အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မိုက်ရူးရဲဆန်ဆန်. Show all posts
Showing posts with label မိုက်ရူးရဲဆန်ဆန်. Show all posts

Thursday, December 10, 2015

ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့ အမျိုးသား





Home / featured / ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့အမျိုးသား
ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့အမျိုးသား
Staff Writer 14:30 featured



ဒီဗီဒီယိုဟာ ရှော့ခ်ဖြစ် သွားစေနိုင်တဲ့ အချိန် အခိုက်အတန့် တစ်ခုကို ရိုက်ကူး ပြသထားပြီး ထိုဗီဒီယို ထဲမှာတော့ လမ်းပေါ်မှာ အစား အသောက် ရောင်းချသူ အမျိုးသား တစ်ဦးဟာ သူရဲ့ ချစ်သူ ကောင်မလေးနဲ့ တယ်လီဖုန်း ပြောရင်း စကားများပြီး သူ့ရဲ့ လိင်အင်္ဂါကို လှီးဖြတ် ခဲ့တာတွေ့ရပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးပြီး သူ့ရဲ့ အစားအသောက် ဆိုင်ကြောင့် HB လို့ လူသိများတဲ့ အမျိုးသားဟာ တူရကီ တောင်ပိုင်းက မက်ဒစ်တာရေးနီးယန်း ကမ်းခြေမှာတည်ရှိတဲ့ Mersin မြို့ ၊ Yenisehir ခရိုင် မှာ ရိုက်ကူးနေတဲ့ လုံခြုံရေးကင်မရာ CCTV ထဲမှာ အထက်ပါ အနေအထားအတိုင်း ပါဝင်နေတာပါ။

ထိုပေါင်မုန့်ရောင်းချသူ အမျိုးသားဟာ ဖုန်းပြောရင်း ကောင်မလေးနဲ့ စကားများ ပြီးတဲ့နောက် သူ့ရဲ့ ဘောင်းဘီကို ချွတ် လိုက်ကာ သူ့ရဲ့ အမျိုးသား ဖွားဖက်တော် ကို ဘရိတ်ဓါး နဲ့ လှီးဖြတ်ခဲ့ တာပဲ ဖြစ်ပါတယ်။

ဗီဒီယိုမှာတော့ အရမ်း ကြည်လင်ပြတ်သားမှု မရှိတဲ့အတွက် မျက်မြင်သက်သေတွေကို မေးမြန်းခဲ့ရာမှာ သူဟာ နေ့ခင်းကြောင်တောင် လူပေါင်းမြောက်များစွာရှိတဲ့ လမ်းပေါ်မှာ သူ့ရဲ့ အမျိုးသား အင်္ဂါကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တာပဲ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက မီဒီယာ ကို ပြောပြခဲ့ပါတယ်။

အရပ်ဝတ် နဲ့ ရဲအရာရှိတစ်ယောက်ဟာ အခင်းဖြစ်ပွားရာနေရာ ကို ရောက်ရှိလာပြီး ဖြတ်သွားဖြတ်လာ တွေရဲ့ အကူအညီနဲ့ ထိုအမျိုးသားကို တားမြစ်ခဲ့ပါတယ်။ ထိုအမျိုးသားကို Mersin တက္ကသိုလ် Medical Faculty ဆေးရုံကို ပို့ဆောင်ပြီး ခွဲစိတ်ဆရာဝန်တွေက သူ့ရဲ့ ပြတ်သွားတဲ့ အင်္ဂါအစိတ်အပိုင်း တွေကို ပြန်လည်တပ်ဆင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဆရာဝန်တွေကတော့ သူ့ရဲ့ လိင်အင်္ဂါဟာ ထိခိုက်မှု ပြင်းထန်ခဲ့တဲ့ အတွက် ပြန်လည်တပ်ဆင် ကောင်းမွန်နိုင်ဖို့တော့ ဖြစ်နိုင်ချေ နည်းတယ်လို့ ပြောပြ ခဲ့ကြပါတယ်။ ထိုအမျိုးသားကတော့ သူ့ရဲ့ ကောင်မလေးက ဘာပြောခဲ့လဲ ဆိုတာနဲ့ သူတို့ ဘာကို ငြင်းခုံ ခဲ့ကြတယ် ဆိုတာကို ပြောပြဖို့ ငြင်းဆန် ခဲ့ပါတယ်။




Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_16.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, December 4, 2015

IS တစ်ဦး လောင်ချာ ပစ်ခတ်ဖို့ရင်း ဒုံးကျည် မထွက်ပဲ ကိုယ့်ကိုကိုယ် ပေါက်ကွဲသွား




ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ ဖြစ်တဲ့ ISIS အဖွဲ့ဝင် တစ်ယောက်လို့ ထင်မှတ် ရသူတစ်ဦးဟာ လောင်ချာ တစ်လက်ကို ထမ်းပြီး ရန်သူ ကို ပစ်ခတ်ဖို့ ကြိုးစားရင်း လောင်ချာရဲ့ ချို့ယွင်း မှုကြောင့် ကိုယ့်ကိုကိုယ် ပြန်လည် လောင်ကျွမ်း စေခဲ့တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။

ISIS အဖွဲ့ဝင်တစ်ယောက်လို့ သတ်မှတ်လို့ရတဲ့ အမျိုးသားတစ်ဦးဟာ ထိုဗီဒီယိုထဲမှာတော့ ထိုင်လျက် အနေအထားနဲ့ လောင်ချာ ကို ပြင်ဆင်နေတာ တွေ့ရမှာပါ။

သူ့ရဲ့ ၀တ်စုံကတော့ အနက်ရောင်ဖြစ်ပြီး ကြီးမားတဲ့ လောင်ချာကို သူ့ရဲ့ ပခုံးပေါ်ထမ်းတင်ကာ မတ်တပ်ထလိုက်ပြီး အဆောက်အဦးနံရံ အပေါက်ကြီး က တစ်ဆင့် ရန်သူကို ပစ်ခတ်ဖို့ ချိန်ရွယ်နေပါတယ်။

ဒါပေမယ့်လည်း သူချိန်ရွယ် ပြီးစီးလို့ လောင်ချာကနေ ဒုံးကျည်ကို ပစ်လိုက်တဲ့အခါမှာတော့ လောင်ချာမှာ ချို့ယွင်းချက်ဖြစ်ပေါ်သွားပြီး ဒုံးကျည်ဟာ လောင်ချာထဲမှာပဲ ပေါက်ကွဲသွားကာ ထိုအမျိုးသား ကို လောင်ကျွမ်းပြောက်ကွယ်သွားစေခဲ့ပြီး ထို အခန်းတစ်ခန်းလုံးလည်း မီးခိုးငွေ့တွေနဲ့ သာ ဖုံးလွှမ်းသွားတာကို တွေ့ရပါတယ်။

ထို ဗီဒီယိုဟာ LiveLeak ဆိုတဲ့ ၀က်ဘ်ဆိုက် ကတဆင့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်အပြီးမှာပဲ ဗီဒီယို ရိုက်ကူးမှု ကို ရပ်နားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒီဗီဒီယို ဟာ ဘယ်နိုင်ငံမှာ ရိုက်ကူးထားတယ်ဆိုတာနဲ့ ဘယ်သူက ရိုက်ကူးထားတယ်ဆိုတာ ကိုတော့ ပြတ်ပြတ်သားသား သိရှိရခြင်း မရှိသေးပါဘူး။


Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/isis.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 20, 2015

ဥရောပရဲ့ ပထမဆုံး အမျိုးသမီး အသေခံ ဗုံးခွဲသူဟာ ကိုရန်ကျမ်းစာ ကိုဘယ်တုန်းကမှ မဖတ်ခဲ့




