အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, January 2, 2017

ဟောလိဝုဒ် စာတန်းအား နောက်ပြောင်သူ တစ်ဦး ပြောင်းထားခဲ့




ဇန်န၀ါရီ ၂ ရက်

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ဟောလိဝုဒ် စာတန်းကို နောက်ပြောင် ကျီစယ်သူ တစ်ဦးက စာလုံးတွေ ပြောင်းလဲ ခဲ့ကြောင်း Sky သတင်းတွင် ဖော်ပြ ထားသည်။

ဟောလိဝုဒ် စာတန်းကြီး၏ အို (၂) လုံး နေရာတွင် အီး (၂) လုံးထည့်ပြီး ဟောလိဝိ ဖြစ်အောင် လုပ်ကြံ ဖန်တီး သွားခဲ့ခြင်း ဖြစ်ပြီး ၀ိဆိုတာ ဆေးခြောက်ကို ရည်ညွှန်းသည့် စကားလုံး ဖြစ်သည်။

ကယ်လီဖိုးနီးယား၊ လော့အန်ဂျလိစ် ဒေသခံများသည် နှစ်သစ်ကူး မနက်ခင်းတွင် ဟောလိဝိ ဆိုသည့် စာတန်း အကြီးကြီးကို မြင်တွေ့ ခဲ့ကြရခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က သဲလွန်စ ရရှိဖို့ စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ဟောလိဝုဒ် တည်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဆေးခြောက်ကို အပန်းဖြေ သဘောဖြင့် တရားဝင် အသုံးပြုခွင့်ရရှိရေး အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း မဲခွဲ ဆုံးဖြတ် ခဲ့ကြပြီး မဲရလဒ် အရ လာမည့် ၂၀၁၈ ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည်နယ် အတွင်း ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ရရှိတော့မည် ဖြစ်သည်။


From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21851

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...