အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မြန်မာ့သမိုင်းများ. Show all posts
Showing posts with label မြန်မာ့သမိုင်းများ. Show all posts

Tuesday, November 22, 2016

အင်းတော်ကြီး၏ အံ့ဘွယ် ကိုးပါး




အင်းတော် ကြီးသည် မြန်မာ ပြည်တွင် အကြီးဆုံး အင်းဖြစ်သည်။
  1. အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်ဝန်း သောကြောင့် တပါး၊
  2. အနောဒတ္ထ အိုင်ကဲ့သို့ အလွန် ရေသန့်ရှင်း သောကြောင့် တပါး၊
  3. အလွန် ကျယ်ဝန်းသော အင်းဖြစ် သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်း စသော ငါးကြီးတို့ကို မဆိုးဝါး ရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်း ခြင်းကြောင့် အံ့ဘွယ် တပါး၊
  4. အင်းကြီးထဲတွင် မတော်တဆ လူတို့ကျ သေဆုံးရသော်လည်း အနာ အဆာ မရှိ ငါးကြီး များလည်း မစားဘဲ ကမ်းစပ်ရောက်အောင် လိုင်းပုတ်ခတ် တင်ပေးခြင်း၊
  5. အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊
  6. အမိုက်သရိုက် များကို အင်းထဲတွင် မရှိရအောင် နေ့စဉ် ညတိုင်း ကမ်းသို့ အရောက် လှိုင်းပုတ်ခတ် တင်ပေးခြင်း၊
  7. တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်း အရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက် ကန်တော့ခြင်း၊
  8. စစ်တိုက်ရာပါ ချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊
  9. နှစ်စဉ် နှစ်တိုင်း တန်ဆောင်မုန်း လက စ၍ ပြာသိုလ အထိ အင်းထဲရှိ ငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ (၈) မိုင်ဘုရားကြီး အထိ လွဲအိမ်တောင် အရှင်ကြီးက ဆေးခတ်သဖြင့် ငါးများစွာ သေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း၊

ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော ရွှေမြို့တော်၏ တည်နေရာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် (ကမ္ဘာ့) မြေပုံ အရ အရှေ့လောင်ဂျီတွဒ် (၉၆ံ ၂၃`နှင့် ၉၇ံ) ကြားတွင် လည်းကောင်း၊ မြောက်လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ) ကြားတွင် လည်းကောင်း၊ မြန်မာနိုင်ငံ (အထက်) မြောက်ပိုင်း (ကချင် ပြည်နယ် မိုးညှင်းမြို့နယ်) တွင် တည်ရှိ နေသည်။

အင်းတော်ကြီး အိုင်သည် ယေဘုယျ ခေါ်ဝေါ် အဆိုပြု ကြသည့် အကျယ်အ၀န်း ပမာဏမှာ အလျား-၁၆မိုင်၊ အနံ-၈ မိုင် ရှိသည်ဟု ဆိုသည်။ သို့ရာတွင် မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသော အင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျား ခံရာ၌ ရှိပေသည်ဟု ဆိုလေသည်။ မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး (သမိုင်းဗေဒ ကို ဆန့်ကျင်၍) ယုတ္တိဗေဒ ညာရှင် တချို့က ဆိုလေသည်။

သမိုင်း ဆိုသည် အငြင်းပွားမှု လမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ်သည်။ မြေဆီလွာ ပြတ်ရွှေ့ခြင်းကြောင့် သော် လည်းကောင်း၊ သဘာဝ တောတောင် ရေမြေ တို့၏ ဖြစ်ပျက် ပြောင်းလည်းခြင်းဖြင့် လည်းကောင်း မည်တို့ ပင်ဖြစ်စေ ကာမူ ထူးဆန်း အံ့သြဖွယ်ရာများ ဖြင့်ပြည့်စုံ နေသော အင်းကြီး။ ထိုအင်းကြီးသည် အလယ်တွင် ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) တည်ထား ကိုးကွယ် ကြသည်။

ဤ ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) သည် ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော ရွှေမြို့တော်၏ တည်နေရာ ဖြစ်သလို သျှမ်းနီ လူမျိုး “တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း တို့၏ သမိုင်းဝင် ထင်ပေါ် ကျော်စော တန်းခိုးကြီး သော စေတီတော် ဘုရား တဆူ ဖြစ်ကြောင်း တင်ပြ လိုက်ရ ပါသည်။



မြန်မာ့အလင်း

Photo credit မှတ်စု

Originally published at - https://www.facebook.com/MyanmarBuddhistCountry/

Read More »

Monday, December 28, 2015

ရန်ကုန်မြို့ရဲ့ ပထမဆုံး ဖြစ်ရပ် ၁၀ ခု


ရန်ကုန်မြို့ အတွက် ပထမ ဆုံးသော အဖြစ် အပျက်တွေ၊ အဆောက် အအုံတွေရဲ့ သမိုင်းကြောင်းကို စုစည်း ဖော်ပြ ထားတာ ဖြစ်ပါတယ်။

၁၁ ရာစုလောက်က စတင် တည်ထောင် ခဲ့တဲ့ ရန်ကုန်ဟာ အင်္ဂလိပ် အုပ်ချုပ်ရေး လက်အောက်မှာ နိုင်ငံရဲ့ မြို့တော် ဖြစ်လာပြီး စီးပွားရေး မြို့တော်လည်း ဖြစ်ခဲ့ ပါတယ်။



လက်ရှိ မြန်မာနိုင်ငံရဲ့ စီပွားရေး မြို့တော် ဖြစ်နေဆဲ ဖြစ်တဲ့ ရန်ကုန်ဟာ တစ်ချိန်က တိုးတက်တဲ့ မြို့တစ်မြို့အဖြစ် အခိုင်အမာ ရပ်တည်နိုင် ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။ သမိုင်းကြောင်း ထဲက ရန်ကုန်မြို့ရဲ့ ပထမဆုံး ဖြစ်ရပ်တွေ ကို အောက်မှာ ဖော်ပြပေး ထားပါတယ်။

၁။ ရန်ကုန်မြို့ ၏ ပထမဆုံး ဓာတ်ရထား



ရန်ကုန်မှာ ပထမဆုံး ဓာတ်ရထားပြေးဆွဲခြင်းကို ၁၉၀၆ ခုနှစ်မှာ စတင် ခဲ့တာ ဖြစ်ပါတယ်။ ကြည့်မြင်တိုင်ဈေး ကနေ သိမ်ကြီးဈေး အထိ ပြေးဆွဲပြီး ၁၉၀၆ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ခဲ့တာပါ။

၂။ ပထမဆုံးရေနွေးငွေ့စက်ခေါင်း



ဓာတ်ရထားကို ၁၉၀၆ ခုနှစ်မှ စတင်ပြေးဆွဲ ခဲ့ပေမဲ့ ပထမဆုံး ရေနွေးငွေ့ စက်ခေါင်းနဲ့ သံလမ်းပေါ် မောင်းနှင်တဲ့ ယာဉ်တွေကို ၁၈၈၆ ခုနှစ် ကတည်းက စတင်ပြေးဆွဲ နေတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာပဲ စတင်ပြေးဆွဲပြီး တရုတ်တန်း လမ်းမက တဆင့် ဘုရားလမ်းကို ဖြတ်ပြီး ရွှေတိဂုံ ဘုရား အထိ သွားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

၃။ ပထမဆုံး မီးရထားဒီဇယ်စက်ခေါင်း



ဒါပေမဲ့ ယနေ့အချိန်ထိ အသုံးပြုနေဆဲဖြစ်တဲ့ မီးရထား ဒီဇယ်စက်ခေါင်းနဲ့ ပြေးဆွဲ တာကိုတော့ ၁၉၅၈ ခုနှစ်မှာ စတင်နိုင် ခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဒီဇယ် စက်ခေါင်းတွေနဲ့ စတင်ပြေးဆွဲနိုင် ခဲ့တာ ဖြစ်ပါတယ်။

