ဒါဟာ ပင်လယ်ရေအောက်ကြမ်းပြင်မှာ လူသားတွေ နေထိုင်နိုင်တယ် ဆိုတဲ့ အဖြေတခု ဖြစ်ပါသလား။
ဒါကို အသေ အချာ သက်သေ ပြနိုင်ဖို့ ဘယ်လ်ဂျီယံ နိုင်ငံသား ဗိသုကာ ပညာရှင် ဗင်းဆင့် ကယ်လ်ဘောက်တ်ဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်ပြီး ရေလှိုင်းတွေ အောက်မှာ တည်ဆောက်မယ့် အနာဂတ် ရေအောက်ရွာ ဒီဇိုင်းကို ဖန်တီး လိုက်ပါတယ်။

အေကွာ ရီယာလို့ အမည်ပေးထားတဲ့ အဲဒီ ရေအောက်ရွာကို ပင်လယ်တွင်းက ရရှိတဲ့ ရေမှော်ပင်နဲ့ အမှိုက်သရိုက်တွေကို ဖန်သား တာဝါ တည်ဆောက်မှု နည်းပညာ အသုံးပြု ဖန်တီး ထားတာပါ။
ရေအောက် အနက် မီတာ ၁၀၀၀ ထိ ဖန်တီး တည်ဆောက်ထားတဲ့ အဆောက်အဦး တခုချင်းစီမှာ လူပေါင်း ၂ သောင်းထိ နေနိုင် မယ်လို့ ဗြိတိန် အခြေစိုက် မေရာ သတင်းမှာ ဖော်ပြ ပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် ဖန်တီး တည်ဆောက် ထားတဲ့ အတွက် မြေအောက် သဘာဝ စွမ်းအင် ရင်းမြစ်တွေ သုံးစွဲ စရာမလိုဘဲ စွမ်းအင်နဲ့ အပူကို ကိုယ်တိုင် ထုတ်လုပ်နိုင် လိမ့်မယ်လို့ ဆိုပါတယ်။

ရေအောက်ရွာ အဆောက် အဦး တွေကို ဂျယ်လီငါး ပုံသဏ္ဌာန် ခေါင်မိုး ထပ်အပေါ်က စတင် ၀င်ရောက်ရမှာ ဖြစ်ပါတယ်။
သောက်သုံး ရေသန့်ကိုတော့ ရေအောက် ဖိအားကို အသုံးပြုကာ ဆားကို ဖယ်ထုတ် ရယူမှာ ဖြစ်ပြီး သန့်စင်တဲ့လေ ရရှိနိုင်ဖို့ ကိုတော့ သဘာဝ အလျောက် လေထု မီးခိုးခေါင်းတိုင်မှ တဆင့် အပူစီး ကူးမှု ကနေ အောက်ဆီဂျင်ကို ပြန်လည် ရယူတဲ့ နည်းကို အသုံးပြု ထားပါတယ်။
ရေအောက်ရွာတွင်း နေထိုင်မှု ပုံစံတွေ ထဲမှာ ပြင်ပ ကမ္ဘာလိုပဲ အိမ်တွေ၊ ရုံးတွေ၊ အလုပ်ရုံတွေ၊ ဥယျာဉ်တွေနဲ့ စိုက်ခင်းတွေ ပါဝင်မယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။
ဓာတ်ပုံ – Solent News
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/129050

Read More »
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ Miss Uncensored News Thailand 2015 အလှမယ်ပြိုင်ပွဲမှာ အမှိုက်ကောက်ပြီး အသက်မွေးဝမ်းကြောင်းသူ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦး အလှမယ်သရဖူဆု ရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။


အရပ်အမြင့် ၁၇၂ စင်တီမီတာရှိတဲ့ မိတ်ခနစ်ထား ဖားဆိုင်လို့ ခေါ်တဲ့ မိန်းကလေးက သူ့မိခင်ဟာ အမှိုက်ကောက်ပြီး သူတို့ကို ကျွေးမွေးပြုစုလာခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း မိခင်ရဲ့အလုပ်ကို ကူညီပေးခဲ့ရကြောင်း အလှမယ်ပြိုင်ပွဲဝင်ဖို့ စင်မြင့်ပေါ်မတက်ခင် မိခင်ရဲ့ ခြေအစုံကို အရင်ဦးချခဲ့ပြီး ရရှိလာတဲ့ ဆုငွေအားလုံးကိုလည်း မိခင်လက်ထဲကို အပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

