အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 8, 2016

ပေါက်ဖို့လာတဲ့ မြွေဟောက်ကို လည်မျိုက ကိုင်ပြီး ပြန်လွှင့်ပစ်ခဲ့တဲ့ အာဂ မိန်းကလေး




တောင်အာဖရိကမှာ အပန်းဖြေနေတဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့ဆီကို ပါးပျဉ်းထောင်ပြီး ပေါက်ဖို့ လာတဲ့ မြွေဟောက် တစ်ကောင်ကို လည်မျို ကနေကိုင်ပြီး အဝေးကို ပြန်လည် လွှင့်ပစ် ခဲ့ပါတယ်။

ရောဘတ်ဆင်ရေကန်ဘေးမှာ အနားယူရင်း အပန်းဖြေနေတဲ့ သူမဟာ ကမ်းခြေ ကနေ သူမဆီ တည့်တည့် မတ်မတ် လာနေတဲ့ မြွေကို နင်ဂျာလို လျင်မြန်တဲ့ လက်နဲ့ လည်မျို ကနေကိုင်ပြီး ပြန်လည် လွှင့်ပစ်ခဲ့ ပါတယ်။

သူမဟာ မြွေလာနေတာကို ကြောက်ရွံခြင်းအလျဉ်းမရှိဘဲ လျင်လျင်မြန်မြန်နဲ့ အခုလိုပြန်လည် ကိုင်တွယ် တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို Youtube ပေါ်တင်ခဲ့တဲ့ အခါမှာတော့ ကြည့်ရှု သူတွေများပြား ခဲ့ပါတယ်။ ဒါဟာ လုပ်ကြံမှု တစ်ခုသက်သက် သာဖြစ်ပြီး လူတစ်ယောက်က မြွေရုပ်ကို ငါးမျှားချိတ်မှာချိတ်ပြီး ကြိုးနဲ့ ဆွဲယူခဲ့တာပါ။



ဒီဗီဒီယိုကိုတော့ လူထောင် ပေါင်းများစွာက ကြည့်ရှု ခဲ့ကြပြီး မှတ်ချက်တွေ ပေးခဲ့ကြ ပါတယ်။ ကိုးစက္ကန့်စာ ဗီဒီယိုမှာတော့ လှည့်စားမှုကို ယုံကြည်သွားကြတဲ့ လူတွေရှိသလို အချို့ကလည်း သေချာကြည့် ရှုပြီးမှ မှတ်ချက်တွေ ပြုခဲ့ကြ ပါတယ်။



" ပုံရဲ့ ထောင့်မှာ ငါးမျှားတံနဲ့ ချိတ်ဆွဲပြီး မြွေရုပ်ကို ဆွဲလာတာကို မမြင်ကြတာလား။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ပြောင်မှုတစ်ခုပါပဲ " ၊ " အတုကြီးမှန်း သိသာ လွန်းပါတယ်။

မြွေတွေက အဲ့လောက် မမြန်သလို တည့်တည့်လည်း ဘယ်တော့မှ မလာပါဘူး " လို့ မှတ်ချက်တွေ ရေးသား ခဲ့ကြ ပါတယ်။


Ref : Dailymail

Originally published at - knowledge.thithtoolwin.com/2016/01/blog-post_6.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...