အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

သေဆုံးဖို့အတွက် အကောင်းဆုံး နေရာက ဗြိတိန် ဖြစ်ပြီး အဆိုးဆုံးနေရာက အိန္ဒိယ ဖြစ်နေ




လူတိုင်း သေဆုံးကြရမှာဖြစ်ပါတယ်။ အားလုံးဟာ အချိန်ကြာကြာ အသက်ရှင်နိုင်သမျှ ရှင်ချင်ကြပြီးတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဘ၀ကို အဆုံး သတ်ချင် ကြပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်း ကောင်းမွန်စွာ ဘ၀ချုပ်ငြိမ်းနိုင်ဖို့ ဆိုတာ စိန်ခေါ်မှု တစ်ခုလိုပါပဲ။

ကမ္ဘာ့နိုင်ငံတွေရဲ့ ပြုစုစောင့်ရှောက်ရေးနဲ့ ကုသရေး အရည်အသွေးတွေ ပေါ်မှာ မူတည်ပြီး သေဆုံးမှုပုံစံအရည်အသွေးတွေကို စစ်တမ်းကောက်ယူချက်အရ အစီရင်ခံစာအသစ်တစ်ရပ် ထွက်ပေါ်လာပါတယ်။ ဗြိတိန် ကတော့ အားလုံးရဲ့ ထိပ်ဆုံးမှာရှိနေပြီး ကျန်တဲ့ ထိပ်တန်းစာရင်းဝင် ၁၀ နိုင်ငံကတော့ အနောက်ဘက် ချမ်းသာတဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စတဲ့နိုင်ငံတွေက နေရာယူထားပါတယ်။

သြစတျေးလျကတော့ နံပါတ် ၂ နေရာမှာ ရှိနေပြီး နယူးဇီလန်နဲ့ ထိုင်ဝမ်တို့ကတော့ အနောက်ဘက်နိုင်ငံတွေမဟုတ်ဘဲ ထိပ်တန်း၁၀နိုင်ငံစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ ကနေဒါကတော့ နံပါတ် ၁၁ နေရာမှာပါ။

သေဆုံးမှု ပုံစံအရည် အသွေး အဆိုးဆုံးနိုင်ငံတွေ ကတော့ အိန္ဒိယ အပါအ၀င် မက်ဆီကို၊ ဘရာဇီးလ် နဲ့ ယူဂန္ဓာနိုင်ငံတွေ ဖြစ်ကြ ပါသတဲ့။ ဒါပေမယ့် ဒီနိုင်ငံတွေရဲ့ ကူညီ လုပ်ဆောင်ရွက်မှု နိမ့်ကျ တာချည်းကြောင့် မဟုတ်ပါဘူး။ ဘ၀နေ၀င်ချိန် ကူညီစောင့်ရှောက်မှုဟာ စစ်ဆေးချက် အညွှန်းကိန်းတွေ အရ နိုင်ငံပေါင်း ၈၀ မှာ ၃၄ နိုင်ငံကသာ ပုံမှန်ထက် သာလွန်ရုံ အခြေအနေမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ကောင်းမွန်မှန်ကန်တဲ့ ပြုစုကုသစောင့်ရှောက်မှုတွေကို မရရှိကြပါဘူး။

အင်္ဂလန်ရဲ့ ဘ၀နေ၀င်ချိန် ပြုစုကုသစောင့်ရှောက်ရေး ၀န်ဆောင်မှုတွေရဲ့ ၉၀ရာခိုင်နှုန်းဟာ ကောင်းမွန်တဲ့အခြေအနေနဲ့ ထူးခြားကောင်းမွန်တဲ့ အခြေအနေတွေရှိတယ်လို့ Care Quality Commission စောင့်ကြည့်လေ့လာရေးအဖွဲ့က အတည်ပြုပေးထားလို့ ဗြိတိန် ဟာ နံပါတ်တစ်နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_13.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...