အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကမ္ဘာ့ထူးချွန်သူများ. Show all posts
Showing posts with label ကမ္ဘာ့ထူးချွန်သူများ. Show all posts

Thursday, January 5, 2017

အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ကမ္ဘာ့ စံချိန်ချိုး


အသက် အသက် ၁၀၅ နှစ် ပြင်သစ် စက်ဘီးသမား (ဓာတ်ပုံ - အင်တာနက်)


ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အသက် ၁၀၅ နှစ် အရွယ် ပြင်သစ် စက်ဘီးသမား ရောဘတ် မာချန့် (Robert Marchand) သည် စက်ဘီး ပြိုင်ပွဲ ၌ စံချိန်ချိုး ခဲ့ကြောင်း ဒေသခံ သတင်း အရ သိရသည်။

မာချန့်သည် ပဲရစ်မြို့ အပြင်ဘက်ရှိ စက်ဘီးစီး လမ်းကြောင်း ဖြစ်သည့် Saint-Quentin-en-Yvelines ၌ ၂၂.၅၄၇ ကီလိုမီတာ စီးနင်းခဲ့ပြီး စံချိန် ချိုးခဲ့ကြောင်း သိရသည်။

“ကျွန်တော် အဆင်ပြေ ပါတယ်၊ ကျွန်တော့်ရဲ့ ခြေထောက်တွေ မနာပေမဲ့ ဒူလာရောဂါ ရှိတဲ့ အတွက် လက်မောင်း တွေတော့ နာကျင်နေတယ်” ဟု မာချန့်က BFMTV သတင်း ချန်နယ်သို့ ပြောကြား လိုက်သည်။

နောက်ဆုံး ၁၀ မိနစ်လို့ သတိပေးတဲ့ ဆိုင်းဘုတ်ကို ကျွန်တော် မမြင်လိုက်ရဘူး၊ မဟုတ်ရင် ဒီထက် မြန်မြန် ကျွန်တော် နင်းနိုင်မှာပါ” ဟု ၎င်းက ဖြည့်စွက် ပြောကြားလိုက်သည်။

အဆိုပါ ပြင်သစ် စက်ဘီးသမားသည် အသက် ၁၀၀ နှစ် ပြည့်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း စံချိန် နှစ်ခါချိုးခဲ့ဖူးကြောင်း သိရသည်။

From : ရှင်းဝှာ-မြန်မာ

Originally published at - http://xinhuamyanmar.com/world/europe/8397-2017-01-05-05-28-28.html


Read More »

Tuesday, August 16, 2016

တရုတ်အမျိုးသမီး တဦး၏ အံ့ဖွယ် စွမ်းရည်ပြ နမ်ချပ်ကူသိုင်း




သက်လတ်ပိုင်း အရွယ် တရုတ် အမျိုးသမီး တယောက် အဖို့ ကျန်းမာရေး အတွက် လေ့ကျင့်ဖို့ ရွေးချယ်မယ် ဆိုရင် အဖွဲ့လိုက် သရုပ်ဖော် တင်ဆက် ရတဲ့ စတုရန်းပုံ သရုပ်ဖော် ကပြမှုဟာ အသင့်တော်ဆုံး ရွေးချယ်မှုလို့ ဆိုရမှာပါ။

ဒါပေမယ့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဖူဂျီယမ် ပြည်နယ်မှ လဲ့အမည်ရ အမျိုးသမီးကတော့ “နမ်ချပ်ကူ” သိုင်းအကကိုပဲ ရွေးချယ် ခဲ့တာပါ။

လက်ရှိ မှာတော့ သူ့ရဲ့ စွမ်းရည်ပြ သိုင်းအက ရုပ်သံ ဗွီဒီယို ဖိုင်ဟာ အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ရေပန်းစား နေခဲ့ ပါတယ်။

နမ်ချပ်ကူ လက်နက် အသုံးပြုပြီး သခွားသီးကို ခုတ်ပိုင်း ပြတာတွေ၊ နမ်ချပ်ကူကို ဝှေ့ယမ်းပြီး ထွန်းထားတဲ့ ဖယောင်းတိုင်တွေကို မလဲစေဘဲ မီးငြှိမ်းသတ်ပြ တာတွေ စတဲ့ စတန့်ပြ သရုပ်ဖော် မှုတွေဟာ အံ့သြ စရာပါပဲ။

သူဟာ ရွာထဲမှ တခြား အမျိုးသမီးတွေကိုလည်း နမ်ချပ်ကူသိုင်းကို သင်ပေး ခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်မှ ကြည့်ရှုသူ ပရိသတ်တွေဟာ “အံ့သြစရာပါပဲ”၊ “အကောင်းဆုံး ဖန်တီးနိုင်မှု သရုပ်ပြကွက် ပါပဲ”၊ “နွေဦး ရာသီ ဂါလာ အားကစားပွဲတော်မှာ မြင်ချင်ပါတယ်” စသဖြင့် မှတ်ချက်တွေ ပေးခဲ့ ကြတာပါ။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/164048

Read More »

Saturday, May 21, 2016

ဧ၀ရတ်တောင်ကို ခုနစ်ကြိမ် တက်နိုင်သည့် ပထမဆုံး နီပေါအမျိုးသမီး




ခတ္တမန္ဒူ ၊ ၂၁-၅-၂၀၁၆

အသက် ၄၂ နှစ် အရွယ်ရှိ နီပေါနွယ်ဖွား အမျိုးသမီး တစ်ဦးသည် မေ ၂ဝ ရက်တွင် ဧဝရတ် တောင်ကို ခုနစ်ကြိမ် တိုင်တိုင် တက်ရောက် နိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီး ဖြစ် လာကြောင်း နှင့် ကမ္ဘာ့ အမြင့်ဆုံး တောင်ကို အမျိုးသမီး တစ်ဦး အနေဖြင့် အကြိမ် အများဆုံး တက်ရောက်နိုင်မှု စံချိန်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း ခြေလျင် တောင်တက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Lhakpa Sherpa is seen in Kathmandu in this May file photo. Lhakpa successfully reached the top of Mount Everest on May 18, only the second Nepalese woman to do so, the country's tourism ministry said. (Reuters)

အမေရိကန် ပြည်ထောင်စု ကွန်နက်တီကပ် ပြည်နယ်ရှိ 7-Eleven စတိုးဆိုင်တွင် အလုပ် လုပ်ကိုင် နေသော လက်ပါရှာပါ အမည်ရှိ အဆိုပါ အမျိုးသမီးသည် နီပေါလမ်းပြ၏ အကူ အညီဖြင့် ၈၈၅ဝ မီတာမြင့်သည့် ဧဝရတ် တောင်ထိပ်သို့ တိဗက်ဒေသ မှတစ်ဆင့် တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ ခရီးစဉ်ကို စီစဉ်ပေးသည့် 7-Summits Adventure ကုမ္ပဏီမှ ရာဂျစ်ရှရက်စ်သာ က ပြောကြားသည်။

အဖွဲ့ဝင် ရှစ်ဦး ပါဝင်သော ရုရှား တောင်တက် အဖွဲ့နှင့် လမ်းပြ ရှစ်ဦး တို့သည်လည်း ဧဝရတ် တောင်ထိပ်သို့ ရှာပါ ရောက်ရှိပြီးနောက် သုံးနာရီခန့် အကြာတွင် အဆိုပါ မြောက်ဘက် လမ်းကြောင်းမှ တစ်ဆင့် တက်ရောက် နိုင်ခဲ့ကြောင်း ရှရက်စ်သာ က ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က နီပေါတွင် ဖြစ်ပွားခဲ့သည့် ငလျင် လှုပ်ခတ်မှုကြောင့် တောင်ခြေ စခန်း၌ အနည်းဆုံးလူ ၁၈ ဦး သေဆုံးခဲ့ သော်လည်း ယခုလ အတွင်း နီပေါဘက် အခြမ်းမှ တစ်ဆင့် ဧဝရတ် တောင်ထိပ်သို့ တက်ရောက်သူ ၃၃ဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

Nepali woman climbs Mount Everest for seventh time, creates history

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_49.html

Read More »

Wednesday, April 27, 2016

ပြင်သစ်စတန့်သမားတဦး တကိုယ်တော် ဆိုင်ကယ်ဘီးထောင်စီးနင်းမှု ကမ္ဘာ့စံချိန်ချိုး




ပြင်သစ် နိုင်ငံသား တကိုယ်တော် စတန့်သမား ရန်နစ်ခ် ဒူးပွန့်ဟာ လေးဘီး ဆိုင်ကယ် ဘီးထောင် စီးနင်းမှုမှာ အချိန် အကြာဆုံး စီးနင်းပြနိုင်သူ တဦး အဖြစ် ကမ္ဘာ့စံချိန် ချိုးခဲ့တယ်လို့ ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

သူဟာ မနှစ်က ပြင်သစ်နိုင်ငံအရှေ့ပိုင်း မလူးဇ်မြို့၊ စီးတီးဒီလ် အော်တိုမိုဘိုင်း ပြတိုက်တွင်းမှာ အကွာအဝေးခရီး ၃၄ ဒသမ ၂၉ ကီလိုမီတာ (၂၁ ဒသမ ၃၀ မိုင်) ကို စံချိန်တင် စီးနင်းပြခဲ့တာပါ။

ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့အနေနဲ့ ဒီခေါင်းစဉ်အောက်မှာ ပါဝင်ယှဉ်ပြိုင်သူတွေ အနေနဲ့ စီးနင်းခွင့်ပြုတဲ့ယာဉ်ဟာ တခြားဘားတန်းနဲ့ ဘီးတွေ တွဲဆက်မထားရဘဲ သီးခြား ဘေးနှစ်ဘက် ဘီးတွေကိုထောင်ပြီး ဆိုင်ကယ်သမားရဲ့ စွမ်းရည်ပြနိုင်အောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ရန်နစ်ခ်ရဲ့အရင် စံချိန်တင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား ဒန်နီယယ်လ်အဒမ်စ် ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှာ အကွာအဝေး ၂၇ ဒသမ ၁၈ ကီလိုမီတာ (၁၆ ဒသမ ၈၉ မိုင်) နဲ့ စီးနင်းပြနိုင်ခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရန်နစ်ခ်ရဲ့ ရင်သပ်ရှုမောဖွယ် စတန့်ထွင်ပြီး ဘီးထောင်စီးနင်းပြတဲ့ ပြကွက်တွေကို တွေ့နိုင်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147211

Read More »

Tuesday, March 15, 2016

သစ်သားခုံ ၂၄ လုံးကို တပြိုင်တည်း သွားနှင့် ကိုက်ချီ မပြခဲ့သူ ဂီးနက်စ် စံချိန်ချိုး



ဓာတ်ပုံ - စီစီတီဗွီ

တရုတ်နိုင်ငံသား လီဟောင်ရှိုဟာ အလေးချိန် ၇၅ ကီလိုဂရမ်ရှိ သစ်သားခုံ ၂၄ လုံးကို တပြိုင်တည်း သွားနဲ့ ကိုက်ချီ မပြခဲ့ကာ သူကိုယ်တိုင် အရင်က တင်ထားခဲ့တဲ့ ဂီးနက်စ် မှတ်တမ်း စံချိန်ကို ချိုးပြ ခဲ့ပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ လီဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချောင်ကျင်းမြို့အနီး ဒါဇူးရွာမှဖြစ်ကာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ သစ်သားခုံ ၂၄ လုံးကို ဆယ်စက္ကန့်ကြာ မတင်ထားပြီး စံချိန်ချိုး သရုပ်ပြနိုင်ခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာတော့ သူဟာ အလေးချိန် ၇၀ ကီလိုဂရမ်ရှိ သစ်သားခုံ ၂၃ လုံးကို သွားနဲ့ ကိုက်ချီမပြပြီး ဂီးနက်စ်မှတ်တမ်း ၀င်ခဲ့တာပါ။

လီဟာ အသက် ၈ နှစ်အရွယ်တည်းက ရိုးရာခြင်္သေ့အကကို စတင်လေ့လာခဲ့သူပါ။

အဲဒီအချိန်တည်းက ခြင်္သေ့အကအဖွဲ့တွေနဲ့အတူ တခြားသော စွမ်းရည်ပြ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

ခုလို လေးလံတဲ့ အရာဝတ္ထုတွေကို မထားနိုင်မယ့် စွမ်းရည်ပြည့်ဝဖို့ဆိုတာ မလွယ်ကူလှပါဘူး။

လီဟာ နေ့စဉ် ၃ ကီလိုမီတာ အကွာအဝေးရှိတဲ့ခရီးကို အပြေးလေ့ကျင့်တာတွေ၊ သွားခိုင်မာအောင် ထိန်းသိမ်းတာတွေ၊ ရေခဲတုံးတွေကို ကိုက်ဝါးတာတွေ၊ ပန်းခြံထဲက ခုံရှည် ၂၀ ကို နေ့စဉ် မပြီး လေ့ကျင့်တာတွေကို ပြုလုပ်ခဲ့ရတာပါ။

ခုချိန်မှာတော့ လီဟာ အရင်ကထက် ကျော်ကြားလာခဲ့ပြီး ကိုယ်ပိုင်မီဒီယာကုမ္ပဏီတခုကို ဦးဆောင်နိုင်ခဲ့ပါပြီ။

သူ့ဆီက စွမ်းရည်ပြ လှုပ်ရှားမှုတွေ သင်ချင်တဲ့ ကျောင်းသားတွေလည်း ရှိနေပြီး နယ်လှည့်ဖျော်ဖြေတာတွေလည်း လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139497


Read More »

Thursday, November 26, 2015

၎.၅ စက္ကန့်အတွင်း အံစာတုံး ဆက်ပြီးသွားတဲ့ အသက် ၁၄ နှစ်သား ကမ္ဘာ့စံချိန် ချိုးသွား




အသက် ၁၄ နှစ်သား ကောင်လေး တစ်ယောက်ဟာ ၄.၅ စက္ကန့် အတွင်း အံစာတုံး ဆက်ပြီး ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ ပါတယ်။

စနေနေ့က Clarksville, Md မှာ ကျင်းပါတဲ့ River Hill Fall 2015 ပြိုင်ပွဲမှာ ၅.၂၅ စက္ကန့်နဲ့ အံစာတုံး အပြီးဆက်နိုင် ထားတဲ့ စံချိန်ကို ၁၄ နှစ်အရွယ် Lucas Etter ကျော်လွန်ပြီး စံချိန် ချိုးခဲ့တာ ဖြစ်ပါတယ်။

Etter နဲ့ တခြား ပြိုင်ပွဲ ၀င်တွေဟာ ၁၅ စက္ကန့် အတွင်း ကွန်ပြူတာက စီစဉ်ထားတဲ့ အံစာတုံး အရောင် ကွက်တွေကို ပြန်လည် ဆက်စပ်ပေး ရတာဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက် တွေကို YouTube မှာ တရားဝင် ပြိုင်ပွဲက ဗီဒီယို ဖိုင်ကို တင်ထား ခဲ့တာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ စံချိန်ကတော့ ၅.၂၅ စက္ကန့်နဲ့ Collin Burns က Doylestown Spring 2015 ပြိုင်ပွဲမှာ စံချိန်တင် ထားခဲ့တာ ဖြစ်ပါတယ်။

Etter ကတော့ ၅စက္ကန့်အတွင်း အံစာတုံး ဆက်နိုင်ခဲ့ပြီး တရားဝင် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_26.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Wednesday, November 4, 2015

