အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မျိုးကွဲသံယောဇဉ်များ. Show all posts
Showing posts with label မျိုးကွဲသံယောဇဉ်များ. Show all posts

Sunday, September 4, 2016

မိဘမဲ့ဝက်ပေါက်ကလေးများကို မိခင်မေတ္တာဖြင့်စောင့်ရှောက်သည့် ခွေးမကြီး




ခွေးတွေဟာ လူတွေရဲ့ အကောင်းဆုံး အဖော်မွန် အဖြစ် ရှိနေ ခဲ့ကြရာ ကနေ ခုတဖန် သူတို့ဟာ ၀က်ပေါက် ကလေးတွေ အတွက်လည်း ချစ်ခြင်းမေတ္တာ ပေးစွမ်းနိုင် သူတွေ အဖြစ်လည်း ရှိနေတယ် ဆိုတာ ဒီရုပ်သံ ဗွီဒီယိုဖိုင်က သက်သေပြ နေပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျူးဘားနိုင်ငံ၊ ပလေယာ လာဂါမြို့မှာ ဖြစ်ပျက်ခဲ့တာလို့ သြ စတေးလျနိုင်ငံအခြေစိုက် အေဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

မိခင်ဖြစ်သူသေဆုံးသွားပြီး ကျန်နေခဲ့တဲ့ ၀က်ပေါက်ကလေးတွေကို လင်ဒါအမည်ရတဲ့ ခွေးမကြီးက နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့တာပါ။

ပိုင်ရှင်ဖြစ်သူ အစ်ဂနိုစီယို အက်စတီဗက်ဇ်က “၀က်ကလေးတွေရဲ့ မိခင်ဝက်မကြီး သေသွားတဲ့နောက်မှာ ၀က်ပေါက်ကလေးတွေ ကျန်နေခဲ့တယ်။ အိမ်မှာ ခွေးမကြီးကလည်း မွေးထားကာစဆိုတော့ (သဘောတူမယ်ဆိုရင်) ခွေးပေါက်ကလေးတွေနဲ့ အတူတူထားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောပါတယ်။

“ပထမဆုံးရက်မှာတော့ ခွေးမကြီးဟာ ချီတုံချတုံဖြစ်နေသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ နို့တိုက်ပါတယ်။ ၁ ပါတ် လောက်အကြာမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ သူ့ရင်သွေးတွေလိုပဲ ပြု စုစောင့်ရှောက်နေပါတယ်။”

လက်ရှိမှာတော့ ခွေးမကြီးနဲ့ ၀က်ပေါက်ကလေးတွေရဲ့ ဒီအဖြစ်အပျက်ဟာ ကျော်ကြားနေပြီး ဒေသတွင်းက စိတ်ဝင်စားသူတွေက လာရောက်ကြည့်ရှုနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166934

Read More »

Wednesday, June 15, 2016

ဆင်တွေကို စိတ်ဖိစီးမှု လျော့ပါးအောင် သီချင်းဆိုပေးသူ




ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ တည်ရှိတဲ့ ချင်းမိုင် သဘာဝ ဆင်ဥယျာဉ်ကို တည်ထောင် ခဲ့သူ အမျိုးသမီး ဆန်ဂျူအန် ချေးလာ့တ်ဟာ တိရစ္ဆာန် တွေကို သားချော့တေးဆို ချော့သိပ် ရတာကို နှစ်သက်သူပါ။

ဆန်ဂျူအန်က သူဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဆင်ပေါက် ကလေး တကောင်ကို သားချော့တေး သီချင်းဆို ချော့သိပ်ဖို့ စတင် ကြိုးစား ခဲ့တာဖြစ်ပြီး ဒါဟာ ကိုင်တွယ်ဖို့ ခက်ခဲ တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူဟာ စိတ်တည် ငြိမ်စေဖို့ လျှော့ချပြီး သီချင်းတွေ ဆိုသင့် တာကို သိလာ ခဲ့ပြီးချိန်မှာတော့ သူတို့ (ဆင်တွေ) ကို ချဉ်းကပ်ရ ပိုပြီး လွယ်ကူလာ ခဲ့တယ်လို့ ပြောပါတယ်။

ဆန်ဂျူအန်ဟာ တခြားတိရစ္ဆာန်တွေကိုလည်း သီချင်းဆို ချော့သိပ်မှုတွေကို ကြိုးစားလုပ်ဆောင်နိုင်ခဲ့ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ၇ နှစ်သား ဆင်မကြီး ဖာ့မိုင်ဟာ သားချော့တေးဆိုအပြီးမှာ တရေးတမော အိပ်ခဲ့ချိန် ၃ နှစ်သားဆင်ကလေး ဒေါ့ခ်မိုင်ကတော့ သူ့ရဲ့အပေါ်ကို တက်နေခဲ့တာ တွေ့ရပါတယ်။

ဆန်ဂျူအန်က ဆင်ကလေး ဒေါ့ခ်မိုင်ဟာ မနာလိုစိတ်ကြီးတယ်လို့ ပြောပြီး ဆင်တကောင်ချင်းစီမှာ စရိုက်လက္ခဏာတခုစီ ရှိကြတယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ အမူအကျင့်တွေက လူတွေနဲ့ မခြားနားပါဘူး။ ကျမအတွေ့အကြုံအရဆိုရင် တချို့ဆင်တွေက အရှက်အကြောက်ကြီးတယ်။ တချို့ကျတော့ ပျော်တတ်တယ်။ တချို့ကတော့ စိုးရိမ်ကြီးတတ်တယ်။ ဆင်တွေမှာလည်း ကွဲပြားခြားနားတဲ့စရိုက်တွေ ရှိကြပါတယ်။ တချို့က အသံအကျယ်ကြီး အော်ကြတယ်။ တချို့က အချင်းချင်း မနာလိုစိတ်ကြောင့် ခိုက်ရန်ဖြစ်ကြတယ်” လို့ ပြောပါတယ်။

ဖာ့မိုင်ကတော့ ချင်းမိုင် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး ဥယျာဉ်ထဲမှာ မွေးခဲ့တဲ့ ဆင်ကောင်ရေ အနည်းငယ်ထဲက တကောင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆန်ဂျူအန်က ဆင်တွေမှာလည်း ထိတ်လန့်ကြောက်ရွံ့မှုကလာတဲ့ စိတ်ဖိစီးမှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ကျမတို့လည်း တိရစ္ဆာန်အကြီးတွေကို ကြောက်ပါတယ်။ ဒါဟာ သဘာဝတရားက လူသားတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တည်ဆောက်နိုင်အောင် ဖန်တီးပေးထားတဲ့ အရာတွေပါပဲ။ ကျမတို့လူသားတွေနဲ့ တိရစ္ဆာန်တွေကြားမှာလည်း ပဋိပက္ခတွေ ရှိပါတယ်။ ကျမတို့ရဲ့ အကြောက်တရားတခုကတော့ လူသားနဲ့ တိရစ္ဆာန်ကြားက ဆက်နွယ်မှု ပျောက်ဆုံးမှာကိုပါပဲ။”

ချင်းမိုင် ဆင်သဘာဝဥယျာဉ်ဟာ ဧက ၂၈၀ ကျယ်ဝန်းတဲ့ ဘေးမဲ့ထိန်းသိမ်း ကာကွယ်ရေး ဒေသတခုဖြစ်ပြီး ဆင်ကောင်ရေ ၇၀ ကျော်ကို ထိန်းသိမ်းထားရှိတာပါ။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/154879

Read More »

Friday, May 27, 2016

သီချင်းဆိုပြီး ဆင်ကို ချော့သိပ်သည့် အမျိုးသမီး




ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် မဲ့တင်က သဘာဝ ဆင်ဥယျာဉ်မှာ အမျိုးသမီး တဦးဟာ သီချင်း ဆိုပြီး ဆင်ကို ချော့သိပ် ရာမှာတော့ ဆင်က အိပ်မော ကျသွား ပါတယ်။

ဒီဖြစ်ရပ်ကို ဥယျာဉ်က ၀န်ထမ်း တဦးက ဗွီဒီယို ရုပ်သံ အဖြစ် မှတ်တမ်းတင် ထားခဲ့ ပါတယ်။

လပ်လို့ aခ်ါတဲ့ အမျိုးသမီးက ဖာဖိုင်းလို့ aခ်ါတဲ့ ဆင်နဲ့ အပေါက်အလမ်း တည့်နေသလို နှစ်ပေါင်းများစွာ သီချင်း ဆိုပြီး ချော့သိပ် ခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ဆီသွားတဲ့ အခါမှာ လပ်က နူးညံ့တဲ့ အသံနဲ့ သီချင်း ဆိုပြရာမှာတော့ ဆင်က နှာမောင်းနဲ့ ဆွဲပြီး သူ့ကို ဖက်ခဲ့ ပါတယ်။