အသက် ၂၆နှစ် ရှိပြီဖြစ်တဲ့ Hasna Ait Boulahcen ဟာ ဥရောပရဲ့ ပထမဆုံး အမျိုးသမီး အသေခံ ဗုံးခွဲသူ ဖြစ်လာပါတယ်။ သူဟာ ပါတီ ကြိုက်လွန်းသူ တစ်ဦးဖြစ်ပြီး ယောကျာ်းတွေ အများကြီးနဲ့ တွဲတယ် ဆိုပြီးတော့လည်း နာမည်ဆိုးနဲ့ ကျော်ကြား သူပါ။ ဘာသာရေးကို စိတ် မဝင်စားပုံ ပြခဲ့သူလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ရက်နေ့၊ စိန့်ဒန်းနစ်စ် မှာ အကြမ်းဖက်ခိုလှုံရာနေရာကို ဝင်စီးတုန်းက Hasna ဟာ သူ့ကိုသူ အပိုင်းပိုင်းဖြစ်အောင် ဗုံးဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ သူဟာ အဲ့ဒီ့အိမ်မှာ သူ့အစ်ကိုဝမ်းကွဲဖြစ်သူနဲ့ အတူပုန်းအောင်းနေတာဖြစ်ပြီး သူ့အစ်ကိုဝမ်းကွဲဟာ ပါရီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ ကြိုးကိုင်ခြယ်လှယ်သူ တစ်ဦးပါ။

Hasna သေပြီး နောက်တစ်နေ့မှာတော့ သူ့မိသားစုနဲ့ အသိအကျွမ်းတွေက ပုံမှန်မဟုတ်တဲ့သူ့အကြောင်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ အစ္စလာမ်ကို မြတ်နိုးတာထက် အရက်နဲ့ဆေးလိပ်ကို ပိုမြတ်နိုးတယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူငယ်အမျိုးသမီးတစ်ဦးလို့ သိရပါတယ်။

ရေချိုးကန်ထဲမှာ selfie ရိုက်ထားတဲ့ ပုံတစ်ပုံထွက်ရှိလာခဲ့ပြီး သူ့ရဲ့မျက်နှာမှာ မိတ်ကပ်တွေလိမ်းခြယ်ထားပြီး လက်ဝတ်ရတနာတွေကလွဲလို့ ဘာမှမဝတ်ထားပါဘူး။

သူဟာ ဘာသာရေးမှာလုံးဝ စိတ်မဝင်စားခဲ့ကြောင်း၊ ကိုရန်ကျမ်းစာကိုလည်း ဘယ်တုန်းကမှ မဖတ်ခဲ့ကြောင်း၊ မူဆလင်အမျိုးသမီးဝတ်စုံကိုလည်း လွန်ခဲ့တဲ့ တစ်လကမှ စပြီး ဝတ်ဆင်ခဲ့တာ ဖြစ်ကြောင်းတွေကို သူ့ရဲ့အစ်ကို Youssouf Ait Boulahcen ကပြောပြခဲ့ပါတယ်။

Ref: Dailymail

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_51.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, October 18, 2015

Facebook ကတဆင့် အလုပ်လက်ခံပြီး လူသတ်ခဲ့တဲ့ ၁၄နှစ် ကောင်လေး




ကယ်လ်ဖိုး နီးယားနဲ့ နယ်စပ် ဖြစ်တဲ့ တီယူဝါးနားမြို့ အနောက် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မှုခင်း ဖြစ်နေရာ ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် ၁၄နှစ် ကောင်လေး တစ်ယောက် အဖမ်းခံ ခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“ကောင်လေးက Facebook ကနေတဆင့် လူတစ်ယောက်နဲ့ စာချုပ် ချုပ်ခဲ့တာလို့ ပြောတယ်။” လို့ အထူး စုံစမ်းစစ်ဆေးရေး ဖြစ်တဲ့ Miguel Angel Guerrero က သတင်း ထုတ်ပြန် ပါတယ်။

Facebook ပေါ်က အဲဒီလူဟာ လူတစ်ယောက်ကို သတ်ဖို့ အတွက် ကန်ဒေါ်လာ ၁၉၀၀ ကမ်းလှမ်းခဲ့ တယ်လို့ Guerrero ကပြောပါတယ်။

မြို့ရဲ့လမ်းမကြီး တစ်ခုပေါ်မှာ ဆုံကြမယ်လို့ ကောင်လေးနဲ့ လူကြီးက သဘော တူညီ ထားခဲ့ ကြပါတယ်။ မူးယစ်ရောင်တဲ့ နယ်မြေ တစ်ခုဆီ တက္ကစီ တစ်စီးက ကောင်လေးကို လိုက်ပို့ပြီး အဲဒီ က လူတွေက သတ်ရမယ့် လူကို ပြကာ လက်နက် တစ်ခု ပေးခဲ့ ပါတယ်။

ကောင်လေးဟာ တက္ကဆီပေါ်က ဆင်းပြီး အသက် ၃၅နှစ် အရွယ် အသတ်ခံ ရမယ့် သူဆီကို လမ်းလျှောက် သွားခဲ့ပါတယ်။ တွေ့တဲ့ အခါမှာ ခေါင်းကို သေနတ်နဲ့ ပစ်ခတ် ခဲ့တယ်လို့ အရာရှိက ပြောခဲ့ပါတယ်။

ကောင်လေးဟာ ထွက်ပြေးခဲ့ ရာကနေ မြို့ရဲတွေ ဖမ်းမိပြီး လူငယ် ပြစ်မှု တရားရုံး ဆီကို လက်လွှဲ ပြောင်းပေး ခဲ့ပါတယ်။ အာဏာပိုင်တွေက မျက်နှာဝါးထားတဲ့ ကောင်လေးပုံကို ထုတ်ပြန် ခဲ့ပါတယ်။ ကောင်လေးဟာ ဆံပင်နက်ပြီး အနီ၊ အပြာအစင်း ပါတဲ့ ရှပ်အဖြူရောင်ကို ဝတ်ဆင် ထားပါတယ်။

Ref:AFP

Original link - http://knowledge.thithtoolwin.com/2015/10/facebook_18.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, October 15, 2015

ဂျပန်တွင် ၀က်ဝံကို အနီးကပ်ဆုံး ဓာတ်ပုံရိုက် (ရုပ်သံ)




ဂျပန်နိုင်ငံ မှာတော့ ဖန်အိမ် ထဲကို ၀င်ပြီး ၀က်ဝံကို အနီး ကပ်ဆုံး ဓာတ်ပုံ ဗွီဒီယို ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ရုပ်သံက ထုတ်လွှင့် သွားတဲ့ ၁၄ စက္ကန့်ကြာတဲ့ ဗွီဒီယို ကလစ် တခုမှာတော့ ဖန်အိမ်ထဲမှာ ရှိနေတဲ့ အမျိုးသမီး တဦးကို ၀က်ဝံက ဖမ်းဖို့ ကြိုးစား aနပါတယ်။

ဝက်ဝံက ဖန်အိမ်ကို ဟိုဘက် ဒီဘက် တွန်းထိုးနေ သလို အမျိုးသမီး ကလည်း အထဲမှာ ကျွမ်းထိုး aမှာက်ခုံ ဖြစ်နေ ပါတယ်။ အမျိုးသမီးက လက်ထဲက ကင်မရာနဲ့ ၀က်ဝံရဲ့ တိုက်ခိုက် မှုကို မှတ်တမ်း ရယူနေ ပါတယ်။

ဂျပန် ရုပ်သံ အစီအစဉ် တခုရဲ့ အကြို မြင်ကွင်းဖြစ်ပြီး ၀က်ဝံ ဒါကိုတာနဲ့ ရိုက်ယူ ထားတာလို့ သတင်းတွေက ဆိုပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116659


Read More »

မိကျောင်းနှင့် သတ်ပုတ်ပြီး စွမ်းရည်ပြသသည့် အမေရိကန်နိုင်ငံသား (ရုပ်သံ)




မိကျောင်းတွေဟာ ထိတ်လန့် တုန်လှုပ် စရာကောင်းတဲ့ သတ္တ၀ါတွေပါ။ ဒီဗွီဒီယို ဖိုင် မှာတော့ အမေရိကန်နိုင်ငံမှ မိုက်ရူးရဲဆန်ဆန် စွန့်စားသူ တဦးရဲ့ မိကျောင်း တကောင်နဲ့ တိုက်ခိုက် ပုံတွေကို စီစီတီဗွီ သတင်းမှ တဆင့် ဖော်ပြ ထားပါတယ်။

မဖြစ်နိုင်သော စိန်ခေါ်မှုများလို့အမည်ပေး ထားတဲ့ စွမ်းရည်ပြသမှု အစီအစဉ်မှာ ကိုယ်အလေး ချိန် ၇၅ ကီလိုဂရမ်၊ အရှည် ၁ ဒဿမ ၇ မီတာ အရှည်ရှိတဲ့ မိကျောင်း တ ကောင်နဲ့ သတ်ပုတ်နေတဲ့ သူ့ရဲ့စွမ်းရည်တွေကို တွေ့မြင်နိုင် ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116561


Read More »

Wednesday, October 14, 2015

ကြိုးလေး တစ်ချောင်းထဲ သုံးပြီး မိုးမျှော် အဆောက်အဦး ထိပ်မှာ အမိုက်စားဓါတ်ပုံတွေ တက်ရိုက်ခဲ့တဲ့ ကျောင်းသားလေး



စွန့်စားသူ Alexey Kuznin

Alexey Kuznin ဟာ ရိုးရိုး ကြိုးလေး တစ်ချောင်းကို သုံးပြီး ၅၁၂ ပေ အမြင့်ရှိ မိုးမျှော် တိုက်ထိပ်ကို တက်ပြီး သူရဲ့ဘော်ဒါနဲ့ အတူ ဓါတ်ပုံတွေ ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၉နှစ် အရွယ် ခပ်မိုက်မိုက် ကောင်ကလေး Alexey Kuznin ဟာ၅၁၂ ပေ အမြင့်ရှိ မိုးမျှော်တိုက် ထိပ်ကို ရိုးရိုး ကြိုးလေး တစ်ချောင်းကို သုံးပြီး တက်ခဲ့ တာဖြစ်ပြီး တစ်ရေး တမော အိပ်နေတဲ့ ပုံကိုတောင် ရိုက်ကူး ခဲ့လို့ စူပါစတား ဖြစ်နေပါပြီ။



ဒါပေမယ့် သူ့ကို ဓါတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ သူရဲ့ဘော်ဒါ Alexander Voskresenksy ၂၃နှစ်ကတော့ အမြင့်ကြောက် တတ်သူဖြစ်ပြီး ဓါတ်ပုံတွေ ရိုက်ဖို့ ခက်ခက်ခဲခဲ တက်ခဲ့ ရတယ်လို့ ဆိုပါတယ်။

ဂျင်းဘောင်းဘီ အပြဲနဲ့ မော်စကို တာဝါထိပ်က ပြန်ဆင်းလာတဲ့ သူက “ ကျွန်တော် တက်ခါစက အမြင့်ကြီးမို့ ကြောက်ခဲ့ ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း အသားကျ သွားပြီး ရှုခင်းတွေ ကလည်း ရှယ်ပဲလေ” လို့ပြောပါတယ်။


စွန့်စားသူ Alexey Kuznin

ဓါတ်ပုံဆရာ Alexander Voskresenksy

Original link -http://knowledge.thithtoolwin.com/2015/10/blog-post_51.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...