အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါး




သမိုင်း ပညာရှင် ဟီရိုဒိုးတပ်စ် (ဘီစီ ၄၈၄- ဘီစီ ၄၂၅) နဲ့ အယ်လက်ဇန်း ဒရီးယား ပြတိုက်ရှိ ဆိုင်းရင်းန်မှ ပညာရှိ ကယ်လီမာချူး (scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့ဟာ ကမ္ဘာ့အံဖွယ် ၇ ပါးနဲ့ ပတ်သက်တဲ့ အစောဆုံး စာရင်းကို ပြုစု ခဲ့ကြ သူတွေပါ။ သူတို့ရဲ့ ရေးသား ပြုစုတဲ့ ထိုအံဖွယ် တွေထဲမှာ အောက်ပါ အဆောက် အဦးတွေ ပါဝင် ပါတယ်။

(၁) ဂိုင်ဇာမဟာပိရမစ်ကြီး၊
(၂) ဘေဘီလုံရှိ မိုးပျံဥယျာဉ်၊
(၃) အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီးရဲ့ ရုပ်တု၊
(၄) အီဖီးဆပ်ရှိ အာတဲမိ ဘုရားကျောင်း၊
(၅) ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်ရဲ့ ဂူသင်္ချိုင်း၊
(၆) ရုတ်ဒ်၏ ရုပ်တု၊
(၇) အလက်ဇန်းဒရီးယားရှိ မီးပြတိုက်တို့ ပါဝင်ပါတယ်။

ဂရိဘာသာနဲ့ ရေးသား ထားတဲ့ theamata ဆိုတဲ့ စကားက အံ့ဖွယ်လို့ အဓိပ္ပာယ် မရဘဲ မကြည့် မဖြစ်လို့ အ ဓိပ္ပာယ် ရပါတယ်။ ဒီကနေ့ခတ်မှာ အများသိရှိ ကြတဲ့ စာရင်းဟာ အလယ်ခေတ်က စုစည်း တင်ပြ ခဲ့ကြတာပါ။ စာရင်းထဲမှာပါတဲ့ အဆောက်အဦး အများစု ကတော့ ဒီကနေ့ခေတ်မှာ မရှိကြ တော့ပါဘူး။



ဂိုင်ဇာရှိ မဟာပိရိမစ်ကြီးကသာ ယနေ့ထက်ထိတိုင် ကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးထဲက တခုတည်းသော အဆောက်အဦးပါ။

The Irrawaddy's Blog by thae thae

Original link - http://blog.irrawaddy.org/2015/10/blog-post_95.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...