အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, July 5, 2016

အမျိုးသမီး ပုံသဏ္ဌာန် အသီး သီးသည့် ထူးဆန်း သစ်ပင်




ဒီသစ်ပင်ဟာ ဗုဒ္ဓ ဘုရားရှင်က ဖန်ဆင်း ပေးထားတဲ့ သစ်ပင်လို့ ယုံကြည် နေကြ ပေမယ့် အများစု ကတော့ ဒါကို လက် မခံနိုင် ကြပါဘူး။

ထိုင်းနိုင်ငံမှာ စိုက်ပျိုး ထားတဲ့ ဒီသစ်ပင် ကနေ အမျိုးသမီးငယ် တယောက်ရဲ့ ပုံစံတူ အစိမ်းရောင် အသီးတွေ သီးနေပြီး ဒါဟာ အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့နေ ခဲ့ကာ ဝေခွဲ မရနိုင်အောင် ဖြစ်နေ ကြတာပါ။

အများစု ကတော့ ဒီအစိမ်းရောင် အသီးတွေရဲ့ ပုံသဏ္ဌာန်ကို အံ့အားသင့် နေကြပြီး တချို့ကတော့ ဒါကို လက်ခံနိုင်ဖို့ စိတ်ရှုပ်ထွေးနေ ကြပါတယ်။

ဗုဒ္ဓဘာသာ ဒဏ္ဍာရီလာ ဇာတ်လမ်းတွေ မှာတော့ နာရီဖွန်လို့ အမည်ရတဲ့ သစ်ပင်ဟာ ခုလို အမျိုးသမီး ပုံသဏ္ဌာန် အသီး သီးတဲ့ သစ်ပင် အမျိုးအစား ဖြစ်ပြီး ဒဏ္ဍာရီလာ ဟီမဖန် အမည်ရတဲ့ တောထဲမှာ ပေါက်ရောက် တယ်လို့ ဆိုပါတယ်။

ဒီဇာတ်လမ်းဟာ ဗုဒ္ဓဘုရားရှင် အင်ဒရာရဲ့ ဇာတ်လမ်းက စတင် ခဲ့တာပါ။ အင်ဒရာဟာ ဇနီးဖြစ်သူ ဗီဆန်ထရာ၊ ကလေး ၂ ယောက်တို့နဲ့ အတူ တောနက်ထဲက အိမ်မှာ နေထိုင် ကြတာပါ။

ဇနီးဖြစ်သူ ဗီဆန် ထရာဟာ တောထဲကို အစာရှာ သွားချိန်မှာ တခြား သတ္တ၀ါ အထီးတွေရဲ့ ရန်ပြု တိုက်ခိုက် ခံခဲ့ရ ပါတယ်။

အဲဒီအချိန်မှာ အင်ဒရာက သူ့ဇနီး အစာရှာ ထွက်ချိန်မှာ အဆိုပါ သတ္တ၀ါတွေကို အာရုံ လွှဲပြောင်းပေးနိုင်ဖို့ ဇနီးဖြစ်သူ ပုံစံတူ အသီးသီးနိုင်တဲ့ အထူး သစ်ပင် ၁၂ ပင်ကို ဖန်ဆင်း ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအသီးတွေကို ခူးယူ သွားကြ သူတွေဟာ အိမ်ရောက်တာနဲ့ သူတို့နဲ့ ချစ်တင်းနှောပြီး ၄ လလောက် အိပ်ပျော် သွားကာ သူတို့ရဲ့စွမ်းအားတွေ ပျောက်ဆုံး ကုန်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီ ထိုင်းရှေးရိုးရာ ပုံပြင် အရ အင်ဒရာနဲ့ သူ့ရဲ့ဇနီး ကွယ်လွန်ပြီး နောက်မှာလည်း ဒီသစ်ပင်တွေဟာ အသီးတွေ ဆက်သီး နေဆဲဖြစ်တယ်လို့ ယုံကြည်နေကြတာပါ။

ဘန်ကောက်မြို့အနီးက ဗုဒ္ဓဘာသာ ဘုရားကျောင်း အနီးမှာ နာရီဖွန်သစ်သီးတောင့် ၂ တောင့် ရှိခဲ့တယ်လို့လည်း ကောလာ ဟလတွေ ထွက်ပေါ် ခဲ့တာပါ။

လက်ရှိမှာတော့ နာရီပွန် မိန်းကလေးငယ် ပုံသဏ္ဌာန် လေမှုတ် သွင်းထားတဲ့ လက်ဆောင် အရုပ်တွေဟာ ထိုင်းနိုင်ငံ နေရာအနှံ့မှာ ကျယ်ကျယ် ပြန့်ပြန့် ရောင်းချနေ ကြတာ ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/157801



ဓာတ်ပုံနှင့် ရုပ်သံ - Youtube/TNAMCOT

Originally published at - https://www.youtube.com/watch?v=y6Vkp-nzWUI

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...