်ရုံ၊ မက္ကဆီကိုမြို့တော်နဲ့ မြူးနစ်စတဲ့ ထင်ရှားတဲ့ နေရာတွေ အပါအ၀င် ပြသ မှုပေါင်း ၉၀ ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

“ဟားလ်ပင်လယ်ပြင် လူသားသရုပ်ဖော်မှုဟာ ကျနော်လုပ်ခဲ့ဖူးသမျှတွေထဲမှာ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ အံ့သြစရာအကောင်းဆုံးတခုပါပဲ။”



by DVB

Originally published at - http://burmese.dvb.no/archives/158592

Read More »

Tuesday, December 8, 2015

ခန္ဓာကိုယ် အလှဆင် ကိုယ်ပျောက် ဓာတ်ပုံ အနုပညာ (ဓာတ်ပုံ)




ဒါဟာ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြားက တူတူပုန်းတမ်း ကစားရသလို စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရာ တခုပါ။

ဒီဓာတ်ပုံတွေကို သေသေချာချာကြည့်ရင် နောက်ခံရှုခင်းတွေထဲမှာ တသားတည်းကျနေတဲ့ လူပုံတွေကို ကျော်ကြားတဲ့ နေရာတွေနဲ့အတူ မြင်ရပါလိမ့်မယ်။



ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ မပါဝင်တဲ့ ဒီဓာတ်ပုံတွေရဲ့ ဖန်တီးရှင် ထရီနာ မေရီဟာ အသက် ၃၅ နှစ်အရွယ် အမေရိကန်အမျိုးသမီး အနုပညာရှင်တဦးဖြစ်ပြီး ခန္ဓာကိုယ်အလှဆင် အနုပညာ ဖန်တီးမှုတွေကြောင့် လူသိများပါတယ်။



အခုဓာတ်ပုံရိုက်ယူထားတဲ့ နေရာတွေဖြစ်တဲ့ ရောမက ရှေးဂရိခေတ် ပွဲကြည့်စင်နဲ့ အဆောက်အဦ၊ တရုတ်နိုင်ငံက မဟာရံတံတိုင်းတွေဟာ ကုလသမဂ္ဂအဖွဲ့ရဲ့ ၂၀၀၇ ခုနှစ်အတွက် ကမ္ဘာ့အံ့ဖွယ်နေရာ ၇ ခုအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ နေရာတွေဖြစ်ပါတယ်။



ဒီပုံတွေကို ရဖို့အတွက် ၈ နာရီကြာ ပြင်ဆင်ခဲ့ရပြီး ပိုမိုအနုပညာဆန်တဲ့ အရာတွေနဲ့ ဖန်တီးခဲ့ရတာလို့ ထရီနာမေရီက ပြောပါတယ်။



“ခန္ဓာကိုယ်အလှဆင် အနုပညာကို တကယ့်အရှိတရား စစ်မှန်မှုပေါ်မှာ ရောင်ပြန်ဟပ်နိုင်ဖို့ အာရုံစိုက်ထုတ်ခဲ့ရပါတယ်” လို့ သူကဆိုပါတယ်။

သူဟာ ၂၀၀၆ ခုနှစ်မှစတင်ကာ အမျိုးသမီး စံပြမယ်တဦးနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပြီး ခုချိန်မှာတော့ တခြားအမျိုးသားတဦးနဲ့ပါ လက်တွဲလုပ်ကိုင်နေခဲ့ပါတယ်။

သူ့ရဲ့ဇာတိ နယူးယော့ခ်မြို့မှာ အမျိုးသမီး ကိုယ်ခန္ဓာအလှဆင် အနုပညာတွေကို စတင်ဖန်တီးပြခဲ့တဲ့ ထရီနာမေရီဟာ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတွေက စတုံးဟန့်ခ်ျ၊ ၀က်ဘ်မင်စတာ ဘုရားကျောင်းနဲ့ ဗလာနေးရဲတိုက် နေရာတွေကို အသုံးပြုပြီး အနုပညာ ဖန်တီးမှုတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – en.people.cn

Original link - http://burmese.dvb.no/archives/126084

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...