အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ထူးခြားသစ်ပင်များ. Show all posts
Showing posts with label ထူးခြားသစ်ပင်များ. Show all posts

Friday, August 26, 2016

နှစ် ၃၀ ကြာမှသီးသည့် ဘတ် ၃ သောင်းခန့် တန်ဖိုးရှိ အမြွှာအုန်းသီး




ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်းပူးရီး ခရိုင် ပတ္တယား ကမ်းခြေမြို့မှာ သြဂုတ် ၂၄ ရက်နေ့က တလုံးကို ဘတ် ၂ သောင်းခွဲမှ ၃ သောင်းခန့် တန်ဖိုးရှိ ရှားပါး ပင်လယ် အုန်းသီး တလုံးကို အခမ်း အနားနဲ့ ခွဲစိတ် မြည်းစမ်း ခဲ့တယ်လို့ http://www.siamdrama.com/view-712.html ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။

အဆိုပါ အုန်းသီးမှာ အနှစ် ၃၀ ကြာမှ တလုံး သီးပြီး သက်တမ်း ၃၉ နှစ်ရှိ အပင် ကနေ ခူးဆွတ် ခဲ့တာ ဖြစ်ပါတယ်။

ပတ္တယားမြို့ စပျစ် ဥယျာဉ် ကနေ ခူးဆွတ်လာတဲ့ အဆိုပါ အုန်းသီးဟာ အသက် ၂ နှစ် ၄ လ ၁၄ ရက်ရှိပြီး ၁၀ မိနစ်ကြာ ခွဲယူခဲ့ ရတယ်လို့ အုန်းပင်ကို ပြုစု ပျိုးထောင်သူ ဆီအုန်းပင် မျိုးပွားမှု ဆိုင်ရာ မန်နေဂျာ နိုင်းဆုဖတ် ဆိုင်ဝိဆစ်က အခမ်း အနားမှာ ပြောကြား ပါတယ်။

အဆိုပါ အုန်းသီးမှာ ရုက္ခဗေဒ အခေါ် (LODOICEA MALDIVICA) အမြွှာအုန်း ဖြစ်ပြီး အမျိုးသမီး တင်ပါးပုံစံ ဖြစ်နေ တာကြောင့် ထိုင်းလိုတော့ မာ့ဖရောက် ကွန့်ဆောဝ် (အပျို့တင်အုန်း) လို့ ခေါ် ကြပါတယ်။

မူလမျိုးစေ့ကို သင်္ဘောသား တွေက ပင်လယ် သမုဒ္ဒရာထဲက သယ်ဆောင် လာတာ ဖြစ်ပြီး ဒီခြံထဲမှပဲ ပျိုးပင်ဖောက် ယူကာ လောလောဆယ် အဲဒီခြံထဲမှာ အပျို့တင်အုန်း အမျိုးအစား အုန်းပင် ၂၅ ပင် ရှိကာ အလုံးပေါင်း ၈ လုံး သီးနေ တယ်လို့ ဆိုပါတယ်။

ဒီအသီးတွေရဖို့ နှစ်နဲ့ချီ ပြုစုပျိုးထောင်လာခဲ့ရတဲ့အတွက် တလုံးကို ဘတ် ၂ သောင်း ၅ ထောင်ကနေ ၃ သောင်းလောက် တန်ဖိုးရှိတယ်လို့ ခြံမန်နေဂျာက ပြောပါတယ်။

အုန်းသီးခွဲတဲ့ အခမ်းအနားကို ချွန်းပူးရီးခရိုင် ဖတ်ထယားစပျစ်ခြံ ညွှန်ကြားရေးမှူး၊ ဆတ်တဟိပ်မြို့နယ်မှူး၊ အုန်းမျိုးစိတ်ဇီဝဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တချို့ပါ လာရောက်မြည်းစမ်းပြီး အုန်းသီးရဲ့ အရသာကို အားလုံးက ထူးကဲစွာ ချိုမြကြောင်း၊ ဆိမ့်ကြောင်း၊ မွှေးကြောင်း တညီ တညွတ်တည်း
ပြောဆို ခဲ့ကြပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/165574

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...