အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

ဇီဝဗေဒဆရာမတဦးရဲ့ ထူးခြားတဲ့ သင်ထောက်ကူဝတ်စုံ




နယ်သာလန်နိုင်ငံက ဇီဝဗေဒ ဆရာမ တဦးဟာ လူသား တဦးမှာ ရှိလေ့ ရှိထဖြစ်သော ခန္ဓာဗေဒ ဆိုင်ရာ ပုံသဏ္ဌာန် မျိုးပြုလုပ် ထားတဲ့ ၀တ်စုံကို ကိုယ်တိုင် ၀တ်ဆင်ပြီး စာသင်ကြားခြင်းမှာ အထောက် အကူ အဖြစ် အသုံးပြု ခဲ့ပါတယ်။

Groene Hart Rijnwoude ဆိုတဲ့ ကျောင်းမှ န၀မတန်း ကျောင်းသား တွေဟာ သူတို့ရဲ့ ဆရာမက စာသင်နေရင်း ရုတ်တရတ် အပေါ်ဝတ်ကို ချွတ်ချ လိုက်ပြီး သူ့ကိုယ်မှာ ၀တ်ဆင် ထားတဲ့ အဲ့ဒီ ခန္ဓာဗေဒပုံစံ ၀တ်စုံကို မြင်တွေ့ လိုက်ချိန်မှာ အံ့အားသင့်ခဲ့ ကြပါတော့တယ်။



ကျောင်းသားတွေဟာ သူတို့ဆရာမက အဲ့ဒီဝတ်စုံကို တဖြည်းဖြည်း လှစ်ဟပြလိုက်ချိန်မှာ တခစ်ခစ်နဲ့ ရယ်သံတွေ ပေါ်ထွက်လာခဲ့ပေမယ့် သူတို့ဆရာမရဲ့လုပ်ရပ်ကို နောက်ပိုင်းမှာ နားလည်သဘောပေါက်ခဲ့ကြပါတယ်။ အဲ့ဒီလို စာသင်ခန်းထဲက အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ ဖေ့ဘုတ်လှုမှုကွန်ရက်မှာ စိတ်ဝင်တစားနဲ့ ကြည့်ရှုသူပေါင်း ၁သိန်း ၃သောင်းကျော် ရှိခဲ့ပါတယ်။



အဆိုပါ ဇီဝဗေဒဆရာမ ၀တ်ဆင်ခဲ့တဲ့ ခန္ဓာဗေဒပုံစံ ၀တ်စုံဟာ အလွှာပေါင်း ၁ လွှာထက်မကပါရှိတဲ့ ၀တ်စုံ လို့ပြောလို့ရပါတယ်။ အဲ့ဒီဝတ်စုံရဲ့ အောက်ဘက်မှာ ကြွက်သားပုံသဏ္ဌာန်၊ အခြားသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း ပြသထားတဲ့ ပုံသဏ္ဌာန် အပြင် အရိုးပိုင်း ဆိုင်ရာ ဖွဲ့စည်း တည်ဆောက် ပုံတွေကို ပြသထားတဲ့ ပုံသဏ္ဌာန်စတဲ့ အသွင်အပြင်တွေ ပါဝင်ပါတယ်။

ဆရာမအတွေ့အကြုံ ၇ နှစ် တာရှိပြီဖြစ်တဲ့ အဲ့ဒီဆရာမဟာ ကျောင်းသားတွေကို စာသင်ကြားတဲ့အခါ စိတ်ပါဝင်စားအောင်ဆွဲဆောင်ပြီး သင်ကြားပြသဖို့လိုတယ်လို့ သူ့အနေနဲ့ ခံစားမိကြောင်း ပြောပါတယ်။



သူစာသင်ကြားပြသနေတဲ့ ဓာတ်ပုံများဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါဆရာမရဲ့ သင်ကြားပြသမှုဟာ ကျောင်းသားတွေကို ဗဟုသုတအနေနဲ့ မှတ်သားရာမှာ ပိုမိုသတိတရ မှတ်သားနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်တဲ့အတွက် အဆိုပါ ဆရာမရဲ့စိတ်ကူးကို သဘောကျ နှစ်သက်မိ တယ်လို့ ပြောဆိုနေကြပါတယ်။

Ref : CCTVnews

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_71.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...