အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ပညာရှင်များ. Show all posts
Showing posts with label ပညာရှင်များ. Show all posts

Thursday, December 8, 2016

လိင်နှင့် အိမ်မှု အလုပ်မျိုးစုံ လုပ်နိုင်မည့် Robot များ မကြာမှီ ထုတ်လုပ်နိုင်မည်




နည်းပညာရှင် တွေရဲ့ အဆိုအရ မကြာမြင့်မှီ ကာလမှာ Sex Robot တွေဟာ အိမ် အလုပ်တွေ ဖြစ်တဲ့ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေး လုပ်ခြင်း၊ ဆေးသုတ်ခြင်း စတဲ့ ဗာဟီရ ကိစ္စရပ် တွေမှာ ၀င်ရောက် လုပ်ကိုင် နိုင်တော့မှာ ဖြစ်တယ်လို့ The Sun သတင်းစာမှာ ဖော်ပြ ထားပါတယ်။

အလုပ်ခွင် အခြေအနေ




လူပေါင်း များစွာနဲ့ လည်ပတ် aနတဲ့ ဘဏ်တွေနဲ့ လောင်းကစား ကုမ္မဏီတွေဟာ စက်ရုပ်တွေ ကိုသာ အလုပ် ခွင်မှာ ခန့်ထား လိုက်ရင် နှစ်စဉ် လုပ်အားခ ပေါင် ၃ သောင်းခန့် သက်သာမှာ ဖြစ်ပါတယ်။

စက်ရုပ်တွေကို အလုပ်ခွင်မှာ စတင် တပ်ဆင် မယ်ဆိုရင် ၎င်း ပမာဏရဲ့ ငါးဆသာ ကုန်ကျမှာမို့ ရေရှည်မှာ လူသားတွေ အတွက် အလုပ် အကိုင် ရှားပါး လာနိုင်တယ်လို့ သူဌေးကြီး Mark က အထက်ပါ စကားကို ဆိုခဲ့ခြင်း ဖြစ်ပါတယ်။



အမျိုးသမီး တို့ရဲ့ အခန်း ကဏ္ဍ


ဟိုးအရင် တုန်းက အိမ်ထောင် သားမွေး ကိစ္စရပ်တွေမှာ အမျိုးသားနဲ့ အမျိုးသမီး ကိစ္စချင်း ညီမျှမှ ဖြစ်နိုင် ခဲ့ပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကလေး မွေးရုံ အတွက် ဆိုရင် ဖန်ပြွန်သန္ဓေသား စနစ်ကို အလုပ်အကိုင် မပြတ်ပဲ အမျိုးသမီးတွေ ကိုယ်ဝန် လွယ်စရာ မလိုပဲ မွေးဖွားနိုင်တဲ့ ခေတ်ဖြစ်လာပါပြီ။

တစ်နည်း ဆိုရသော် အမျိုးသား တစ်ယောက် ကလေး လိုချင်ရင် မမျိုးဥ လှူမယ့် သူသာ ရှိပါစေ အဆင်ပြေ
နိုင်တဲ့ ကိစ္စရပ် တစ်ခု ဖြစ်လာ ခဲ့ပါပြီ။ ဒီလိုနဲ့ အမျိုးသမီး တွေရဲ့ အခန်း ကဏ္ဍဟာ ခေတ်ပေါ် နည်းပညာ
 တွေကြောင့် မှေးမှိန် သွားမယ်လို့ ဟောကိန်း ထုတ်ခဲ့ ကြပါတယ်။



ဒါ့အပြင် မကြာသေး ခင်ကမှ Sex Robot တွေကို မိမိနှစ်သက်ရာ Cele တစ်ယောက် ယောက်ရဲ့ မျက်နှာမျို စိတ်ကြိုက် မှာယူနိုင် တော့မှာလို့ သက်ဆိုင်ရာ တွေက ထုတ်ပြ န်ခဲ့ပါတယ်။

လက်ရှိ အချိန် ထိတော့ လူတစ်ယောက်ရဲ့ အထိ အတွေ့မျိုး ပေးနိုင် စွမ်းတဲ့ အာသာဖြေ စက်ရုပ်တွေ ဈေး
ကွက်ထဲ ၀င်ရောက် လာခဲ့ပါပြီ။

မကြာမှီမှာ အပြန်အလှန် စကားပြော ပေးမယ့် စက်ရုပ်တွေ ကိုပါ တီထွင် နိင်တော့မယ်လို့ RealDoll မှာ ပညာရှင် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ David Levy က ဆိုပါတယ်။



အနာဂတ်မှာ လူသားတွေ အလုပ် ဆုံးရှုံး ကြတော့မှာလား ?


အောက်စဖို့ တက္ကသိုလ် ကလည်း မကြာမြင့်မှီ ကာလ အတွင်းမှာ စက်ရုပ်တွေ အစားထိုး လိုက်တာနဲ့ အလုပ် ဆုံးရှုံးနိုင်ချေ ရှိတဲ့ အသက်မွေး ၀မ်းကြောင်း ပညာသည် 60 ကျော်ရဲ့ ရာထူးတွေကို ဖော်ပြ ခဲ့ပါတယ်။

အဆိုပါ ရာထူးတွေဟာ အများပြည်သူ ကြင်လည်ရာ ရာထူးတွေသာ ဖြစ်နေလို့ စက်ရုပ်တွေ ပေါ်လာရင် အမျိုးသမီး တွေသာမက အမျိုးသား တွေပါ အလုပ် လက်မဲ့ ဖြစ်သွား နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။

source: thesun.co.uk

From : နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com

Read More »

Saturday, April 9, 2016

အသက် ၂၀ အရွယ် မြန်မာ့ မိတ်ကပ် ပညာရှင်




အွန်လိုင်း ကနေသာ သင်ကြား ခဲ့ပြီး အသက် ၂၀ သာ ရှိသေးတဲ့ မဆုယမင်းပြည့် ရဲ့ မိတ်ကပ် ဖန်တီးမှုတွေ၊ ဆိုးဆိုး ရွားရွား အနာတရ ပုံတွေ၊ ထိမိ၊ ခိုက်မိတဲ့ ပုံတွေဟာ တကယ်ကို အသက်ဝင် လှတာ ဖြစ်ပါတယ်။

သူ့လက်ရာ တွေဟာ ဖေ့ဘွတ် လူမှုကွန်ရက်မှာ လူသိများတဲ့ အမျိုးသမီး တယောက်လည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဖန်တီးမှု တချို့က အသည်းငယ် တတ်သူတွေ ကြည့်ဖို့ တော်တော် အားမွေး ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဒဏ်ရာ ဒဏ်ချက်တွေဟာ မိတ်ကပ်နဲ့ အထူးပြုလုပ်ချက် သက်သက်သာ ဖြစ်ပါတယ်။


7Day News Journal

Originally published at - https://www.facebook.com/7DayOnlineTV/videos/1042262929178742/


Read More »

Tuesday, March 22, 2016

ဖျတ်လတ် တက်ကြွသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး အကဓာတ်ပုံများ ရေပန်းစား




တရုတ်နိုင်ငံမှ အသက် ၂၇ နှစ် အရွယ် ကျောင်း အမည်ရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင် တဦး ဖြစ်ပေမယ့် အံ့မခန်း ကျန်းမာ သန်စွမ်းသူ တယောက်ပါ။



သူ့ရဲ့ ကိုယ်ဝန် အရင့် အမာနဲ့ ကျန်းမာ သန်စွမ်းတဲ့ အက စွမ်းရည် ပြပုံတွေ အင်တာနက် စာမျက်နှာ တွေပေါ် ပျံ့နှံ့ခဲ့ပြီး နောက်မှာတော့ လူသိများ လာခဲ့တာပါ။

အကဆရာမ တဦးဖြစ်တဲ့ ကျောင်းဟာ ကိုးလသား ကိုယ်ဝန်ဆောင် ထားရတာ ဖြစ်ပြီး လျောင်နင်း ခရိုင်၊ အန်ရှန်းမြို့မှာ နေထိုင် ပါတယ်။



ကျောင်းဟာ အမျိုးသား အဆင့် အက စွမ်းရည် ပြိုင်ပွဲမှာ အဆင့် ၆ ရထား ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင် ထားချိန်မှာတောင် အကလေ့ကျင့်ခန်း တွေကို ပုံမှန် ဆက်လက် လုပ်ဆောင် နေခဲ့တာ ဖြစ်တယ်လို့ လျောင်နင်းပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ကျောင်းက ခုလို အကစွမ်းရည်ပြဓာတ်ပုံတွေ ရိုက်ကူးဖို့ သူ့ရဲ့အလုပ်ကနေ မီးဖွားခွင့်ယူပြီးချိန်မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခွင့်ယူချိန်မှာ သူ့ရဲ့အလုပ်က အထက်အရာရှိတွေက ပျော့ပြောင်းသွက်လက်တဲ့ ကျောင်းကို ကိုယ်ဝန်ဆောင်တဦးလို့ ယုံကြည်ဖို့ ခက်နေခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

အွန်လိုင်းအသုံးပြုသူတွေက ဒါဟာ မွေးဖွားလာမယ့်ကလေးကို အန္တရာယ်ဖြစ်စေတယ်လို့ သုံးသပ်ခဲ့ကြပေမယ့် လျောင်နင်း အမှတ် ၃ ဆေးရုံ၊ သားဖွားနဲ့ မီးယပ်ပညာဌာန၊ ဒါရိုက်တာတဦးကတော့ အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပြီး ပုံမှန်အတိုင်းရှိနေရင် ကလေးကို ပုံမှန်မွေးဖွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140494


Read More »

Friday, March 18, 2016

အင်ဒိုနီးရှားတွင် ပလတ်စတစ် အမှိုက်မှ လောင်စာ ဖန်တီး ထုတ်ယူ (ရုပ်သံ)




အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ အမှိုက် ပြဿနာ ကြီးမားနေချိန် ဒေသခံ အမျိုးသား တဦးက ပလတ်စတစ် အမှိုက်တွေ ကနေ သူ့ရဲ့ မော်တော် ဆိုင်ကယ် အသေးစား စကူတာ အတွက် လောင်စာကို ဖန်တီး ထုတ်ယူ လိုက်ပါတယ်။

ဂျကာတာမြို့စွန်က ဖို့မြေ အရပ်မှာ နေ့စဉ် အမှိုက်တန်ချိန် ၆၀၀၀ ကျော်ကို ရုန်းကန် ဖြေရှင်းနေ ရတာပါ။

အမှိုက်ပုံကြီး တွေကြောင့် သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ဆိုင်ရာ ဘေး အန္တရာယ်တွေ ခြိမ်းခြောက် နေပါတယ်။

ဒေသခံတွေက အမှိုက် ပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်း နေရလို့ တချို့က စိတ်ပျက် ခဲ့ကြပါတယ်။

စွန့်ဦး တီထွင်သူ လူငယ် ဟာမီဒီက ပလတ်စတစ် အမှိုက်ကနေ လောင်စာ ထုတ်လုပ် ခဲ့တာပါ။

“ပလတ်စတစ်ကို ရေနံစိမ်းကနေ ထုတ်ခဲ့ တာပါ၊ ကျနော် လုပ်တာက လုပ်ငန်းစဉ်ကို ပြောင်းပြန် လှန်ပြီး ပလတ်စတစ်ကို မူရင်းဘဝ ပြန်ရောက်အောင် လုပ်တာပါ၊ ဒါကြောင့် ပလတ်စတစ်ဟာ ရေနံ ဒါမှမဟုတ် တွင်းထွက် စွမ်းအင်ကို ပံ့ပိုးနိုင်တဲ့ စွမ်းအင် ဖြစ်လာတယ်” လို့ သူက ပြောပါတယ်။

ဟာမီဒီက သူဟာ နေ့စဉ် ပလတ်စတစ် အမှိုက် ၂၅ ကီလိုကို လောင်ကျွမ်းစေပြီး အငွေ့ကနေ တဆင့် လောင်စာရည်ဖြစ်အောင် လုပ်နိုင် တယ်လို့ ပြောပါတယ်။

ခုတော့ သူ့စကူတာလေးအတွက် လောင်စာအဖြစ်သာ သုံးနေပြီး ထုတ်လုပ်မှု တိုးမြှင့်ရာမှာ ကူညီချင်တယ်လို့လည်း ပြောပါတယ်။

“ကုန်ကြမ်းတွေ လွယ်လွယ်နဲ့ရနေတယ်၊ အရင်စမ်းသပ်မှုတွေ အောင်မြင်လို့ ဒေသခံ အစိုးရဆီကနေ ရန်ပုံငွေရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်” လို့ သူက ဆက်ပြောပါတယ်။

အမှိုက်စီမံခန့်ခွဲရေး လုပ်ငန်းထဲမှာ အော်ဂဲနစ် အမှိုက်ကနေ ဓာတ်မြေသြဇာ ထုတ်လုပ်တာနဲ့ ပလတ်စတစ်တွေကို တကျော့ပြန်သုံးတာတွေ ရှိပြီးသားပါ။

ပိုကြီးတဲ့ ပြဿနာကို ဖြေရှင်းဖို့ ခြေလှမ်းက သေးနေသေးတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ဂျကာတာမြို့မှာ လူဦးရေ ၁၀ သန်း နေထိုင်ပြီး သူတို့ကစွန့်ထုတ်တဲ့ အမှိုက်တွေကို စီမံခန့်ခွဲဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကြိုးစားနေပါတယ်။

ဒေသခံ အစိုးရတွေကိုလည်း ဟာမီဒီရဲ့ စီမံကိန်းလိုမျိုး စီမံကိန်းတွေကို ရန်ပုံငွေ ထောက်ပံ့ဖို့ ဆော်သြနေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139988


Read More »

Sunday, January 24, 2016

စက်ရုပ် နည်းပညာသုံး လက်တဖက်နဲ့ သံမဏိလူသား (ရုပ်သံ)




အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီကျွန်းမှာ နေထိုင်တဲ့ ၀ရမ်ဆူ မန်ဒနာ အမည်ရ အမျိုးသား တဦးဟာ မတော်တဆမှု တခုကြောင့် ၆ လကြာ အကြော သေနေတဲ့ လက်တဖက်ကို အသုံးပြုနိုင်ဖို့ သတ္တု ပစ္စည်း အပိုင်းအစတွေ သုံးပြီး တီထွင်ခဲ့တဲ့ အတွက် သံမဏိ လူသား အဖြစ် လူသိများ လာခဲ့ပါတယ်။

သူဟာ ၀ပ်ရှော့ ပိုင်ရှင် တဦးဖြစ်ပြီး သူ့ရဲ့ဘယ်ဖက်လက် တဖက်ဟာ အလုပ် မလုပ်နိုင် ခဲ့တဲ့ အတွက် အချိန်ကာလ အတော်ကြာ မိသားစု အကူအညီနဲ့ ရပ်တည် ခဲ့ရတာပါ။

စက်မှု သက်မွေး ပညာသင် အထက်တန်း ကျောင်းထွက် ၀ရမ်ဆူ မန်ဒနာဟာ ၀ပ်ရှော့ အလုပ်ရုံ အတွင်းက သတ္တုပစ္စည်း အစိတ် အပိုင်းတွေ အသုံးပြုပြီး ပြန်လည် လှုပ်ရှားနိုင်ဖို့ ခုလို တီထွင်နိုင် ခဲ့တာပါ။

ဝရမ်ဆူ မန်ဒနာက “ဒါဟာ ရှုပ်ထွေးတဲ့ ပစ္စည်းတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နက်နက်နဲနဲ တွေးထားတဲ့ စိတ်ကူးတွေပေါ် မူတည်နေတာပါ။ လူတိုင်းမှာ သူတို့စိတ်ကူး အတွေး အခေါ်တွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရှိဖူးကြတာပဲ။ အဲဒါဟာ (ကျနော်ဒီ လက်ကို တီထွင် ရခြင်းရဲ့)အဓိက အချက်ပါပဲ”လို့ ပြောပါတယ်။

