အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 21, 2016

ဧ၀ရတ်တောင်ကို ခုနစ်ကြိမ် တက်နိုင်သည့် ပထမဆုံး နီပေါအမျိုးသမီး




ခတ္တမန္ဒူ ၊ ၂၁-၅-၂၀၁၆

အသက် ၄၂ နှစ် အရွယ်ရှိ နီပေါနွယ်ဖွား အမျိုးသမီး တစ်ဦးသည် မေ ၂ဝ ရက်တွင် ဧဝရတ် တောင်ကို ခုနစ်ကြိမ် တိုင်တိုင် တက်ရောက် နိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီး ဖြစ် လာကြောင်း နှင့် ကမ္ဘာ့ အမြင့်ဆုံး တောင်ကို အမျိုးသမီး တစ်ဦး အနေဖြင့် အကြိမ် အများဆုံး တက်ရောက်နိုင်မှု စံချိန်ကို ချိုးဖျက် နိုင်ခဲ့ကြောင်း ခြေလျင် တောင်တက် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Lhakpa Sherpa is seen in Kathmandu in this May file photo. Lhakpa successfully reached the top of Mount Everest on May 18, only the second Nepalese woman to do so, the country's tourism ministry said. (Reuters)

အမေရိကန် ပြည်ထောင်စု ကွန်နက်တီကပ် ပြည်နယ်ရှိ 7-Eleven စတိုးဆိုင်တွင် အလုပ် လုပ်ကိုင် နေသော လက်ပါရှာပါ အမည်ရှိ အဆိုပါ အမျိုးသမီးသည် နီပေါလမ်းပြ၏ အကူ အညီဖြင့် ၈၈၅ဝ မီတာမြင့်သည့် ဧဝရတ် တောင်ထိပ်သို့ တိဗက်ဒေသ မှတစ်ဆင့် တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်း၏ ခရီးစဉ်ကို စီစဉ်ပေးသည့် 7-Summits Adventure ကုမ္ပဏီမှ ရာဂျစ်ရှရက်စ်သာ က ပြောကြားသည်။

အဖွဲ့ဝင် ရှစ်ဦး ပါဝင်သော ရုရှား တောင်တက် အဖွဲ့နှင့် လမ်းပြ ရှစ်ဦး တို့သည်လည်း ဧဝရတ် တောင်ထိပ်သို့ ရှာပါ ရောက်ရှိပြီးနောက် သုံးနာရီခန့် အကြာတွင် အဆိုပါ မြောက်ဘက် လမ်းကြောင်းမှ တစ်ဆင့် တက်ရောက် နိုင်ခဲ့ကြောင်း ရှရက်စ်သာ က ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က နီပေါတွင် ဖြစ်ပွားခဲ့သည့် ငလျင် လှုပ်ခတ်မှုကြောင့် တောင်ခြေ စခန်း၌ အနည်းဆုံးလူ ၁၈ ဦး သေဆုံးခဲ့ သော်လည်း ယခုလ အတွင်း နီပေါဘက် အခြမ်းမှ တစ်ဆင့် ဧဝရတ် တောင်ထိပ်သို့ တက်ရောက်သူ ၃၃ဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

Nepali woman climbs Mount Everest for seventh time, creates history

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_49.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...