အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

ရေချိုးကန်ထဲ ချစ်တင်းနှောစဉ် အမျိုးသားက နှလုံးဖောက်သေ ဇနီးသည်ပါ ပိကာ ရေမွန်းသေ




ဟိုတယ် တစ်ခုက ရေချိုးကန် ထဲမှာ ချစ်တင်း နှောနေစဉ် အမျိုးသားကော အမျိုးသမီးပါ သေဆုံးမှု ဖြစ်ပွား ခဲ့ပါတယ်။

အသက် ၆၇ နှစ် အရွယ် Charles Mckenzie နဲ့ ဇနှီးဖြစ်သူ၊ အသက် ၆၃ နှစ် အရွယ် Dorothy တို့ ကို မက္ကဆီကို နိုင်ငံ၊ Playaca Palace ဟိုတယ်ရဲ့ ရေချိုးကန် ထဲမှာ အသက် မရှိတော့ဘဲ သေဆုံး နေတာကို တွေ့ ရှိခဲ့ ရပါတယ်။

အဆိုပါ ကနေဒါ လူမျိုးစုံတွဲဟာ သမီးဖြစ်သူ မင်္ဂလာဆောင်ကို လာရင်း၊ အပန်းဖြေ ခရီးထွက် လာစဉ် သေဆုံး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သမီးဖြစ်သူ မင်္ဂလာ မဆောင်ခင်၊ နှစ်ရက် အလို၊ အင်္ဂါနေ့ မနက် ၁၀ နာရီမှာ လင်မယား နှစ်ယောက် သေဆုံး ခဲ့ရတာ ဖြစ်ပြီး အာဏာပိုင် တွေရဲ့ တွေ့ ရှိချက်အရ Charles ဟာ နှလုံးဖောက်ကာ သေဆုံး ခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ Dorothy ကတော့ အပေါ်က ခင်ပွန်းသည် ပိကာ ရေချိုးကန် ထဲမှာ ရေမွန်း သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အစမှာတော့ ရေပူကန် စနစ်ချို့ ယွင်းမှုကြောင့် လင်မယားနှစ်ယောက် သေဆုံး ခဲ့ရတာဖြစ်တယ်လို့ ယူဆ ခဲ့ကြပေမယ့် ဟိုတယ် အကြီးအကဲတွေက အလျင် အမြန်ငြင်းဆို ခဲ့ကြပါတယ်။

Playaca Palace ဟိုတယ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဟိုတယ် အခန်းဟာ လုံးဝျကာင်းမွန်ကာ၊ တပ်ဆင်ထားတဲ့ပစ္စည်းတွေ ကလည်း ကောင်းမွန်စွာ အလုပ် လုပ်ကြောင်း ပြောကြား ခဲ့ပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_69.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...