အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

ပေ ၆၀၀ အမြင့်ရှိ ဖန်သား တံတားပေါ်က အမျိုးသမီး ၁၀၀ရဲ့ ယောဂပြကွက်




တရုတ်နိုင်ငံက မြေပြင် အထိ ဖောက်ထွင်း မြင်ရတဲ့ ဖန်သား တံတားပေါ်မှာ ယောဂကျင့်သူ အမျိုးသမီးပေါင်း ၁၀၀ ကျော် စုစည်းပြီး ယောဂ ပြကွက်များ ပြသ ခဲ့တာ ဖြစ်ပါတယ်။



Hunan စီရင်စု Shiniuzhai National Geological Park အတွင်းရှိ ပေ ၁၀၀၀ ရှည်လျားပြီး ပေ၅၉၀ အမြင့်ရှိတဲ့ တံတားပေါ်မှာ ယောဂ aလ့ကျင့်ခန်း aတွကို အမျိုးသမီးပေါင်း ၁၀၀ ကျော်က အ၀ါရောင် ၀တ်စုံများ ၀တ်ဆင်ပြီး တင်ဆက် ပြသနေ ကြပုံကို မောင်းသူမဲ့ လေယာဉ် ကင်မရာဖြင့် ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။



ဒီတင်ဆက်ပြသမှုက ကျန်းမာပြီး ညီညွတ်မျှတဲ့ လူနေမှုဘ၀စတိုင်ကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပါသတဲ့။



ယောဂကျင့်စဉ်ဟာ တရုတ်ပြည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကျေးလက်ဒေသပါမကျန် လေ့လာလိုက်စားနေတဲ့ ကျန်းမာရေးကျင့်စဉ်တစ်ခု ဖြစ်နေပါပြီ။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_16.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...