
စွန့်စားသူ Alexey Kuznin
Alexey Kuznin ဟာ ရိုးရိုး ကြိုးလေး တစ်ချောင်းကို သုံးပြီး ၅၁၂ ပေ အမြင့်ရှိ မိုးမျှော် တိုက်ထိပ်ကို တက်ပြီး သူရဲ့ဘော်ဒါနဲ့ အတူ ဓါတ်ပုံတွေ ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၉နှစ် အရွယ် ခပ်မိုက်မိုက် ကောင်ကလေး Alexey Kuznin ဟာ၅၁၂ ပေ အမြင့်ရှိ မိုးမျှော်တိုက် ထိပ်ကို ရိုးရိုး ကြိုးလေး တစ်ချောင်းကို သုံးပြီး တက်ခဲ့ တာဖြစ်ပြီး တစ်ရေး တမော အိပ်နေတဲ့ ပုံကိုတောင် ရိုက်ကူး ခဲ့လို့ စူပါစတား ဖြစ်နေပါပြီ။

ဒါပေမယ့် သူ့ကို ဓါတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ သူရဲ့ဘော်ဒါ Alexander Voskresenksy ၂၃နှစ်ကတော့ အမြင့်ကြောက် တတ်သူဖြစ်ပြီး ဓါတ်ပုံတွေ ရိုက်ဖို့ ခက်ခက်ခဲခဲ တက်ခဲ့ ရတယ်လို့ ဆိုပါတယ်။
ဂျင်းဘောင်းဘီ အပြဲနဲ့ မော်စကို တာဝါထိပ်က ပြန်ဆင်းလာတဲ့ သူက “ ကျွန်တော် တက်ခါစက အမြင့်ကြီးမို့ ကြောက်ခဲ့ ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း အသားကျ သွားပြီး ရှုခင်းတွေ ကလည်း ရှယ်ပဲလေ” လို့ပြောပါတယ်။
![]() | ![]() |
Original link -http://knowledge.thithtoolwin.com/2015/10/blog-post_51.html

No comments: