အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 15, 2016

အစားမတော် တစ်လုပ် အဆွဲမတော် တစ်ဆယ်ဖီ




ဒီအမှု ကတော့ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့ အမှုလို့ပဲ ပြောရမှာပါ။ မူးယစ် ရမ်းကား မောင်းနှင်မှုနဲ့ ရဲက အလို ရှိနေတဲ့ အိုဟိုင်းယိုး ပြည်နယ်က လူတစ်ယောက်ဟာ ရဲမှတ်တမ်းက သူ့ဓာတ်ပုံကို မကြိုက် တာနဲ့ ပိုပြီး သားနားတဲ့ ပုံကို သူ့ကိုယ်သူ ဆယ်ဖီဆွဲပြီး ရဲဌာနကို ပို့လိုက် တာကြောင့် ဖလော်ရီဒါမှာ အဖမ်းခံ လိုက်ရတာပဲ ဖြစ်ပါတယ်။

‘ဒီပုံက ဘယ်လိုနေလဲ ဒေါ်နယ် ပပ်’’လို့ ရဲရုံးက ၄င်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ တရားခံရဲ့ အပြုံးကြီး ပြုံးနေတဲ့ မှတ်တမ်းပုံ အသစ်ကို ပြပြီး မေးမြန်း ထားပါတယ်။ ‘ဒီ ဆယ်ဖီပုံကြောင့်ပဲ ဘယ်သူ ဘယ်ဝါ ပိုပြီး ခွဲခြားလာနိုင် ခဲ့တယ်’’လို့လည်း ရဲဌာနက ပို့စ်တင် ထားပါတယ်။

ပပ်(၄၅နှစ်) ဟာ အိုဟိုင်းယိုး ရဲဌာနက ဖေ့စ်ဘုတ်မှာ တင်လာတဲ့ သူ့ရဲ့ မှတ်တမ်းပုံနှစ်ပုံကို ကြည့်ရပြီးနောက်မှာ နေကာ မျက်မှန်နဲ့ ခန့်ခန့်ညားညား ပုံကို ဆယ်ဖီဆွဲပြီး ပို့စ်တင် လိုက်ပါတယ်။.

‘အဲဒီပုံတွေက ဆိုးရွားတယ်။ ဒီပုံက ပိုကောင်းပါတယ်’’လို့လည်း ပပ်က စာရေး လိုက်ပါတယ်။

ဒီလို update အဖြစ်ဆုံး ပုံကို ရိုက်တင် လိုက်လို့လည်း ပပ်ကို ဖလော်ရီဒါမှာ ဖမ်းမိ ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြား ပါတယ်။ ဒီလို ဖမ်းမိတဲ့ အတွက် လူမှု မီဒီယာကို ကျေးဇူး တင်ရမယ် လို့လည်း အိုဟိုင်းယိုး ရဲတပ်ဖွဲ့က ပြောကြား ခဲ့ပါတယ်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9895


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...