အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 16, 2015

ကြက်သွန်ဖြူ စား၍ထွက်သော ကိုယ်သင်းနံ့က မိန်းကလေးတွေကို ပိုဆွဲဆောင်နိုင်




ချိန်းတွေဖို့ လမ်းညွှန်ချက် တွေထဲက အထူးဆန်းဆုံး အချက်များ ဖြစ်နေသလား။ ယောကျာ်းလေးတွေ အနေနဲ့ ကြက်သွန်ဖြူကို အစိမ်းစားပြီး ထွက်လာတဲ့ ချွေးနံ့က မိန်းကလေးတွေကို ပိုပြီး စွဲဆောင်နိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

ကြက်သွန်ဖြူစားတဲ့ အနံ့ အမျိုးအစားကို ပိုနှစ်သက်ဖို့ မိန်းကလေးတွေက မွေးဖွား လာတာဖြစ်တယ်လို့ သုတေသီတွေက အကြံပြုပါတယ်။ ကြက်သွန်ဖြူဟာ အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ချိုင်းချွေးကို ထွက်စေတဲ့ အတွက် လူကို ကျန်းမာစေတယ်လို့ သိရပါတယ်။

ကြက်သွန်ဖြူဟာ ပဋိဇီဝဆေးဖြစ်ပြီး သူ့မှာ ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့၊ မှိုတွေကို တိုက်ဖျက်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ အအေးမိကို သက်သာစေပြီး သွေးပေါင်ချိန်မြင့်တက်မှုကို လျှော့ချပေးကာ၊ ကင်ဆာအချို့ကို ပျောက် စေပါတယ်။

အနံ့ဆိုးတွေကို ဖြစ်စေတဲ့ အနုဇီဝ သိပ်သည်းမှုကို လျှော့ချပေးပြီး ကြက်သွန်ဖြူဟာ ချိုင်းချွေးနံ့ကို ပိုမွှေးအောင်လုပ်ပေးတယ်လို့ Stirling တက္ကသိုလ်နဲ့ Charles တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။

'ကျွန်တော်တို့ လေ့လာမှုရဲ့ အဖြေက ကြက်သွန်ဖြူ စားရင် ခန္ဓာကိုယ် အတွက် ကောင်းကျိုးပြု သက်ရောက် မှုတွေရှိပြီး အနံ့ဆိုးတွေကို သက်သာစေကာ၊ အဲ့ဒီ့ကနေ သာယာမှုကို ဖြစ်ပေါ်စေပါတယ်။

ဓာတ်တိုးဆန့်ကျင်မှု၊ အနုဇီဝဘက်တီးရီးယား တိုက်ဖျက်မှု စတဲ့ ကျန်းမာရေး လုပ်ဆောင်ချက်တွေကြောင့် ကျန်းမာရေးကို ကောင်းကျိုးပြုပါတယ်။ ကြက်သွန်ဖြူစားတဲ့ အမျိုးသားတွေရဲ့ ကိုယ်သင်းနံ့ကို မစားတဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေက တပ်မက်တာ တွေ့ခဲ့ရတယ်။" လို့ သုတေသီတွေက Appetite ဂျာနယ်မှာ ရေးသားဖော်ပြ ခဲ့ပါတယ်။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_95.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...