ဒီနောက် အမျိုးသမီးက ဆင်နားမှာ ရှိတဲ့ အင်းဆက်တွေကို အ၀တ် တထည်နဲ့ မောင်းထုတ် ဖယ်ရှား ပေးရာမှာ အိပ်ချင် လာတဲ့ ဆင်က လှဲချခဲ့ ပါတယ်။

လပ်ကလည်း ဆင်ပေါ်ကို မှီပြီး ဆင်အိပ်ပျော် သွားပေမယ့် သီချင်းကို ဆက်လက် သီဆိုခဲ့ ပါတယ်။

ဒီရုပ်သံကို ကြည့်ရှုသူပေါင်း သိန်းချီ ရှိခဲ့ပြီး တချို့ကတော့ တအံ့ တသြနဲ့ မှတ်ချက်တွေ ရေးသား ခဲ့ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/151758

Read More »

Wednesday, March 9, 2016

မိုင် ၅၀၀၀ ရေကူးပြီး အသက်သခင်ထံ နှစ်စဉ် လာလည်သည့် ပင်ဂွင်းငှက်ကလေး




ပင်ဂွင်း ငှက်ကလေး တစ်ကောင်သည် ၎င်း၏ အသက်သခင် ကျေးဇူးရှင်နှင့် အတူနေထိုင်ရန် အတွက် မိုင် ၅၀၀၀ မျှ ခရီးကို နှစ်စဉ် ရေကူးလာလေ့ ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံမှ အငြိမ်းစား ပန်းရံသမားကြီး တစ်ဦးဖြစ်သည့် အသက် ၇၁ နှစ် အရွယ် ဂျိုအိုပီယေးရား ဒီဆိုဇာနှင့် ပင်ဂွင်းငှက်လေး ဒင်ဒင်းမ် တို့ကြား သံယောဇဉ်သည် ကြားသိရသူတိုင်း အတွက် အံ့ဩ ကြည်နူးစရာ ဖြစ်ခဲ့ရသည်။

ရီယိုဒီဂျနေရိုးမြို့ အပြင်ဘက်ရှိ ရွာငယ် တစ်ခုတွင် နေထိုင်သည့် ဒီဆိုဇာသည် ၂၀၁၁ ခုနှစ်တွင် ပင်ဂွင်းငှက်လေး တစ်ကောင်ကို သေလုမျောပါး အခြေအနေဖြင့် ရွာပြင် ကျောက်ဆောင်များ ပေါ်၌ တွေ့မြင်ခဲ့သည်။

အကူအညီ မဲ့နေသည့် ငှက်ကလေးသည် ရေနံဆီကွက်များ စွန်းထင်းကာ မလှုပ်မရှား နိုင်ဖြစ်နေပြီး အစာရေစာ ငတ်ပြတ်၍ သေလုမျောပါး အခြေအနေနှင့် ကြုံနေရသည်။

ထိုအခါ ဒီဆိုဇာက တောင်အမေရိက မက်ဂျီလာနစ် မျိုးစိတ် ပင်ဂွင်းလေးကို နေအိမ်သို့ တယုတယ ခေါ်ဆောင်လာပြီး ပြုစုစောင့်ရှောက် ကုသပေး ခဲ့သည်။

ပင်ဂွင်းငှက်လေး၏ အမွေးအတောင်များတွင် ကပ်ငြိနေသည့် ရေနံချေးများ ပြောင်စင်သည် အထိ ချွတ်ပစ်ရန် ဒီဆိုဇာအနေဖြင့် တစ်ပတ်မျှထိ အချိန်ယူ ခဲ့ရသည်။



ဒင်ဒင်းမ် ကျန်းမာရေး ပြန်ကောင်းလာသည့် အခါ ဒီဆိုဇာက ပင်ဂွင်းလေးကို ပင်လယ်ထဲ ပြန်လွှတ်ပေး လိုက်သည်။ ၎င်းအနေဖြင့် ဒင်ဒင်းမ်ကို နောက်တစ်ခါ ပြန်လည်တွေ့ဆုံ ရတော့မည် မဟုတ်ဟုလည်း ယူဆခဲ့သည်။

သို့သော် နောက်ထပ် လအနည်းငယ် အကြာတွင် ငှက်ကလေးသည် ဒီဆိုဇာ နေထိုင်ရာ ကမ်းလွန် ကျွန်းလေးသို့ ပြန်ရောက်လာပြီး ဒီဆိုဇာ၏အိမ်ထိ ဆိုက်ဆိုက် မြိုက်မြိုက် လမ်းလျှောက် ဝင်လာသည်။

