
နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသားဟာ ကမ္ဘာ့ အတော်ဆုံး ကွန်ပျူတာ လက်ကွက် ရိုက်နိုင်သူ အသစ် အဖြစ် စံချိန် တင်ခဲ့ ပါတယ်။ အသက် ၂၃ နှစ် အရွယ် Mohammed Khursheed Hussain ဟာ သူ့ရဲ့ နှာခေါင်းကို အသုံးပြုပြီး စာလုံးရေ ၁၀၃ လုံးပါတဲ့ စာပိုဒ် တစ်ပိုဒ် ကို ၄၇.၄၄ စက္ကန့် အတွင်းမှာ ရိုက်ပြနိုင် ခဲ့ပါတယ်။
သူ့ရဲ့ လက်တွေ ကိုတော့ ကျောနောက်ဘက် မှာ ကြိုးတုပ် ချည်နှောင် ထားပြီး နှာခေါင်းနဲ့သာ လက်ကွက် ကို ရိုက်နှိပ် နိုင်ခဲ့တဲ့ အတွက် ဂရင်းနစ် စံချိန် တင်နိုင် ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံ Hyderabad မြို့မှာ နေထိုင် တဲ့ Mohammed ဟာ ပထမ အကြိမ် စာရိုက်ခြင်းမှာ စံချိန်တင်ခဲ့ ဖူးပါတယ်။
အဲဒီ အကြိမ်တုန်းက သူဟာ အင်္ဂလိပ် အက္ခရာ များကို ၃.၄၃ စက္ကန့် အတွင်း သူ့ရဲ့ လက်ချောင်းများ နဲ့ ရိုက်နှိပ်ပြ ခဲ့ဖူးပြီး ယခု တစ်ကြိမ် ဟာ သူ့အတွက် ဒုတိယ အကြိမ် မြောက် စံချိန်တင် ခဲ့တာ ဖြစ်ပါတယ်။ သူဟာ နှာခေါင်းနဲ့ စာရိုက်နိုင်ဖို့ အတွက် လေ့ကျင့်နေ ခဲ့တာ၃ နှစ်ရှိပြီဖြစ်ပြီး တစ်နေ့ကို ၆ နာရီကြာ လေ့ကျင့် ခဲ့တယ်လို့ သိရပါတယ်။
Ref : Mirror
Originally published at - http://knowledge.thithtoolwin.com/2016/06/blog-post_73.html

No comments: