အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ဂရင်းနစ်စံချိန်များ. Show all posts
Showing posts with label ဂရင်းနစ်စံချိန်များ. Show all posts

Friday, November 18, 2016

ကမ္ဘာ့စံချိန် တင်လိုက်ကြသည့် လူပုလေး စုံတွဲ မင်္ဂလာဆောင်




ဘရာဇီး နိုင်ငံမှ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ တတွဲဟာ ကမ္ဘာ့ အသေးငယ်ဆုံး လက်ထပ် ကြတဲ့ စုံတွဲအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်နိုင် ခဲ့ပြီး ခုသီတင်း ပတ်ထဲမှာ ဆုလက်ခံ ရယူဖို့ လန်ဒန်ကို သွားရောက် ကြမှာ ဖြစ်ပါတယ်။

သတို့သား ဖြစ်သူ ပေါ်လိုဂါ ဘရီယယ် ဒါဆေးလ်ဗာ ဘားရော့စ်ဟာ အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး အရပ် အမြင့် ၉၀ ဒသမ ၂၈ စင်တီ မီတာ ရှိကာ သတို့ သမီးဖြစ်သူ ကတ်ယူ စီယာ လီဟိုရှီနို ကတော့ အသက် ၂၈ နှစ်နဲ့ အရပ် အမြင့် ၉၁ ဒသမ ၁၃ စင်တီမီတာ ရှိနေတာပါ။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက အင်တာနက် လူမှုကွန်ရက်စာမျက်နှာ Orkut ပေါ်မှတဆင့် ချစ်ကျွမ်းဝင် ခဲ့ကြတာလို့ ဆိုပါတယ်။

ပေါ်လိုက “ကျနော် သူ့ကိုစမြင်ကတည်းက အရမ်းလှတယ်လို့ ထင်ခဲ့မိပါတယ်” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ အွန်လိုင်းပေါ်မှာ နေ့စဉ်စကားပြောခဲ့ကြပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ အပြင်မှာ ချိန်းတွေ့ခဲ့ကြပါတယ်။

သူတို့ဟာ အဲဒီအချိန်တွေတည်းက ခုချိန်ထိ ခိုင်မာတဲ့ ကာလရှည်ကြာဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။

ပေါ်လိုကတော့ အစိုးရ၀န်ထမ်းတဦးဖြစ်ပြီး ကတ်ယူစီယာကတော့ အလှပြင်ဆိုင် ပိုင်ရှင်တဦး ဖြစ်ပါတယ်။

ဒီကနေ့လက်ထပ်လိုက်တဲ့ အခမ်းအနားမှာတော့ ပေါ်လိုက “ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ခွင့် ရတာကို ကျနော်တို့ ကျေနပ်ပျော်ရွှင် မိပါတယ်။

ရုပ်ဝတ္ထု သွင်ပြင်ဆိုင်ရာ ကွဲပြားမှုတွေ ဘယ်လို ရှိပါစေ၊ တကမ္ဘာလုံး လူတွေဟာ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံ ကြလိမ့် မယ်လို့ နားလည် ထားပါတယ်” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/176496

Read More »

Saturday, September 10, 2016

ကမ္ဘာ့စံချိန်တင် မုတ်ဆိတ်ပါ ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး




အင်္ဂလန်နိုင်ငံ၊ ဆလောက်ဂ် မြို့မှ အသက် ၂၄ နှစ် အရွယ် မိန်းကလေး တဦးဟာ မုတ်ဆိတ်ပါ ကမ္ဘာ့ အသက် အငယ်ဆုံး အမျိုးသမီး အဖြစ် ဂီးနက်စ် ကမ္ဘာ့စံချိန် ၀င်သွားခဲ့ တယ်လို့ မေရာ သတင်းမှာ စက်တင်ဘာလ ၈ ရက်နေ့က ဖော်ပြ ခဲ့ပါတယ်။

ခုလိုအမွေး အမျှင်တွေနဲ့ မျက်နှာ သွင်ပြင်က မိန်းကလေး ဆန်ပြီး ပိုမိုက်တဲ့ ခံစားချက်မျိုး ပေးနိုင် တယ်လို့ သူက ပြောပါတယ်။

ခန္ဓာကိုယ်ပေါ်မှ အမွေး အမှင်တွေကို မရိတ်သင် ရဘူးလို့ တားမြစ်ထားတဲ့ ဆစ်ခ် ဘာသာဝင် တယောက် အဖြစ် ခံယူ လိုက်ပြီး တဲ့နောက် သူဟာ ခုလိုမျက်နှာပေါ်မှ မုတ် ဆိတ် ကျင်စွယ်တွေကြောင့် ငယ်ဘ၀ ကာလ တလျှောက်လုံး အနိုင်ကျင့် နောက်ပြောင် ခံခဲ့ ရတာပါ။

သူဟာ ကျောင်းမှာ၊ လမ်းမပေါ်မှာ စသဖြင့် အုပ်စုဖွဲ့ အနိုင်ကျင့် မှုတွေ ခံလာ ရတာနဲ့ အမျှ သူ့ကိုယ်သူ သတ်သေဖို့ အထိ တောင်ကြိုးစား ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ခုချိန်မှာတော့ အရှည် ၆ လက်မ ရှိနေပြီဖြစ်တဲ့ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကြောင့် ဂီးနက်စ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ ပါပြီ။

သူက “ကျမအရင်လို ခံစားမှုမျိုးကို ဆက်ခံစားနေတော့မှာ မဟုတ်သလို၊ ဒီအမွေး အမျှင်တွေကိုလည်း မရှိတော့ဖို့၊ ရိတ်သင် လိုက်ဖို့ ကြိုးစားတော့မှာမဟုတ်ဘူး။

ဘာလို့လဲ ဆိုတော့ ကျမမှာ ရှိနေတယ် ဆိုတဲ့ ကျမဖြစ်ခြင်းဆိုတာ ဘုရားသခင်က ဖြစ်စေတော်မူလို့ ပါပဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကတော့ သူဟာ လန်ဒန် ဖက်ရှင် ရက်သတ္တပါတ် အစီအစဉ်ရဲ့ ပထမဆုံးသော မုတ်ဆိတ်ကျင်စွယ်ပါ အမျိုးသမီးတဦးအဖြစ် သရုပ်ပြ တင်ဆက် ခဲ့ပါသေးတယ်။

“ကျမ ပိုပြီး မိန်းမသား ဆန်လာတယ်လို့ ခံစား မိပါတယ်။ ကျမကိုယ် ကျမ ချစ်နိုင်ဖို့ သင်ယူ ခဲ့ရပါတယ်။ ခုချိန်မှာတော့ ဘယ်အရာ ကမှ ကျမကို မတုန်လှုပ် စေတော့ ပါဘူး”လို့ သူက ပြောပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167779

Read More »

Tuesday, August 30, 2016

ကမ္ဘာ့အလေးဆုံး စီးနင်းရသည့် စက်ဘီး




ဂင်းနစ် မှတ်တမ်းမှာ တင်နိုင်ဖို့ အတွက် ကီလို ၉ ၄၀ ရှိတဲ့ ကမ္ဘာ အလေးဆုံး စီးနင်းရတဲ့ စက်ဘီးကို ဂျာမနီ လူမျိုး တဦးက တည်ဆောက် ခဲ့ပါတယ်။



စက်မှု လုပ်ငန်းသုံး အကြီးမားဆုံး ဘီးတွေကို အသုံးပြုပြီး မတ်လက ဖရန့်ဒို့စ်က တည်ဆောက် ထားတာ ဖြစ်ပြီး ဂင်းနစ် မှတ်တမ်းကို တင်နိုင်အောင် ဆောက်ထား ပါတယ်။

img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjmA9NCdT9_14F_BhbbqaogMSThB3y1VCtL_LNy3MNnArxblGjYh5QskZC4rPr7day3idlKHtDlRlFOMg6agHe_9jzsPAKXKNn1Mnb5aNJo7w_uL3UM0PyJ5RWsnT-x2ihMjVawye8iVE/s1600/3.jpg" width="100%">

တာရာက ၁.၅၃ မီတာ အချင်းရှိပေမယ့် စက်ဘီးက မယုံနိုင်စရာကောင်းလောက်အောင်ကို စီးနင်းရတာ လွယ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကီလို ၈၆၀ လေးတဲ့ စက်ဘီးက ကမ္ဘာ့အကြီးဆုံး စက်ဘီး အဖြစ် မှတ်တမ်း ၀င်နေတာလည်း ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ – စီစီတီဗွီ

by DVB

Originally published at - http://burmese.dvb.no/archives/166267

Read More »

Tuesday, August 2, 2016

ကမ္ဘာ့ တက်တူး အများဆုံး အမျိုးသမီး




ကယ်လီဖိုးနီးယား

ကမ္ဘာပေါ်မှာ တက်တူး အများဆုံး အမျိုးသမီး အဖြစ် စံချိန် တင်ထားနိုင် သူကတော့ အမေရိကန် နိုင်ငံသူ ဂျူလီယာ ဂျီးနပ်စ် ဖြစ်ပြီး အခုအချိန်မှာ အသက် ၅၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ ဂျီးနပ်စ် ဟာ သူ့ခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နူန်းကို တက်တူးများနဲ့ ဖုံးအုပ် ထားသူပါ။

သူမဟာ တက်တူး အများဆုံးကို ပိုင်ဆိုင်တဲ့ အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ထားနိုင်သူ ဖြစ်ပြီး အခုအထိ သူ့စံချိန်ကို လိုက်မှီသူ မရှိသေး ပါဘူး။

ဂျီးနပ်စ်ဟာ အရေပြား ရောဂါ တစ်မျိုးကို ခံစားနေ ရသူဖြစ်ပြီး ဒီရောဂါကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို ဖုံးကွယ်ဖို့ ခြေထောက်မှာ တက်တူး ထိုးတာကနေ ဒီအနုပညာကို စွဲလမ်း သွားခဲ့ ရတာ ဖြစ်ပါတယ်။

ခြေထောက်ကနေ စလို့ ဝမ်းဗိုက်၊ လက်မောင်းနဲ့ နောက်ကျော တို့မှာ တဖြည်းဖြည်း ရောင်စုံ ပုံတွေ ရေးထိုးခဲ့ပြီး အခု အချိန်မှာတော့ တက်တူး ပုံတွေကို သူ့မျက်နှာပေါ် မှာပါ မြင်တွေ့ ရမှာဖြစ် ပါတယ်။