သူ့ရဲ့တီထွင်မှုမှာ သိပ္ပံနည်းကျ စနစ်တွေ အသုံးပြုထား တာမျိုး မဟုတ်ပေမယ့် ဒါဟာ ဒေသတွင်း သတင်းမီဒီယာ တွေမှာတော့ ကျော်ကြား သွားခဲ့ပါတယ်။

“(ကျနော်တီထွင်ထားတဲ့) ဒီလက်မှာ (ဦးနှောက်လှိုင်းတွေမှ တဆင့် ထုတ်လွှတ်တဲ့ စွမ်းအင်ကနေ) အလို အလျောက် အယ်လ်အီးဒီ အလင်းဆီ ရောက်နိုင်ပြီး လှုပ်ရှားနိုင် ပါ တယ်”လို့ သူက ဆိုပါတယ်။

“ကျနော့်ရဲ့တီထွင်မှုဟာ ကျနော့်လိုပဲ အကြော သေနေတာ ဒါမှမဟုတ် မသန်စွမ်း သူတွေကို လှုံ့ဆော် ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဘ၀ဟာ ရှင်သန်ရ ခက်ခဲပြီး လက်မြှောက် အရှုံးပေး လိုက်ဖို့ လွယ်ကူတဲ့ အတွက်ကြောင့် သူတို့ရဲ့ စိတ်ခွန်အား တွေကို မြှင့်တင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်”

သူ့ရဲ့တီထွင်မှုကြောင့် ဘာလီမြို့တော်ဝန်က လာရောက် လည်ပတ် ခဲ့ကာ ဆေး ကုသမှုတွေ ဆက်လက်လုပ်နိုင်ဖို့ အင်ဒိုနီးရှား ရူပီးငွေသန်း ၅၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) လှူဒါန်း ခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာ တွေမှာ ဖော်ပြ ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132131


Read More »

Tuesday, December 15, 2015

IS ဂျီဟတ် ၅ ယောက်ကို ကျည်ဆံ ၃ တောင့်ထဲနဲ့ ပစ်သတ်ခဲ့တဲ့ ဗြိတိန် စနိုက်ပါသမား




ဗြိတိန် အထူးလေတပ် (SAS) မှ စနိုက်ပါ တပ်သား တစ်ဦးဟာ အသေခံ ဗုံးဖောက်ခွဲမှု ပြုလုပ်ဖို့ စီစဉ်နေတဲ့ IS ဂျီဟတ် ၅ ယောက်ကို ကျည်ဆံ ၃ တောင့်ထဲနဲ့ ပစ်သတ် ခဲ့တယ်လို့ သိရပါတယ်။

ထို စနိုက်ပါ တပ်သားဟာ အီရတ်မှာ ရှိတဲ့ ISIS အဖွဲ့ရဲ့ အခြေစိုက် စခန်းတစ်ခု ဖြစ်တဲ့ Mosul အနီးမှာ ရှိတဲ့ ဗုံးထုတ်လုပ်ရေး စက်ရုံ အတွင်းက ထွက်လာတဲ့ အစွန်းရောက် တပ်သား ၃ ယောက်ကို မီတာ ၈၀၀ အကွာ အဝေးကနေ ကျည်ဆံ ၃ တောင့်တည်းနဲ့ ရှင်းလင်း သုတ်သင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို သေဆုံး သွားတဲ့ အစွန်းရောက် တပ်သား ၃ ဦးဟာ ပူပြင်းတဲ့ ရာသီဥတု အတွင်း အနွေးထည် အကြီးကြီးတွေ ၀တ်ဆင် ထားတာကို တွေ့ရတဲ့ အတွက် သူတို့ဟာ ဖောက်ခွဲရေး ၀တ်စုံကို ၀တ်ဆင် ထားတဲ့ လက္ခဏာ မျိုး ဖြစ်နေ တယ်လို့ မှတ်ယူပြီး ပစ်ခတ် ခဲ့တာပါ။

ပထမဆုံး သူဟာ ဂျီဟတ် တစ်ယောက်ရဲ့ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးကို ပစ်ခတ်လိုက်တဲ့ အတွက် ထို ဂျီဟတ်နဲ့ အခြား ISIS အစောင့် တပ်သား ၂ယောက်တို့ ကိုပါ သေဆုံးစေ ခဲ့ပါတယ်။ ဒုတိယ ကျည်ဆံ ကိုတော့ နောက်ထပ် ဂျီဟတ် ၁ ယောက်ရဲ့ ခေါင်းတည့်တည့်ကို ပစ်ခတ်နိုင် ခဲ့ပါတယ်။ တတိယ တစ်ယောက်ကိုတော့ ထိချက် မှန်မှန် ပစ်ခတ်နိုင် ခဲ့ပေမယ့် အသက်ပြင်းတဲ့ ဂျီဟတ် တပ်သားဟာ ဗုံးစက်ရုံထဲ ပြေးဝင် တိမ်းရှောင် သွားခဲ့ တယ်လို့ သိရပါတယ်။

ဗြိတိန် စစ်တပ်ရဲ့ စနိုက်ပါ သမားတွေ ISIS တိုက်ခိုက် မှုကို အထူး ပါဝင်လာတာ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။

သြဂုတ်လတုန်း ကလည်း ဗြိတိန် စနိုက်ပါ သမား တစ်ယောက်ဟာ ISIS အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ အမျိုးသား တစ်ဦးနဲ့ ၈ နှစ် အရွယ် ကလေးငယ် တို့ကို ကယ်တင် ခဲ့ဖူးပါတယ်။

အဲဒီတုန်းကလည်း စနိုက်ပါသမား ဟာ ထို ဖမ်းဆီးခံ ထားရတဲ့ သားအဖ ကို ကွပ်မျက်မယ့် အစွန်းရောက်ကို မီတာ ၁၀၀၀ အကွာ ကနေ ခေါင်း တည့်တည့်ကို ချိန်ရွယ် ပစ်ခတ်ခဲ့ တာဖြစ်ပြီး အခြား အစွန်းရောက် ၃ ယောက်ကိုလည်း ချက်ချင်း ဆိုသလို ပစ်ခတ်ခဲ့ ပါသေးတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/isis_14.html


Read More »

Sunday, December 13, 2015

သက်ရှိမြွေကို နှာခေါင်းပေါက်က ထည့်ပြီး ပါးစပ်မှ ပြန်ထုတ်ပြသူ (ရုပ်သံ)




ပါကစ္စတန် နိုင်ငံသား အမျိုးသား တဦးဟာ အဆိပ်ရှိတဲ့ သက်ရှိမြွေကို နှာခေါင်း ပေါက်ထဲမှ ထိုးထည့်ကာ ပါးစပ်တွင်းမှ ပြန်လည် ထုတ်ပြ ခဲ့တဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ကို ဗြိတိန် အခြေစိုက် မက်ထရို သတင်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖော်ပြ ပါတယ်။

အသက် ၃၀ အရွယ် အစ်ဂ်ဘဲ ဂျိုဂီ အမည်ရ အဲဒီ အမျိုးသားဟာ ကရာချိမြို့အနီး ရွာတရွာမှ ဖြစ်ကာ ကျောင်းတွေက ပွဲတွေနဲ့ မင်္ဂလာဆောင် အခမ်းအနားတွေမှာ ခုလို စတန့်ထွင် ပြသမှုတွေ လုပ်နေတာပါ။

အစ်ဂ်ဘဲက “ဒါဟာ လူတိုင်းလုပ်နိုင်တာ မဟုတ်တော့ ကျနော့်ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်း အတွက် ကျေနပ် မိပါတယ်” လို့ ပြောပါတယ်။

“ကျနော့်စွမ်းရည် အတွက် ဂုဏ်ယူ မိပါတယ်။ ဒါဟာ တကယ့်ကို ကြီးကြီးမားမား စွန့်စားရတာကို ကျနော် သိပါတယ်။ ဒါပေမယ့် လူတွေက ကျနော့် ပါးစပ်ပေါက်ထဲက ပြန်ထွက်လာတဲ့ မြွေကို စိတ်လှုပ်ရှား စောင့်ကြည့်ပြီး လူရောမြွေပါ အသက်ရှင်နေ တာကို တွေ့ရချိန် ဖြစ်ပေါ်နေတဲ့ စိတ်ခံစား ချက်ကို ကျနော်နှစ်သက် ပါတယ်။”

ဒါဟာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ သူဟာ တချိန်မှာ မြွေကိုက် ခံခဲ့ရပြီး သေတော့ မလိုဖြစ်ခဲ့ ပါသေးတယ်။

“အဲဒီတုန်းက ကျနော့်ကို မြွေကိုက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ကျနော်အသိစိတ် ပျောက်ခဲ့ပြီး သုံးရက်လောက် အသက်ရှင်ဖို့ပြန်ကြိုးစားခဲ့ရတာပါ” လို့ အစ်ဂ်ဘဲကပြောပါ တယ်။

ဒါဟာ ထူးဆန်းထိတ်လန့်ဖွယ် အလုပ်တခုဖြစ်ပေမယ့်လည်း ကလေး ၈ ယောက် ဖခင်ဖြစ်တဲ့ အစ်ဂ်ဘဲ အတွက်တော့ တခုတည်းသော အသက်မွေး ၀မ်းကျောင်း အလုပ်တ ခုဖြစ်နေ တာပါ။

သူက “ကျနော် စတန့်ပြမှု မစခင်မှာ မြွေက ကျနော့်ကို မသတ်စေဖို့ ၀တ်ပြုဆု တောင်းလေ့ ရှိပါတယ်။ ဒါမှ ကျနော်နောက် တရက် အသက်ဆက် ရှင်ပြီး သရုပ်ပြနိုင်မယ် လေ”လို့ ဆိုပါတယ်။


By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126784

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, December 7, 2015

အသက်တရာကျော်အထိ ဓါတ်ပုံများ ရိုက်ကူးဆဲဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဓါတ်ပုံ ဂျာနယ်လစ်



ဂျပန်နိုင်ငံရဲ့ အမျိုးသမီး ဓာတ်ပုံ ဂျာနယ်လစ် ဆူနဲကို ဆာစံမိုတို (phot- petapixel.com)

ဆူနဲကို ဆာစံ မိုတိုဟာ ဂျပန်နိုင်ငံရဲ့ပထမ ဦးဆုံး ဓါတ်ပုံ ဂျာနယ်လစ် တစ်ဦး အဖြစ် နာမည် ကျော်ကြားခဲ့တဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ဓါတ်ပုံ ဂျာနယ်လစ် ပညာနဲ့ အသက် (၂၅)နှစ် ကတည်းက စတင်လို့ အသက်မွေး ၀မ်းကျောင်း ပြုခဲ့ပြီး ဂျပန်စစ် မတိုင်ခင်နဲ့ စစ်ပြီး အချိန်များ အား မှတ်တမ်း တင်ခဲ့ ပါတယ်။


အသက် ၂၀ အရွယ်တုန်းက ဆာစံမိုတို

သူမဟာ ကမ္ဘာ့ အသက်အကြီးဆုံး ဓါတ်ပုံဆရာ တစ်ဦး အနေနဲ့ ထင်ပေါ် ကျော်ကြားခဲ့ပြီး ဒီနှစ် စက်တင်ဘာလမှာ အသက် (၁၀၁)နှစ် ပြည့်ခဲ့ပါပြီ။ သို့ပေမယ့် သူမဟာ ယခုထက်ထိ ဓါတ်ပုံများကို ရိုက်ကူး နေဆဲ ဖြစ်ပါတယ်။

လက်ရှိ အနေနဲ့ ဆာစံမိုတိုဟာ သူမရဲ့ ဓါတ်ပုံ ဂျာနယ်လစ် သက်တမ်း (၇၀) အတွင်းမှာ ရိုက်ကူးခဲ့တဲ့ ပုံများကို ပြန်လည် စုစည်း တင်ပြဖို့ ကြိုးစားနေ တယ်လို့ ဂျပန်သတင်း ဌာန တစ်ခုဖြစ်တဲ့ NHK က ဖော်ပြ ထားပါတယ်။

ပြီးခဲ့သောနှစ်က သူမရဲ့ ဘယ်ဖက် လက်နဲ့ ခြေထောက်နှစ်ဖက် စလုံး ကျိုးခဲ့ရလို့ လှုပ်ရှားမှု နည်းပါး သွားရပေမယ့် ဓါတ်ပုံရိုက်တဲ့ ၀ါသနာ ကတော့ ဆက်လက် ရှင်သန်နေဆဲပဲ ဖြစ်ပါတယ်။

သူမဟာ ပြန်လည် သန်စွမ်း လာဖို့ အတွက် လေ့ကျင့် ခန်းများ ပြုလုပ်နေတဲ့ အပြင် တစ်ချိန် တည်းမှာပဲ “ဟနအခါရီ” သို့မဟုတ် “ ဖူးပွင့်ဝေဆာ နေသောပန်းကလေး” လို့ အမည်ပေး ထားတဲ့ သူမရဲ့ပရောဂျက် တစ်ခုအတွက် ပန်းပွင့်များကို ဓါတ်ပုံ ရိုက်ကူးလျက် ရှိပါတယ်။ သူမဟာ အဲဒီပရောဂျက်လေးကို လွန်သွား ခဲ့ပြီဖြစ်တဲ့ သူမရဲ့ သူငယ်ချင်း ဓါတ်ပုံဆရာ၊ ဆရာမများကို ရည်စူး ဂုဏ်ပြုတဲ့ အနေနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။


အသက် ၉၂ အရွယ်က ဆာစံမိုတို

အဖွား ဆာစံမိုတိုက “ကျွန်မတို့ တတွေဟာ ဘ၀မှာ ပျင်းရိခြင်း မရှိအောင် နေထိုင် တတ်ဖို့ လိုပါတယ်။ ဘ၀ကို ဘယ်တော့မှ အရှုံးမပေးဘဲ အရာရာကို အကောင်းမြင် တတ်ဖို့ အရမ်း အရေးကြီး ပါတယ်။ လူတိုင်းကို သိစေ ချင်တာ တခုကတော့ မိမိကိုယ်ကို သတိတရားနဲ့ နေထိုင် တတ်အောင် လေ့ကျင့်ပါ။ ဒါမှ ဘ၀မှာ ရှေ့ဆက် လှမ်းဖို့ ဖြစ်နိုင်မယ်။” လို့ NHK သတင်း ဌာနကို ဆိုခဲ့ ပါတယ်။

ခင်အေးမြလွင်

ကိုးကားသတင်း။ ။http://petapixel.com/2015/10/05/japans-first-female-photojournalist-is-still-shooting-at-the-age-of-101/

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/12/blog-post_7.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, December 1, 2015

တောမီးလောင်စဉ် အိမ်ကို ကီလိုမီတာ ၃၀၀၀ အကွာမှ စမတ်ရေဖြန်းမှုဖြင့် ကာကွယ်နိုင်ခဲ့သော ပါမောက္ခ




နိုဝင်ဘာလ ၂၆ရက်နေ့က သြစတြေးလျ တောင်ပိုင်းမှာ ဧကပေါင်း ၈၅၀၀၀ ကို တောမီးလောင် ခဲ့ပါတယ်။ လူ ၂ဦးသေ၊ ၃၀ဦး ဒဏ်ရာ ရပြီး လူနေအိမ် ၁၆ခု ပျက်စီး ခဲ့ရ ပါတယ်။

ဒါပေမဲ့ ဉာဏ်ကောင်းလွန်းတဲ့ ပါမောက္ခ တစ်ယောက် ကတော့ အိမ်နဲ့ ကီလိုမီတာ ၃၀၀၀ အကွာမှာ ရောက်နေခဲ့ပေမဲ့ သူ့ရဲ့အိမ်ကို အဝေး ကနေပြီး မီးငြှိမ်း သတ်နိုင် ခဲ့ပါတယ်။ စမတ်ဖုန်း အသုံးပြုပြီး စမတ်ရေဖြန်း စက်တွေကို အဝေးထိန်းနဲ့ ဖွင့်ခဲ့တာပါ။

သူ့နာမည်ကတော့ Simon Maddocks ဖြစ်ပြီး Charles Darwin တက္ကသိုလ်မှ ကျောင်းအုပ်ပါ။ တောမီးကြီးလောင်မှုက သူ့အိမ်ကို ကူးစက် လာနိုင်ကြောင်း သူငယ်ချင်းတွေ ကနေ မက်ဆေ့ခ်ျတွေ သူ့ဆီပေးပို့ သတိပေး ခဲ့ကြပါတယ်။

သူဟာ တက္ကသိုလ် ရုံးခန်းမှာ အေးအေးလူလူ ထိုင်နေ ခဲ့တာပါ။ အန္တရာယ်နဲ့လည်း အဝေးကြီးပါ။ ဒါပေမဲ့ သူ့ဂျုံခင်းတွေဟာ မီးကူးစက်လာနိုင်ကြောင်းကို သိခဲ့ပြီး သူ့စမတ် ဖုန်းပေါ်က CFS မြေပုံတွေကို အသုံးပြုကာ ကီလိုမီတာ ၃၀၀၀ အကျော်က မီးတောက်တွေကို ခြေရာ ခံခဲ့ပါတယ်။

အဲ့ဒီ့ မတိုင်ခင် သူ့အိမ်က CCTV ကင်မရာတွေကိုလည်း ချိတ်ဆက် ခဲ့ပါသေးတယ်။

မီးတောက်တွေဟာ သူ့ဂျုံခင်းကို မိနစ်ပိုင်း အတွင်း ဝါးမျို သွားခဲ့ပြီး လယ်အိမ်ကို ကူးစက် ခဲ့ပါတယ်။ ပါမောက္ခ Maddocks ဟာ အကူအညီ ကင်းမဲ့သလို ခံစားခဲ့ ရပေမဲ့ စမတ်ရေဖြန်း စက်တွေကို ဉာဏ်ရှိရှိနဲ့ ဖွင့်နိုင်ခဲ့ပြီး အန္တရာယ်ကို အချိန်မှီ တားဆီး လိုက်နိုင် ခဲ့ပါတယ်။

ဒီကိစ္စမှာ စမတ်အိမ် တစ်လုံး တည်ဆောက်ထားခြင်းက အရမ်းကို စမတ်ကျတဲ့ လှုပ်ရှားမှု ဖြစ်ကြောင်း သင်ခန်းစာ ရလိုက်ပါတယ်။

Ref: engadget

Original link - http://technology.thithtoolwin.com/2015/11/blog-post_76.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Monday, November 16, 2015

ပေ ၆၀၀ အမြင့်ရှိ ဖန်သား တံတားပေါ်က အမျိုးသမီး ၁၀၀ရဲ့ ယောဂပြကွက်




တရုတ်နိုင်ငံက မြေပြင် အထိ ဖောက်ထွင်း မြင်ရတဲ့ ဖန်သား တံတားပေါ်မှာ ယောဂကျင့်သူ အမျိုးသမီးပေါင်း ၁၀၀ ကျော် စုစည်းပြီး ယောဂ ပြကွက်များ ပြသ ခဲ့တာ ဖြစ်ပါတယ်။



Hunan စီရင်စု Shiniuzhai National Geological Park အတွင်းရှိ ပေ ၁၀၀၀ ရှည်လျားပြီး ပေ၅၉၀ အမြင့်ရှိတဲ့ တံတားပေါ်မှာ ယောဂ aလ့ကျင့်ခန်း aတွကို အမျိုးသမီးပေါင်း ၁၀၀ ကျော်က အ၀ါရောင် ၀တ်စုံများ ၀တ်ဆင်ပြီး တင်ဆက် ပြသနေ ကြပုံကို မောင်းသူမဲ့ လေယာဉ် ကင်မရာဖြင့် ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။



ဒီတင်ဆက်ပြသမှုက ကျန်းမာပြီး ညီညွတ်မျှတဲ့ လူနေမှုဘ၀စတိုင်ကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပါသတဲ့။



ယောဂကျင့်စဉ်ဟာ တရုတ်ပြည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကျေးလက်ဒေသပါမကျန် လေ့လာလိုက်စားနေတဲ့ ကျန်းမာရေးကျင့်စဉ်တစ်ခု ဖြစ်နေပါပြီ။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_16.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, October 29, 2015

မပျော်ရင် ဘာကြောင့်လဲမေးမယ့် ဒူဘိုင်းကရဲတွေ




အကယ်၍ သင်က ဒူဘိုင်းမှာ မပျော်ဘူးကွာလို့ ပြောမယ် ဆိုရင်၊ မပျော်ရတဲ့ အကြောင်းရင်းကို စစ်တမ်းသစ် တစ်ရပ် အနေနဲ့ ရဲတွေက ဖုန်းခေါ် မေးမယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ် အတွက် ကမ္ဘာ့ အပျော်ဆုံး နိုင်ငံများ စာရင်းရဲ့ ထိပ်တန်း ၁၀ ခုမှာ ဝင်နိုင်ရေး အတွက် ဒူဘိုင်းနိုင်ငံဟာ ကြိုးစား နေပါတယ်။

အရမ်း ရိုးရှင်းတဲ့ စစ်တမ်း တစ်ခုပါပဲ။ စစ်တမ်းကို ဖြေတဲ့ သူတွေက အပြုံးတစ်ခု လား၊ စိတ်မဝင်စားတဲ့ မျဉ်းဖြောင့် တစ်ခုလား ရွေးပေး ရုံပါပဲ။ အကယ်၍ သင်က မပျော်ဘူး ဆိုရင် ရဲတွေက ဖုန်းခေါ်ပြီး မေးမြန်းမှာပါ။

“ပျော်ရွှင်မှုလောက : အစိုးရနဲ့ စီးပွားရေး ကြီးက ငါတို့ကို နေထိုင် ကောင်းအောင် လုပ်ပေးပုံ” ဆိုပြီး လန်ဒန် တက္ကသိုလ်မှ အကြီးတန်း နည်းပြ William Davies က ပုံနှိပ် ထုတ်ဝေခဲ့ ပါသေးတယ်။ သူအပါ အဝင် လေ့လာသူ အချို့က အဖြေဝိုင်းထုတ် ကြမှာပါ။

စစ်တမ်းကောက်တဲ့ ပထမနေ့မှာတင် လူပေါင်း ၂၀၀၀၀၀ ကျော် ပါဝင်ဖြေဆို ခဲ့ကြပြီး ၈၄ ရာခိုင်နှုန်းသော သူတွေက ပျော်ကြ ပါတယ်တဲ့။ ၆ရာခိုင်နှုန်း က ဒီအတိုင်းပဲ ဖြစ်ပြီး ၁၀ရာခိုင်နှုန်း ကတော့ မပျော် ကြဘူးလို့ သိရပါတယ်။

Ref: AP

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_30.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Wednesday, October 21, 2015

လက်မရှိတဲ့ ဆယ်ကျော်သက် မျက်လှည့်ဆရာ




ဦးနှောက် အမြှေးရောင် ရောဂါကြောင့် လက်ချောင်း အများစုကို ဆုံရှုံးနေရတဲ့ ဆယ်ကျော်သက် အရွယ် အမျိုးသားလေး တဦးဟာ မျက်လှည့်ပညာကို တတ်ကျွမ်း သူလို့ ဆိုရင် အံ့သြနေ ကြမှာပါ။

ဘာကြောင့်လည်း ဆိုတော့ မျက်လှည့် ပညာရှင် တော်တော် များများဟာ လူတွေရဲ့ မျက်စိကို သူတို့ရဲ့ လက်ကလေးတွေ စိတ်စွမ်းအား တွေနဲ့ လှည့်စားပြီး ပြသ တတ်ကြတာ များပါတယ်။



မျက်လှည့်ဖဲချပ်လေးတွေကို ကိုင်နိုင်ရုံမျှရှိတဲ့ လက်ချောင်းတိုလေးတွေနဲ့ အသက် ၁၈ နှစ်အရွယ် Dean Lahan ဆိုသူ လူငယ်လေးဟာ ဘယ်တော့မှ ဘ၀ကို အရှုံးမပေးဘဲ သူရဲ့ အိမ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ မျက်လှည့်ပညာရှင်တဦးဖြစ်လာဖို့ကို ကြိုးစားနေသူပါ။

Dean ရဲ့ မျက်လှည့်ပြကွက်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်အား အင်တာနက်မှာ စတင်ဖြန့်ချိလိုက်ပြီးတဲ့ နောက် ကြည့်ရှုသူ အရေအတွက် ၆ သောင်း ၅ ထောင်ကျော် ရှိခဲ့ပြီး အခုဆိုရင် သူ့ကို လက် မရှိတဲ့ မျက် လှည့်ဆရာလို့ လူတော်တော်များများသိလာခဲ့ပါပြီ။



ဦးနှောက်အမြှေးရောင်ရောဂါကြောင့် အသက် ၁၈ လ လောက်ကတည်းက လက်ချောင်းလေးတွေနဲ့ ညာခြေထောက်ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း Dean ဟာ မျက်လှည့်ပညာကို လေ့လာဆည်းပူခဲ့ပါတယ်။

Dean ဟာ ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ညာခြေ၊ ဘယ်လက်ရှိ လက်ချောင်းလေးများ၊ လက်မတ၀က်နှင့် ညာလက်ရှိ လက်ချောင်းများ တ၀က်နီးပါး ဆုံရှုံးခဲ့ရပါတယ်။



သူ့ရဲ့ ရှိုးပွဲမှာပြသလေ့ရှိတဲ့ မျက်လှည့်ပြကွက်အများစုကတော့ ဖဲချပ်ဖြင့်ပြတဲ့ မျက်လှည့်၊ လူတယောက်ရဲ့ စိတ်ကို ဖတ်ပြခြင်း၊ အကြွေးစေ့လေးများကို အသုံးပြုပြီး မျက်လှည့်ပြခြင်း တို့ဖြစ်ပါတယ်။

Dean ဟာ သရုပ်ဖော်ခြင်း ဆိုင်ရာ ပညာရပ်ကို သင်ကြားနေသူ ဖြစ်ပြီး မျက်လှည့် ပညာကို လွန်ခဲ့တဲ့ ငါးနှစ်လောက် သူ့ရဲ့ ဦးလေးနှင့်အဒေါ်ရဲ့ မင်္ဂလာပွဲမှာ စတင်ပြသ ခဲ့ပါတယ်။

Ref: daily mail

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_45.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...