အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 3, 2016

ပိုလန်တွင် ၁၆ ရာစုမှ သွေးစုပ်ဖုတ်ကောင် ရုပ်ကြွင်းတွေ့ရှိ


Pic shows: Vampire's skeleton close up. The skeleton of a man who was buried as a vampire in the 16th century has now been unveiled as a museum exhibit. The collection of bones had been found some two years ago in an ancient cemetery in Kamien Pomorski, a town in northern Poland, and had all the markings of a vampire burial. Dig leader Slawomir Gorka - whose team found it in a graveyard next to the townís church - explained that the man had probably been buried around the 16th century. The skeleton had a stake driven through its leg and a small rock in its mouth. The stone had been put in the bodyís mouth to stop it from biting or sucking blood from its victims. And the pierced tibia and femur - normally with iron spikes - was done to prevent the vampire from climbing out of its grave. The bones are now the main attraction at the Kamien Museum of Land History and organisers are preparing an exclusive exhibit just for the vampire. (ends)

ပိုလန်နိုင်ငံ မြောက်ပိုင်းမှာ ၁၆ ရာစုက သွေးစုပ် ဖုတ်ကောင် ရုပ်ကြွင်း တခုကို တွေ့ရှိ ခဲ့ပြီး ခုချိန်မှာတော့ ပြတိုက်မှာ ပြသ ထားပြီလို့ မက်ထရို သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

ဒီရုပ်ကြွင်းကို မြောက်ပိုင်းမြို့ တမြို့ဖြစ်တဲ့ ကေမီယံ ပိုမော့စကီး မြို့မှ ခရစ်ယာန် ဘုရားကျောင်း တခု အနီးက ရှေးဟောင်း သင်္ချိုင်းတခုထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်က တူးဖော်ရ ရှိခဲ့တာပါ။

ရုပ်ကြွင်းရဲ့ပုံစံဟာ မြေပြင်မှာ ခြေထောက်ကို တိုင်နဲ့ ချည်ပြီး မီးရှို့သတ်ခံ ထားရပုံ ပေါ်ပြီး ပါးစပ်မှာလည်း ကျောက်စိုင်ခဲ အသေးတခုကို တွေ့ရှိ ရတယ်လို့ ဆိုပါတယ်။

ရုပ်ကြွင်း တူးဖော်ရေး အဖွဲ့ခေါင်းဆောင် စလော်ဝူမာ ဂေါ်ကာက ဒီသွေးစုပ်ဖုတ် ကောင်ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ ၁၆ ရာစုက မြေမြှုပ် ခံထားရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပါးစပ်မှာ ကျောက်စိုင်ခဲကို ထားရှိတာဟာ တယောက်ယောက်ကို ကိုက်ဖို့၊ ဒါမှမဟုတ် သွေးစုပ်ဖို့ ကြိုးစားခြင်းမှ ရပ်တန့်စေ ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဒီရုပ်ကြွင်းကို ကေမီယံ သဘာဝ သမိုင်းပြတိုက်မှာ ပြသထားပြီး လာရောက်လည်ပတ် သူတွေကို အဓိကဆွဲဆောင်နေ တယ်လို့ ပိုလန်နိုင်ငံ ၀က်ဘ်ဆိုဒ်စာ မျက်နှာ တခုဖြစ်တဲ့ fakt.pl မှာ ဖော်ပြ ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/157529

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...