ဂျီးနပ်စ်ရဲ့ တက် တူးတွေမှာ တောတောင်ရှုခင်းပုံတွေ၊ သူနှစ်သက်တဲ့ ကာတွန်းဇာတ်ကောင်ပုံတွေ၊ တိရစ္ဆာန်ပုံတွေပါဝင်ပြီး တစ်ခုထူးခြားတာက သူဟာ ဒီပုံတွေ အကုန်လုံးကို တက်တူးပညာရှင်တစ်ယောက်တည်းဆီမှာ ရေးထိုးခဲ့ တာဖြစ် ပါတယ်။

Ref: Wiki

Yangon Media Group

Originally published at - https://www.facebook.com/yangonmediagroup

Read More »

Sunday, July 24, 2016

တရုတ်က အပျော့ပျောင်းဆုံး အမျိုးသမီး




အသက် ၂၅ နှစ် အရွယ် အမျိုးသမီး လျူတန်ကို တရုတ် နိုင်ငံရဲ့ အပျော့ပျောင်းဆုံး အမျိုးသမီး အဖြစ် လူတွေက ချီးကျူး နေပါတယ်။

ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက် ကွေးညွှတ် လိမ်ယှက် တတ်တဲ့ ဘုရင်မ အဖြစ် တချို့က တင်စား နေပြီး သူရဲ့ ခန္ဓာကိုယ်ကို ကွေးညွှတ် လိမ်ယှက် ထားတဲ့ ဓာတ်ပုံတွေက သက်သေ ဖြစ်တယ်လို့ ဆိုပါတယ်။



ဇူလိုင် ၂၂ ရက်က သူရဲ့ သိမ်းဆည်း ထားတဲ့ ဓာတ်ပုံတွေကို ချိုင်းနား နယူးဆားဗေ့က စုဆောင်း ဖော်ပြ ပါတယ်။

ဓာတ်ပုံတွေ မှာတော့ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး ခြေထောက်နဲ့ စာအုပ်ကို ယူတာ၊ ကော်ဖီခွက်ကို မပြတာ စတဲ့ ပုံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။



လျူဟာ အသက် ၈ နှစ်အရွယ် ကတည်းက ခန္ဓာကိုယ်ကို ကွေးညွတ်နိုင်အောင် လေ့ကျင် ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ စံချိန်မှာလည်း မှတ်တမ်းတင် ထားပါတယ်။

အရင်နှစ် ဧပြီလက ၈၅ စင်တီမီတာ ရှိတဲ့ ၀ိုင်ခွက်ကို ခန္ဓာကိုယ် ကွေးညွှတ်ပြီး မပြခဲ့ကာ ဂင်းနစ်စံချိန်မှာ မှတ်တမ်း တင်ခဲ့ပါတယ်။

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160473

Read More »

Monday, July 11, 2016

တန်ဝက် အလေးချိန်ကို မပြခဲ့သည့် ဗြိတိန်လူသန်ကြီး ကမ္ဘာ့စံချိန်တင်




ဗြိတိန်နိုင်ငံမှ အလေးမ အားကစား သမား အက်ဒီဟောလ်ဟာ တန်ဝက် အလေးချိန် ရှိတဲ့ အလေးကို မပြ ခဲ့ပြီးနောက် သမိုင်းမှာ မယုံနိုင် လောက်စရာ အံ့ဖွယ် လူသားတဦး ဖြစ်လာ ခဲ့ပါတယ်။

ခုလို အလေးချိန်ကို မ ပြခဲ့တဲ့ အခိုက် အတန့်မှာ ခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တော့ မတတ်ဖြစ်ခဲ့ပြီး သိစိတ်ပျောက် သွားခဲ့ တယ်လို့ သူက ၀န်ခံ လိုက်ပါတယ်။

ခုချိန် မှာတော့ အရပ် အမြင့် ၆ ပေ ၃ လက်မ ရှိတဲ့ အသက် ၂၉ နှစ် အရွယ် အက်ဒီ ဟောလ်ဟာ အလေးချိန် ၅၀၀ ကီလိုဂရမ်လောက်ကို အသာလေး မပြနိုင်တဲ့ အလေးမ ဘုရင် ဖြစ်လာ ခဲ့ပါပြီ။

ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အချိန် ၂၄ နာရီအတွင်း ၀င်ရောက်ကြည့်ရှုသူ ၃ သန်းနီးပါး ရှိခဲ့ပါတယ်။

ဒါပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ အဲဒီလို မ ပြခဲ့ပြီးနောက် ဒူးကွေးကျခဲ့ပြီး သိစိတ်ပျောက်သလို ဖြစ်သွားခဲ့တာကို တွေ့ရမှာပါ။

သူ့ရဲ့ဇနီးဖြစ်သူ အလက်ဇန္ဒရာနဲ့ ကလေး ၂ ဦးတို့ဟာလည်း ပရိသတ်တွေနဲ့အတူ ရှိနေခဲ့ကြပြီး သူ့ကို စိတ်ပူနေခဲ့ကြကာ စံချိန်ချိုးခဲ့ချိန်မှာမှ ပြုံးပျော်နိုင်ခဲ့ကြပါတယ်။

သူ့အနေနဲ့ ကမ္ဘာ့အသန်မာဆုံး ချန်ပီယံပြိုင်ပွဲကို ဆက်ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ မျှော်လင့်ထားတယ်လို့ မေရာသတင်းမှာ ဇူလိုင် ၁၀ ရက်နေ့က ဖော်ပြပါတယ်။

“ဒါက ကျနော့်ကို သေလုနီးပါးပဲ ဖြစ်စေတယ်။ ကျနော့် ခန္ဓာကိုယ်ဖိအားဟာ အဲဒီအချိန်မှာ အိပ်မက်လို ဖြစ်နေတာဗျ။ ကျနော် သိစိတ်တွေ လွတ်သွားခဲ့တယ်။ နှာခေါင်းသွေးတွေ လျှံတယ်။ ဒါပေမယ့် ကျနော်လုပ်နိုင်ခဲ့ပြီ။ အချိန်ကာလကြာ ကျနော်ဟာ သမိုင်းမှာ ရှိနေမှာပဲ။ ကမ္ဘာ့အသန်မာဆုံးလူသား ဖြစ်လာဖို့က ကျနော့်အိပ်မက်ပါ။ ဒါဟာ ဖြစ်လာပါလိမ့်မယ်။”


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158641

Read More »

Wednesday, July 6, 2016

ဂရင်းနစ်စံချိန် တင်နိုင်ခဲ့တဲ့ နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသား




နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသားဟာ ကမ္ဘာ့ အတော်ဆုံး ကွန်ပျူတာ လက်ကွက် ရိုက်နိုင်သူ အသစ် အဖြစ် စံချိန် တင်ခဲ့ ပါတယ်။ အသက် ၂၃ နှစ် အရွယ် Mohammed Khursheed Hussain ဟာ သူ့ရဲ့ နှာခေါင်းကို အသုံးပြုပြီး စာလုံးရေ ၁၀၃ လုံးပါတဲ့ စာပိုဒ် တစ်ပိုဒ် ကို ၄၇.၄၄ စက္ကန့် အတွင်းမှာ ရိုက်ပြနိုင် ခဲ့ပါတယ်။

သူ့ရဲ့ လက်တွေ ကိုတော့ ကျောနောက်ဘက် မှာ ကြိုးတုပ် ချည်နှောင် ထားပြီး နှာခေါင်းနဲ့သာ လက်ကွက် ကို ရိုက်နှိပ် နိုင်ခဲ့တဲ့ အတွက် ဂရင်းနစ် စံချိန် တင်နိုင် ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ Hyderabad မြို့မှာ နေထိုင် တဲ့ Mohammed ဟာ ပထမ အကြိမ် စာရိုက်ခြင်းမှာ စံချိန်တင်ခဲ့ ဖူးပါတယ်။

အဲဒီ အကြိမ်တုန်းက သူဟာ အင်္ဂလိပ် အက္ခရာ များကို ၃.၄၃ စက္ကန့် အတွင်း သူ့ရဲ့ လက်ချောင်းများ နဲ့ ရိုက်နှိပ်ပြ ခဲ့ဖူးပြီး ယခု တစ်ကြိမ် ဟာ သူ့အတွက် ဒုတိယ အကြိမ် မြောက် စံချိန်တင် ခဲ့တာ ဖြစ်ပါတယ်။ သူဟာ နှာခေါင်းနဲ့ စာရိုက်နိုင်ဖို့ အတွက် လေ့ကျင့်နေ ခဲ့တာ၃ နှစ်ရှိပြီဖြစ်ပြီး တစ်နေ့ကို ၆ နာရီကြာ လေ့ကျင့် ခဲ့တယ်လို့ သိရပါတယ်။

Ref : Mirror

Originally published at - http://knowledge.thithtoolwin.com/2016/06/blog-post_73.html

Read More »

Sunday, June 5, 2016

၉၆ နှစ်တွင် ဘွဲ့ရရှိခဲ့သည့် ဂျပန်အဘိုးအို ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရ အဖြစ် ဂင်းနစ် မှတ်တမ်းတင်




တိုကျို ၊ ၅-၆-၂၀၁၆

ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ်ရှိ ပင်စင်စား အမျိုးသားကြီး တစ်ဦးသည် ကျိုတို အနုပညာနှင့် ဒီဇိုင်း တက္ကသိုလ် မှ ကြွေထည် လက်မှုပညာ ဘာသာ ရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရ တစ်ဦး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း သိရသည်။

ရှီဂေမီဟီရာတာ အမည်ရှိ အဆိုပါ အမျိုးသားသည် ဇွန် ၃ ရက်က ဂင်းနစ်မှတ်တမ်း လက်မှတ်ကို လက်ခံ ရယူခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ဇွန် ၄ ရက်တွင် ဖော်ပြခဲ့သည်။

ဟီရာတာ သည် ဂျာမနီနှင့် ၄င်း၏ မဟာမိတ် နိုင်ငံများ သဘောတူ စာချုပ် ချုပ်ဆိုသည့် ၁၉၁၉ ခုနှစ်တွင် ဟီရိုရှီးမားမြို့ ၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ် တက်စဉ် ကာလ တစ်လျှောက်လုံး ၌ ရင်းနှီးသူများ သာမက မရင်းနှီးသော ကျောင်းသား၊ ကျောင်းသူ များကပါ မိမိကိုတွေ့လျှင် နှုတ်ဆက် ကြကြောင်း၊ လူတိုင်းက ခင်မင်နှစ်လို သောကြောင့် မိမိအတွက် ခွန်အားဖြစ်စေ ခဲ့ကြောင်း ၄င်းက ယိုမီအူရီ သတင်းစာသို့ ပြောကြား ခဲ့သည်။

ထို့ပြင် မိမိ၏ ရည်မှန်းချက်မှာ အသက် ၁ဝဝ ပြည့်သည်အထိ ကျန်းမာစွာ အသက်ရှင် နေထိုင်ရန် ဖြစ်ကြောင်း ဟီရာတာ က ထပ်လောင်း ပြောကြား သည်။ ဟီရာတာသည် ဒုတိယ ကမ္ဘာစစ် အတွင်းက ရေတပ်တွင် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၄င်း၌ မြစ်လေးဦး ရှိကြောင်း သိရသည်။ ဟီရာတာ က ၄င်း၏ အသက်အရွယ် နှင့် ပညာရပ် တစ်ခုခုကို လေ့လာခွင့် ရသည့်အတွက် ဝမ်းသာ ပျော်ရွှင်မိကြောင်း ဆက်လက် ပြောကြားသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_26.html

Read More »

Thursday, May 26, 2016

ကမ္ဘာ့စံချိန်ချိုးသည့် ရေလွှာလျှောစီး ချန်ပီယံ ခြောက်လ အရွယ် သမီးငယ် (ရုပ်သံ)




ဇီလာရှိန်ဒွန့်ရှ်ဟာ ၆ လ အရွယ် ကလေးငယ် တဦးဖြစ်ပြီး လမ်းတောင် မလျှောက် နိုင်သေးတဲ့ အရွယ်ပါ။ ဒါပေမယ့် သူ့မှာ ရေထဲမှာ စွမ်းရည် ပြသနိုင်တဲ့ ပါရမီ ရှိသူဖြစ်နေ ပါတယ်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ ဇီလာဟာ ခုချိန်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ရေလွှာလျှောစီးသမားတဦးအဖြစ် စံချိန်ချိုးနိုင်ခဲ့ပါပြီ။

ဇီလာဟာ ကန်တခုထဲမှာ တခြားအရွယ်ရောက်ပြီး သူတွေနဲ့အတူ အံ့မခန်း လျှောစီးပြနိုင်ခဲ့တာပါ။

လမ်းတောင်မလျှောက်နိုင်သေးတဲ့ အရပ်အမြင့်လက်မ ၃၀ သာရှိတဲ့ ဇီလာဟာ ရေလွှာလျှောစီး ဘုတ်ပြားအသေးပေါ်မှာ လက်ကိုင်တန်းကို ခိုင်ခိုင်မြဲမြဲကိုင်ပြီး အံ့မခန်း စွမ်းရည်ပြသနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရမှာပါ။

သူ့ရဲ့ မိဘတွေဟာ ကျွမ်းကျင်ရေလွှာလျှောစီးပညာရှင်တွေဖြစ်ကြတာဟာ ဇီလာ့အတွက် ကောင်းတဲ့ အကျိုးကျေးဇူးတခုအဖြစ် ထောက်ပံ့ပေးနိုင်ခဲ့တာလို့ စကိုင်း နယူးစ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဖခင်ဖြစ်သူ ကီဗင်က သမီးငယ်ဇီလာအနေနဲ့ ရေလွှာလျှောစီးချိန်မှာ လှေက ကန်ရဲ့အဆုံးထိ မရောက်ခဲ့ရင်တောင် သူ့ကိုယ်သူ ဟန်ချက်ညီညီနဲ့ ထိန်းနိုင်တယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

ဇီလာ့အရင်က ကမ္ဘာ့စံချိန်ချိုးခဲ့တာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း အသက် ၆ လနဲ့ ၂၉ ရက်ရှိတဲ့ ပါ့ခ်စ်ဘွန်နီဖေးအမည်ရတဲ့ ကလေးငယ်ဖြစ်ပါတယ်။

ဇီလာကတော့ အသက် ၆ လနဲ့ ၂၇ ရက်သာရှိသေးပြီး ကိုယ်တိုင်စီမံမှုနဲ့အတူ ဒီစံချိန်ကို ချိုးနိုင်ခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။



ဒီဗွီဘီ by DVB

Originally published at - http://burmese.dvb.no/archives/151616

Read More »

Wednesday, April 27, 2016

ပြင်သစ်စတန့်သမားတဦး တကိုယ်တော် ဆိုင်ကယ်ဘီးထောင်စီးနင်းမှု ကမ္ဘာ့စံချိန်ချိုး




ပြင်သစ် နိုင်ငံသား တကိုယ်တော် စတန့်သမား ရန်နစ်ခ် ဒူးပွန့်ဟာ လေးဘီး ဆိုင်ကယ် ဘီးထောင် စီးနင်းမှုမှာ အချိန် အကြာဆုံး စီးနင်းပြနိုင်သူ တဦး အဖြစ် ကမ္ဘာ့စံချိန် ချိုးခဲ့တယ်လို့ ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

သူဟာ မနှစ်က ပြင်သစ်နိုင်ငံအရှေ့ပိုင်း မလူးဇ်မြို့၊ စီးတီးဒီလ် အော်တိုမိုဘိုင်း ပြတိုက်တွင်းမှာ အကွာအဝေးခရီး ၃၄ ဒသမ ၂၉ ကီလိုမီတာ (၂၁ ဒသမ ၃၀ မိုင်) ကို စံချိန်တင် စီးနင်းပြခဲ့တာပါ။

ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့အနေနဲ့ ဒီခေါင်းစဉ်အောက်မှာ ပါဝင်ယှဉ်ပြိုင်သူတွေ အနေနဲ့ စီးနင်းခွင့်ပြုတဲ့ယာဉ်ဟာ တခြားဘားတန်းနဲ့ ဘီးတွေ တွဲဆက်မထားရဘဲ သီးခြား ဘေးနှစ်ဘက် ဘီးတွေကိုထောင်ပြီး ဆိုင်ကယ်သမားရဲ့ စွမ်းရည်ပြနိုင်အောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ရန်နစ်ခ်ရဲ့အရင် စံချိန်တင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား ဒန်နီယယ်လ်အဒမ်စ် ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှာ အကွာအဝေး ၂၇ ဒသမ ၁၈ ကီလိုမီတာ (၁၆ ဒသမ ၈၉ မိုင်) နဲ့ စီးနင်းပြနိုင်ခဲ့တာပါ။

ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရန်နစ်ခ်ရဲ့ ရင်သပ်ရှုမောဖွယ် စတန့်ထွင်ပြီး ဘီးထောင်စီးနင်းပြတဲ့ ပြကွက်တွေကို တွေ့နိုင်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147211

Read More »

Wednesday, March 23, 2016

ကမ္ဘာ့မှတ်တမ်း ၂ ကြိမ်တင်နိုင်ခဲ့သည့် ခွေးမလေး




ပျူရင်ဟာ ဂျပန်နိုင်ငံမှ ခွေးမလေး တကောင်ဖြစ်ပြီး ခုချိန် မှာတော့ သူ့ရဲ့စွမ်းရည် တွေကြောင့် ကမ္ဘာ့ မှတ်တမ်း ၂ ကြိမ် တင်နိုင် ခဲ့ပါပြီ။

သူဟာ ဘောလုံးပေါ်တက်ကာ ခရီး အကွာ အဝေး ၁၀ မီတာထိ ရောက်အောင် အောက်ကို လိမ့်မကျဘဲ အချိန် ၁၁ ဒသမ ၉ စက္ကန့် ကြာအောင် စွမ်းရည် ပြသနိုင် ခဲ့လို့ ဂင်းနစ် ကမ္ဘာ့ မှတ်တမ်း ၀င်ခဲ့တာပါ။

ဒါဟာ ဒုတိယ အကြိမ် ကမ္ဘာ့မှတ်တမ်း ၀င်ခဲ့တာ ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ခွေးကလေးများ နေ့မှာ ဒီဆုကို လက်ခံ ရရှိ ခဲ့တာပါ။

ပထမအကြိမ် ကမ္ဘာ့မှတ်တမ်း တင်နိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပြီး ခုရရှိတဲ့ဆုနဲ့ မတူညီပါဘူး။

ပျူရင်ဟာ ပိုင်ရှင်ဖြစ်သူ မာကိုတို ကူမာဂိုင် ပစ်ပေးတဲ့ ဘောလုံး ၁၄ လုံးကို လက်သည်းတွေ အသုံးပြုပြီး ဂိုးကာကွယ်ပေးနိုင်ခဲ့လို့ ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့တာပါ။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအယ်ဒီတာချုပ် ခရေ့ဂ်ျဂလန်ဒေးက “ပျူရင်ဟာ အံ့သြလောက်စရာ အရည်အချင်းတွေနဲ့ မှတ်တမ်း ၂ ကြိမ်ဝင်ခဲ့ပြီး စူပါစတား ဖြစ်လာခဲ့ပြီ။ တကယ့်စွမ်းအားကြီးတဲ့ ဗုံးတလုံးလိုပဲ” လို့ ပြောပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140644


Read More »

Tuesday, March 15, 2016

သစ်သားခုံ ၂၄ လုံးကို တပြိုင်တည်း သွားနှင့် ကိုက်ချီ မပြခဲ့သူ ဂီးနက်စ် စံချိန်ချိုး



ဓာတ်ပုံ - စီစီတီဗွီ

တရုတ်နိုင်ငံသား လီဟောင်ရှိုဟာ အလေးချိန် ၇၅ ကီလိုဂရမ်ရှိ သစ်သားခုံ ၂၄ လုံးကို တပြိုင်တည်း သွားနဲ့ ကိုက်ချီ မပြခဲ့ကာ သူကိုယ်တိုင် အရင်က တင်ထားခဲ့တဲ့ ဂီးနက်စ် မှတ်တမ်း စံချိန်ကို ချိုးပြ ခဲ့ပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ လီဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချောင်ကျင်းမြို့အနီး ဒါဇူးရွာမှဖြစ်ကာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ သစ်သားခုံ ၂၄ လုံးကို ဆယ်စက္ကန့်ကြာ မတင်ထားပြီး စံချိန်ချိုး သရုပ်ပြနိုင်ခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာတော့ သူဟာ အလေးချိန် ၇၀ ကီလိုဂရမ်ရှိ သစ်သားခုံ ၂၃ လုံးကို သွားနဲ့ ကိုက်ချီမပြပြီး ဂီးနက်စ်မှတ်တမ်း ၀င်ခဲ့တာပါ။

လီဟာ အသက် ၈ နှစ်အရွယ်တည်းက ရိုးရာခြင်္သေ့အကကို စတင်လေ့လာခဲ့သူပါ။

အဲဒီအချိန်တည်းက ခြင်္သေ့အကအဖွဲ့တွေနဲ့အတူ တခြားသော စွမ်းရည်ပြ လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

ခုလို လေးလံတဲ့ အရာဝတ္ထုတွေကို မထားနိုင်မယ့် စွမ်းရည်ပြည့်ဝဖို့ဆိုတာ မလွယ်ကူလှပါဘူး။

လီဟာ နေ့စဉ် ၃ ကီလိုမီတာ အကွာအဝေးရှိတဲ့ခရီးကို အပြေးလေ့ကျင့်တာတွေ၊ သွားခိုင်မာအောင် ထိန်းသိမ်းတာတွေ၊ ရေခဲတုံးတွေကို ကိုက်ဝါးတာတွေ၊ ပန်းခြံထဲက ခုံရှည် ၂၀ ကို နေ့စဉ် မပြီး လေ့ကျင့်တာတွေကို ပြုလုပ်ခဲ့ရတာပါ။

ခုချိန်မှာတော့ လီဟာ အရင်ကထက် ကျော်ကြားလာခဲ့ပြီး ကိုယ်ပိုင်မီဒီယာကုမ္ပဏီတခုကို ဦးဆောင်နိုင်ခဲ့ပါပြီ။

သူ့ဆီက စွမ်းရည်ပြ လှုပ်ရှားမှုတွေ သင်ချင်တဲ့ ကျောင်းသားတွေလည်း ရှိနေပြီး နယ်လှည့်ဖျော်ဖြေတာတွေလည်း လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139497


Read More »

Sunday, February 28, 2016

ကမ္ဘာ့ အပါးလွှာဆုံး တရုတ် ကွန်ဒုံး




တရုတ်နိုင်ငံရှိ ကွန်ဒုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုဟာ မကြာသေး ခင်ကမှ ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒုံးကို ထုတ်လုပ် ခဲ့တဲ့ အတွက် ကမ္ဘာ့ ဂင်းနက်စ် စံချိန် တင်နိုင် ခဲ့တယ်လို့ သိရ ပါတယ်။



အဆိုပါ ကမ္ဘာ့ အပါးလွှာဆုံး တရုတ်ကွန်ဒုံး ကတော့ AONI လို့ Aခ်ါတဲ့ အမှတ် တံဆိပ် ကုန်ပစ္စည်း တစ်မျိုး ဖြစ်ပြီး ယင်း ကွန်ဒုံးကို Guangzhou Daming Lianhe Rubber Products က ဖန်တီး ထုတ်လုပ် ထားတာပါ။



ကွန်ဒုံးရဲ့အထူကတော့ သုည ဒသမ ဝဝ၃၆ မီလီမီတာ ခန့်သာ ရှိပြီး လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒုံး အဖြစ် ဂင်းနက်စ် စံချိန် တင်ခဲ့တာ ဖြစ်တယ် လို့ People's Daily Online သတင်းဌာနက ဖော်ပြ ခဲ့ပါတယ်။



ဒါ့အပြင် ဂျပန်နိုင်ငံရှိ ကွန်ဒုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ အိုကာမိုတိုကလည်း ကွန်ဒုံး အထူ သုည ဒသမ ဝဝ၃၈ မီလီမီတာ ခန့်ရှိတဲ့ ကွန်ဒုံးကို ထုတ်လုပ်ပြီး AONI ထက် အရင်ဆုံး စံချိန် တင်ခဲ့ဖူး ပါတယ်လို့ သိရ ပါတယ်။

Ref: Daily Mail

Yangon Media Group

Originally published at - https://www.facebook.com/yangonmediagroup


Read More »

Monday, November 2, 2015

စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီကျော် လမ်းလျှောက်နိုင် ခဲ့သည့် တရုတ်စက်ရုပ် ဂင်းနစ် မှတ်တမ်းတွင် စံချိန် သစ်တင်




ချုံကျင်း ၊ ၂-၁၁-၂၀၁၅

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ချုံကျင်းမြို့မှ ခြေလေးချောင်းပါ စက်ရုပ်သည် စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီ ကျော်ကြာအောင် လမ်းလျှောက်ပြ နိုင်ခဲ့သည့် အတွက် ယခုအခါ ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Xingzhe No-1 ဟု အမည်ပေး ထားသည့် အဆိုပါ စက်ရုပ်ကို တရုတ်နိုင်ငံ ချုံကျင်း တက္ကသိုလ် လက်အောက်ရှိ စက်ကိရိယာများ ဆိုင်ရာ ကောလိပ်မှ ပါမောက္ခ လီကျင်ဒူး က တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သည် စွမ်းအင် သုည ဒသမ ၈ ကီလိုဝပ် အသုံးပြုကာ ၁၃၄ ဒသမ ဝ၃ ကီလိုမီတာ ကို ခြေလှမ်းပေါင်း ၃၄ဝဝဝဝ ဖြင့် ၅၄ နာရီကြာ အောင် လျှောက်နိုင် ခဲ့ခြင်းကြောင့် ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင် ထားသည့် စက်ရုပ်မှာ အမေရိကန် နိုင်ငံ ကော်နဲလ် တက္ကသိုလ်မှ တီထွင် ထုတ်လုပ်သည့် ရိန်းဂျား အမည်ရှိ ခြေလေးချောင်းပါ စက်ရုပ်ဖြစ်ပြီး ယင်းသည် နာရီပေါင်း ၃ဝ အတွင်း အကွာအဝေး ၆၅ ကီလိုမီတာ ကို စွမ်းအင် သုည ဒသမ ၅ ကီလိုဝပ် အသုံးပြုကာ လျှောက်လှမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အနာဂတ် တွင် အဆိုပါ စက်ရုပ်များကို အန္တရာယ်ရှိသော နေရာများနှင့် လူသားများ လုပ်ဆောင်ရန် လက်လှမ်းမမီ နိုင်သော နေရာများတွင် တာဝန်ပေး စေခိုင်းနိုင် သည်အထိ တိုးတက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း လီကျင်ဒူး က ပြောကြား ထားသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/11/blog-post_4.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Monday, October 19, 2015

လူပေါင်း ၅၂၀၀၀ ပါဝင်ခဲ့သည့် ထိုက်ကျိလေ့ကျင့်ခန်း ဂရင်းနစ်စံချိန်သစ်တင် (ရုပ်သံ)




တရုတ်နိုင်ငံ အလယ်ပိုင်းက ဟီနန် ပြည်နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်ရိုးရာ ထိုက်ကျိ ကျန်းမာရေး လေ့ကျင့်ခန်းမှာ လူပေါင်း ၅၂၀၀၀ ပါဝင်ခဲ့တဲ့ အတွက် ဂရင်းနစ် စံချိန်သစ် အဖြစ် မှတ်တမ်း တင်နိုင် လိုက်ပါတယ်။

ဒီအစီအစဉ်ဟာ ကျန်းမာရေးအလေးထားတဲ့ ဘ၀ပုံစံကို မြှင့်တင်ဖို့နဲ့ ထိုက်ကျိ လေ့ကျင့်ခန်းကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်းဖို့အတွက် ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းနည်းပြ ချန် ဇန်လိုင်က ထိုက်ကျိ အားကစားဟာ တရုတ်ပြည်အတွက် ဂုဏ်ယူစရာ ဖြစ်ပြီး တကမ္ဘာလုံးကို ပြန့်သွားတာလည်း အနှစ် ၃၀ ရှိပြီလို့ ပြောပါတယ်။

ထိုက်ကျိ လေ့ကျင့်ခန်းဟာ ကိုယ်ကာယ ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေး အတွက်လည်း ကောင်းမွန်တဲ့အတွက် ငြိမ်းချမ်းရေး၊ ကျန်းမာရေးနဲ့ ရင်းနှီးမှုတွေအတွက် အထောက်အကူပြုတယ်လို့ အထွေထွေ အားကစားဌာနက အရာရှိ ဇန် ယူပင်းကလည်း ပြောပါတယ်။

ထိုက်ကျိ လေ့ကျင့်ခန်းကို လူအများ အာရုံစိုက်လာအောင် ပြုလုပ်တဲ့ ဒီအစီအစဉ်ကို ကမ္ဘာ့တ၀ှမ်း မြို့ပေါင်း ၆၀ မှာ အောက်တိုဘာလ ၁၈ ရက်နေ့မှာပဲ ပြုလုပ်ခဲ့ပြီး လူပေါင်း ၁ ဒသမ ၂ သန်း ပါဝင်ခဲ့ကြပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117441

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Sunday, October 18, 2015

ကမ္ဘာ့ခြေဖနောင့် အရှည်ဆုံးလူသား ဂရင်းနစ် ကမ္ဘာ့ စံချိန်တင်








အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဗင်နီဇွဲလား နိုင်ငံသား ဂျေဆန်ရို ဒရီးဂက်စ်ဟာ ကမ္ဘာ့ခြေဖနောင့် အရှည်ဆုံး လူသား အဖြစ် ဂရင်းနစ် ကမ္ဘာ့ မှတ်တမ်း ၀င်သွားပြီလို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြ ပါတယ်။

သူ့ရဲ့ညာဘက်ခြေဖနောင့်ဟာ အံ့အား သင့်ဖွယ် ၄၀ ဒဿမ ၁ စင်တီမီတာရှည် ပြီး ဘယ်ဘက်ခြေဖနောင့်ကတော့ ၃၉ ဒဿမ ၆ စင်တီမီတာ ရှည်ပါတယ်။

သူ့အသက် ၁၀ နှစ် မတိုင်ခင်ထိ သူ့ခြေဖနောင့်တွေဟာ ပုံမှန်ပဲဖြစ်ခဲ့ပြီး ၁၄ နှစ် အရွယ်မှာတော့ သာမန် ဖိနပ်တွေဟာ သူနဲ့ မတော်တော့တဲ့ အတွက် ဆိုင်က အထူးချုပ်ဖိ နပ်တွေကို မှာယူ ၀တ်ဆင် ခဲ့ရပြီး အချိန်တော်တော်တော် များများမှာတော့ ခြေဗလာနဲ့ ရိုးရှင်းစွာ နေလေ့ ရှိတယ်လို့ သတင်းက ဆိုပါတယ်။

ခုချိန်မှာတော့ ဂျေဆန်ရိုဒရီးဂက်စ်ဟာ ကြီးထွားဟော်မုန်း ထုတ်လွှတ်မှု ဒဏ်ကို ခံနေရပြီး သာမန်လူတွေထက် ပိုမိုကြီးထွား လာနေတာပါ။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117228

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...