၎။ ပထမဆုံး မြို့ ပတ်ရထား



ပထမဆုံး မြို့ပတ်ရထားတွေကိုတော့ ဒီဇယ် စက်ခေါင်းတွေ အသုံးပြုပြီး တစ်နှစ် အကြာ ၁၉၅၉ ခုနှစ်မှာ စတင်ပြေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် မေလ ၁၀ ရက်နေ့ဟာ ရန်ကုန်မြို့မှာ မြို့ပတ် ရထားစနစ် စတင်ပေါ်ပေါက် လာတဲ့ ခုနှစ် ဖြစ်ပါတယ်။

၅။ ပထမဆုံး ဟယ်လီကော်ပတာ



ရန်ကုန်မြို့မှာ ဟယ်လီကော်ပတာလို့ ခေါ်တဲ့ ခေတ်ဟောင်း ရဟတ်ယာဉ် ပထမဆုံး ပျံသန်းခဲ့ တာကတော့ ၁၉၅၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက သမ္မတ အိမ်တော်ဝင် အတွင်းကို ဟယ်လီကော်ပတာ ဆင်းသက် ခဲ့တာ ဖြစ်ပါတယ်။

၆။ မြို့ တော်ခန်းမ



ရန်ကုန်မြို့ရဲ့ ပထမဆုံး မြို့တော် ခန်းမကြီးဟာ ကိုလိုနီခေတ်မှာ တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည် ဘုရင်ခံ ဆာအာချီဘောလ် ကော့ကရိန်းက ၁၉၃၆ ခုနှစ်မှာ စတင် ဖွင့်လှစ်ပေး ခဲ့ပြီး ယနေ့တိုင် အသုံးပြု နေဆဲ ဖြစ်ပါတယ်။

၇။ လွတ်လပ်ရေးကျောက်တိုင်



မဟာဗန္ဓုလ ပန်းခြံထဲမှာ တည်ဆောက် ထားတဲ့ လွတ်လပ်ရေး ကျောက်တိုင်ကို ၁၉၅၀ ပြည့်နှစ် နိုင်ဝင်ဘာ ၂၆ ရက်နေ့မှာ စတင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။

၈။ ပထမဆုံး ရန်ကုန် စာတိုက်ကြီး



ရန်ကုန်မြို့အတွက် ရန်ကုန်စာတိုက်ကြီးကို ၁၈၅၂ ခုနှစ်ကတည်းက စတင် တည်ထောင် ဖွင့်လှစ် ခဲ့တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး စာပို့ ဌာနဟာ ရန်ကုန် စာတိုက်ကြီး မပေါ်ပေါက်ခင် ၁၈၃၄ ခုနှစ်ကတည်းက ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

၉။ ပထမဆုံး မီးရထားလမ်း



မြန်မာနိုင်ငံအတွက်ရော ရန်ကုန်အတွက်ပါ ပထမဆုံး မီးရထား လမ်းကို ၁၈၈၇ ခုနှစ်မှာ စတင် ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ ရန်ကုန်နဲ့ ပြည်ကို ပြေးဆွဲတဲ့ ပထမဆုံး မီးရထားလမ်း ဖြစ်ပြီး ၁၆၁ မိုင် ရှည်လျားတဲ့ မီးရထားလမ်း ဖြစ်ပါတယ်။

၁၀။ ပထမဆုံး ရုပ်မြင်သံကြား



ယနေ့ ပြည်လမ်းပေါ်မှာရှိတဲ့ အသံလွှင့်ရုံကို ၁၉၅၄ ခုနှစ်မှာ စတင် တည်ထောင် ခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ရုပ်မြင်သံကြား ပြသတာကို ၁၉၈၀ ပြည့်နှစ်မှာ စတင်နိုင် ခဲ့ပါတယ်။

မှတ်ချက် - စာရေးဆရာ မိုးမြင့်မောင် ရေးသား ထုတ်ဝေ ထားသော မြန်မာ့ ပထမဆုံးများ စာအုပ်ကို မှီငြမ်း ဖော်ပြပါသည်။

Photo : travelinmyanmar.ethnies-mekong.com

Originally published at -


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...