
အခုတလော တွစ်တာမှာ ခေတ်စား နေတဲ့သူကတော့ အမေရိကန် နိုင်ငံက သုံးနှစ် အရွယ် အဘွားအို လေးပါပဲ။ Roey လို့ အမည်ရတဲ့ သုံးနှစ် အရွယ် အဘွားအို ကိုတော့ သူ့ရဲ့ အဒေါ်ဖြစ်သူ မိတ်ကပ် ပညာရှင်က နာမည် ကြီးအောင် ပြုလုပ်ပေး လိုက်တာပါ။
မိတ်ကပ် ပညာရှင် တစ်ယောက်ဖြစ်တဲ့ Samantha Parsons ဟာ တူမဖြစ်သူ လေးကို လက်တည့်စမ်းတဲ့ အနေနဲ့ မိတ်ကပ် လိမ်းခြယ် ပေးခဲ့တာ ဖြစ်ပြီး တွစ်တာပေါ်ကို တင်ခဲ့ ရာမှာတော့ လူထောင်ပေါင်း များစွာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ ရတာပါ။ တူမဖြစ်သူ ကတော့ ပါးရေတွေ တွန့်ပြီး နဖူးက အစင်းကြောင်းတွေနဲ့ တကယ့် အဘွားအို ပုံစံပေါက် သွားခဲ့တာပါ။
အဒေါ်ဖြစ်သူရဲ့ မိတ်ကပ် လက်စွမ်းကတော့ တူမဖြစ်သူကို နာမည်ကျော် စေခဲ့ပြီး retweet လုပ်မှု အကြိမ်ရေ ၂၇၀၀၀ အထိရှိခဲ့ ပါတယ်။ အဒေါ်ဖြစ်သူရဲ့ မိတ်ကပ် လက်စွမ်း ကိုလည်း ချီးကျူး ခဲ့ကြပြီး ငါ့ကလေးကိုလည်း လိမ်းပေး ပါလား ကျောင်းမှာ ပေါ်ပြူလာ ဖြစ်သွားအောင် အစရှိသဖြင့် ရေးသား ခဲ့ကြပါတယ်။
Ref : Dailymail
Originally published at - http://knowledge.thithtoolwin.com/2016/01/blog-post_9.html






No comments: