အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

အမြင့်ပေ ၃၀၀၀၀ လေယာဉ်ပေါ်တွင် ကလေးမီးဖွား (ရုပ်သံ)




အင်ဒိုနီးရှားနိုင်ငံ ဘာလီကနေ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်ကို ထွက်ခွာ လာတဲ့ တရုတ် လေကြောင်း လိုင်းပေါ်မှာ စီးနင်း လိုက်ပါလာတဲ့ ခရီးသည် တဦးက အမျိုးသမီး ကလေးငယ် တဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ ပါတယ်။

ထိုင်ဝမ် ခရီးသည် တဦးက ကလေးကို ၂ လကြာ စောမွေး ခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ ပါလာတဲ့ ဆရာဝန် တဦးက လေယာဉ် မြေပြင်ပေါ်ကို မဆင်းသက်မှီ မိနစ် ၃၀ စော မွေးဖွားပေး ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းက လေယာဉ် မောင်မယ်တွေက ခရီးသည်တွေထံ ကနေ ဆေးကုသမှု ဆိုင်ရာ အကူအညီ ပေးဖို့ တောင်းဆိုတဲ့ အတွက် လိုက်ပါ စီးနင်းလာတဲ့ ဆရာဝန်က မွေးဖွားပေး လိုက်တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် တဦးက ရိုက်ကူး ခဲ့ပါတယ်။ ခရီးသည် တဦးက ဒါက တသက်မှာ တခါကြုံ ရတဲ့ ဖြစ်ရပ် ဖြစ်သလို ဒီခရီးသည် တွေက ဒီလို ဖြစ်ရပ်ကို နောင်ဘယ်တော့မှ ပြန်ကြုံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီနောက်မှာတော့ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေး အတွက် လေယာဉ်ကို အမေရိကန်က အလစကားမှာ အရေးပေါ်ဆင်းသက် ခဲ့ပါတယ်။ ကလေးနဲ့ မိခင်ကို ဆေးရုံခေါ် သွားပြီး ၂ ဦးစလုံးရဲ့ ကျန်းမာရေး တည်ငြိမ်နေ တယ်လို့ သတင်းက ရေးပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116513


ြ

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...