အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 8, 2016

ဥာဏ်ရည်မြင့် စက်ရုပ်တွေက ၂၀၄၀ ပြည့်နှစ်မှာ လူသားတွေကို စစ်ကြေညာနိုင်ဟု ကျွမ်းကျင်သူတွေ သတိပေး




စက်ရုပ် အကြောင်း တွေကို စနစ်တကျ လေ့လာပြီး သိပ္ပံဆိုင်ရာ အကြောင်း အရာတွေကို ရေးသားနေတဲ့ ပညာရှင်တွေက ဖွံ့ဖြိုးလာမယ့် စက်ရုပ်တွေဟာ ၂၀၄၀ ပြည့်နှစ်မှာ လူသားတွေကို စစ်ကြေညာ နိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

စက်ရုပ်တွေဟာ အသိဥာဏ်တွေ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုး လာချိန်မှာတော့ သူတို့ဟာ ကိုယ့် ဘာသာကိုယ် ထိန်းချုပ်ခွင့်ကို တောင်းဆို ကြလိမ့် မယ်လို့ သူတို့က ခန့်မှန်း လိုက်တာပါ။

ဒါ့ကြောင့်လူသားတွေ အနေနဲ့ အဆင့်အတန်း မြင့်မားတဲ့ ကာကွယ်ရေး စက်ရုပ်တွေ ကိုလည်း ပြန်လည် တီထွင် ထားသင့်တယ်လို့ ဖော်ပြ ထားပါတယ်။

လူလောက်နီးပါး မှတ်ဥာဏ် ကောင်းတဲ့ စက်ရုပ်တွေကို ၂၀၄၀ နဲ့ ၂၀၅၅ ကြားမှာ အများဆုံး ထုတ်လုပ်နိုင် လိမ့်မယ်လို့ ခန့်မှန်းထား ခဲ့ကြပြီး သူတို့ အတွက်လည်း စွမ်းအင် အရင်း အမြစ်တွေ ပေးစွမ်းနိုင်မယ့် နေရာ တစ်ခုကို လူသားတွေ ဆီကလည်း ပြန်လည် တောင်းခံ လာနိုင်တယ်လို့ ထင်ကြေး ပေးနေ ကြပါတယ်။

၂၀၁၄ ခုနှစ် အတွင်းမှာတော့ စစ်ဘက် ဆိုင်ရာသုံး စက်ရုပ်ပေါင်း ၁၁၀၀၀ ကို ကမ္ဘာအနှံ့ အပြားမှာ တီထွင်နိုင် ခဲ့ကြပြီး စက်ရုပ် ထုတ်လုပ်မှုဟာ တစ်နှစ်ကို ၁၃ ရာနှုန်းအထိ မြင့်မား လာတာကြောင့် ၂၀၄၀ ခုနှစ် ရောက်ရင်တော့ စက်ရုပ်ပေါင်း နှစ်သိန်း သုံးသောင်းလောက် ကမ္ဘာပေါ်မှာ တည်ရှိ နေနိုင်မှာ ဖြစ်ပါတယ်။

၂၀၅၃ အရောက်မှာတော့ ကမ္ဘာပေါ်မှာ စက်ရုပ် အရေ အတွက်ဟာ တစ်သန်းလောက် အထိ ရှိလာနိုင်ပြီး တစ်ဝက် လောက်ဟာ ဆိုရင်တော့ အမေရိကန် စစ်တပ်ရဲ့ စစ်ဖက် ဆိုင်ရာသုံး စက်ရုပ်တွေ ဖြစ်နေနိုင် တယ်လို့ ဖော်ပြ ထားပါတယ်။

နောက်ပိုင်းမှာ အရမ်းကို အသိဥာဏ်မြင့်မားတဲ့ စက်ရုပ်တွေဟာ လူသားတွေ သေဆုံး သွားရင်တောင် ဆက်လက် နေထိုင်နိုင်ဖို့ ကြိုးစား သွားနိုင်တဲ့ အထိ ဖြစ်လာနိုင် တယ်လို့ ခန့်မှန်း ထားပါတယ်။

Ref : Dailymail

Originally published at - http://knowledge.thithtoolwin.com/2016/01/blog-post_21.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...