သူက မိခင်ကောက်လာတဲ့ အမှိုက်တွေကို အမျိုးအစား ပြန်ခွဲပေးကြောင်း၊ မိခင်က အမှိုက်တွေကို ပြန်ရောင်းချကြောင်း၊ တနေ့ ဆွေမျိုးတယောက်ရောက်လာပြီး သူ့ကို သနားတဲ့အတွက် အလှမယ်ပြိုင်ပွဲဝင်ဖို့ အကြံပြုခဲ့ကြောင်း၊ ပြိုင်ပွဲနေ့မှာ သူများတွေ သူ့ထက်ငါအပြိုင် လှသထက်လှအောင် ပြင်ဆင်လာတာတွေ့ရလို့ သူဆုရမယ်လို့ လုံးဝ ထင်မထားကြောင်း၊ အခုလို မမျှော်လင့်ဘဲ ပထမဆုရတဲ့အတွက် အရမ်းဝမ်းသာတယ်လို့လည်း ပြောပါတယ်။
မိတ်ခနစ်ထားဟာ ဆယ်တန်းအောင်ထားပေမယ့် ငွေရေးကြေးရေး အကျပ်အတည်းကြောင့် တက္ကသိုလ် ဆက်မတက်နိုင်ပေမယ့် တချိန်ချိန်မှာ ပညာဆက်သင်နိုင်ဖို့ ကချေသည်လုပ်ပြီး ငွေစုနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၄ ရက်က ဆမွတ်ပရကန်မြို့ ကုန်တိုက်မှာ ကျင်းပတဲ့ Miss Uncensored News Thailand 2015 အလှမယ်ပြိုင်ပွဲမှာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားတဲ့ အလှမယ်တွေပါ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။
ဓာတ်ပုံ – siamupdate
By ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/118619
| ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | | | လုပ်နိုင်ပါတယ်။ |

Read More »

စွန့်စားသူ Alexey Kuznin
Alexey Kuznin ဟာ ရိုးရိုး ကြိုးလေး တစ်ချောင်းကို သုံးပြီး ၅၁၂ ပေ အမြင့်ရှိ မိုးမျှော် တိုက်ထိပ်ကို တက်ပြီး သူရဲ့ဘော်ဒါနဲ့ အတူ ဓါတ်ပုံတွေ ရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၉နှစ် အရွယ် ခပ်မိုက်မိုက် ကောင်ကလေး Alexey Kuznin ဟာ၅၁၂ ပေ အမြင့်ရှိ မိုးမျှော်တိုက် ထိပ်ကို ရိုးရိုး ကြိုးလေး တစ်ချောင်းကို သုံးပြီး တက်ခဲ့ တာဖြစ်ပြီး တစ်ရေး တမော အိပ်နေတဲ့ ပုံကိုတောင် ရိုက်ကူး ခဲ့လို့ စူပါစတား ဖြစ်နေပါပြီ။
ဒါပေမယ့် သူ့ကို ဓါတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ သူရဲ့ဘော်ဒါ Alexander Voskresenksy ၂၃နှစ်ကတော့ အမြင့်ကြောက် တတ်သူဖြစ်ပြီး ဓါတ်ပုံတွေ ရိုက်ဖို့ ခက်ခက်ခဲခဲ တက်ခဲ့ ရတယ်လို့ ဆိုပါတယ်။
ဂျင်းဘောင်းဘီ အပြဲနဲ့ မော်စကို တာဝါထိပ်က ပြန်ဆင်းလာတဲ့ သူက “ ကျွန်တော် တက်ခါစက အမြင့်ကြီးမို့ ကြောက်ခဲ့ ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း အသားကျ သွားပြီး ရှုခင်းတွေ ကလည်း ရှယ်ပဲလေ” လို့ပြောပါတယ်။

စွန့်စားသူ Alexey Kuznin | 
ဓါတ်ပုံဆရာ Alexander Voskresenksy |
Original link -http://knowledge.thithtoolwin.com/2015/10/blog-post_51.html

Read More »