နာဆာတွင် အလုပ်လုပ်နေသည့် ၁၇ နှစ်သား ပါရမီရှင်




ဆယ်ကျော်သက် လူငယ် အများစုဟာ သူတို့ရဲ့ အနာဂတ် အလုပ်အကိုင် အတွက် ရွေးချယ်တဲ့ နေရာမှာ တွေဝေ ရှုပ်ထွေး တတ်ကြပေမယ့် အသက် ၁၇ နှစ် အရွယ် မိုရှီကိုင် ကယ်ဗလင်း ကတော့ လေကြောင်းနဲ့ အာကာသဆိုင်ရာ အေဂျင်စီ အဖွဲ့ (နာဆာ) မှာ အလုပ်သင် အဖြစ် စတင်ဖို့ ရွေးချယ် ခဲ့ပါတယ်။



သူဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် ဇာတိဖြစ်ပြီး လေယာဉ်ပျံနဲ့ ဒရုန်းယာဉ်တွေကို အနီးကပ် စောင့်ကြည့် ထောက်လှမ်းတဲ့ နေရာမှာ ကူညီဖို့ နာဆာမှာ အလုပ်လု ပ်နေခဲ့ ပါပြီ။

နာဆာအဖွဲ့မှာ သူ့ကို အနီးကပ် ကြီးကြပ်သူ တဦးဖြစ်တဲ့ ရီကာဒိုအာတီရေဂါက “သူဟာ သိမ်မွေ့ပြီး အလုပ်ကို တည်တည် ငြိမ်ငြိမ်လုပ်တဲ့သူ တယောက်ပါ” လို့ ပြောပါတယ်။



ကယ်ဗလင်းရဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့ တာဝန်တွေထဲမှာ တိုက်လေယာဉ်နဲ့ ဒရုန်းယာဉ် ပုံစံတူ ထုတ်လုပ်တာတွေ၊ သူ့ရဲ့ သင်္ချာနဲ့ ကွန်ပျူတာ ဆိုင်ရာ စွမ်းရည်တွေကို အသုံးချပြီး ဘေးကင်းစေမယ့် လမ်းကြောင်း ရှာဖွေနိုင်ဖို့ တွက်ချက် ရတာတွေ ပါဝင်တယ်လို့ အေပီ သတင်းဌာနက ပြောပါတယ်။

ကယ်ဗလင်းဟာ နာဆာမှာ အလုပ်စတင်မလုပ်ခင် သူ့အသက် ၁၅ နှစ်အရွယ်တည်းက လော့စ်အိန်ဂျလိစ်မြို့၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အသုံးချ သင်္ချာဘာသာ အထူးပြုဘွဲ့ကို ရရှိခဲ့ပြီး စာအုပ် ၂ အုပ်လည်း ရေးသား ထုတ်ဝေ ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ထုတ်ဝေတဲ့ စာအုပ် “ကျနော်တို့ လုပ်နိုင်ပါတယ်” ထဲမှာ “ကျနော်က ကြယ်တွေဆီ ရောက်အောင် သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တခြားသူတွေ ကလည်း မစ်ကီဝေး ကြယ်စင် စုဆီ ရောက်နိုင်ပါတယ်” လို့ သူက ရေးခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံသူ မိခင်နဲ့ ဘရာဇီးနိုင်ငံသား ဖခင်တို့က မွေးခဲ့တဲ့ ကယ်ဗလင်းဟာ ငယ်ရွယ် ကြိုးစား တက်ကြွသူဖြစ်ပြီး ခုချိန်မှာတော့ မက်ဆာချူးဆက်ပြည်နယ်၊ ဘရန်ဒီးစ်တက္ကသိုလ်မှ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အထူးပြု ဘာသာရပ်နဲ့ မဟာဘွဲ့ သင်တန်းကို အွန်လိုင်းမှ တဆင့် လေ့လာ သင်ယူနေတယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။

ကယ်ဗလင်းရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီးတဲ့ နောက်မှာတော့ တရုတ်နိုင်ငံ လူမှုကွန်ရက်စာမျက်နှာ ဝေဘိုအသုံးပြုသူတွေဟာ ချီးကျူးအားကျမှုတွေနဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120235

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...