ထိုအချိန်မှ စ၍ နှစ်တိုင်း နှစ်တိုင်း ၎င်းသည် မိုင် ၅၀၀၀ မျှ ကွာဝေးသည့် ခရီးကို ဖြတ်သန်းကာ ဒီဆိုဇာထံ ပြန်လာလေ့ ရှိသည်။

ဒင်ဒင်မ်းသည် တစ်နှစ်လျှင် ၈ လမျှထိ ဒီဆိုဇာ ထံတွင် နေထိုင်ပြီး သဘာဝ အလျောက် မျိုးပွား ရာသီတွင် အာဂျင်တီးနားနှင့် ချီလီကမ်းခြေရှိ ၎င်း၏ မျိုးနွယ်တူများ ကျက်စားရာ ဒေသသို့ ရေကူး၍ ပြန်သွားလေ့ ရှိကြောင်း သိရသည်။

ထိုခရီးစဉ်သည် မိုင် ၅၀၀၀ မျှ ကွာဝေးသည်ဟု ခန့်မှန်းရသည်။

“အခုတော့ ဒီပင်ဂွင်းလေးကို ကျွန်တော့် သွေးသား အရင်းလို တွယ်တာ နေမိပါပြီ။ ဒင်ဒင်းမ်ကလည်း ကျွန်တော့်ကို ချစ်တယ်လို့ ထင်ပါတယ်” ဟု ဒီဆိုဇာက ဆိုသည်။

၎င်းက “ဒင်ဒင်းမ်က သူ့ကိုဘယ်သူမှ ပေးမထိဘူး။ တခြားလူတွေ သွားထိရင် ရန်လုပ်ရော။ သူက ကျွန်တော့်ပေါင်ပေါ်မှာ တက်ထိုင်နေလေ့ရှိတယ်။ အဲဒီကျရင် ကျွန်တော်က သူ့ကို ရေချိုးပေး ရတယ်။ ကျွန်တော်ကျွေးတဲ့ ငါးသေတ္တာကို စားတယ်။ ပြီးတော့ ကျွန်တော်ပဲ သူ့ကိုချီလို့ရတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဒီဆိုဇာက ဒင်ဒင်းမ် အင်အားပြည့်ဝစေရန် အစာရေစာ ဂရုတစိုက်ကျွေးမွေးပြီး ပင်လယ်ထဲသို့ ပြန်လွှတ်ပေးသည်။ သို့သော် ပင်ဂွင်းလေးက ပြန်မသွားဘဲ ၎င်းနှင့်သာ အတူဆက်နေခဲ့သည်။

“နောက်တော့ သူအမွေးအတောင် သစ်တွေ ထွက်လာတယ်။ အဲဒီနောက် ကျမှ ပျောက်သွားတာ”ဟု ဒီဆိုဇာက ဒင်ဒင်းမ်၏ ပထမဆုံး အလည် အပတ် ခရီးကို အမှတ်တရ ပြောပြခဲ့သည်။

“လူတိုင်းက ပင်ဂွင်းလေး ပြန် လာတော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးနှစ် လုံးလုံး သူက ပုံမှန်ပြန်လာပြီး ကျွန်တော်နဲ့ နေတယ်။

ဇွန်လလောက်ဆို ရောက်လာပြီး ဖေဖော်ဝါရီလောက်မှာ ပြန်သွား တတ်တယ်။ နှစ်တိုင်းနှစ်တိုင်း ကျွန်တော့်ဆီ ပြန်လာတဲ့ အခါ သူပိုပိုပြီး ပျော်ရွှင် လာတယ်လို့လည်း ခံစားမိတယ်”ဟု ဒီဆိုဇာက ကြည်ကြည်နူးနူး ဆိုသည်။

ဇီဝဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ဂျိုအို ပေါ်လို ကရာဂျူစကီးက ဒင်ဒင်းမ်နှင့်ပတ်သက်၍ ဒီဆိုဇာနှင့် လက်တွေ့ အမေး အဖြေ ပြုလုပ်ပြီးနောက် “အရင်က ဒီအဖြစ်မျိုး ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးဘူး။

ကျွန်တော် ယူဆတာကတော့ ဒီဆိုဇာဟာ သူ့ရဲ့ မိသားစုဝင် တစ်ယောက် အဖြစ် ပင်ဂွင်းလေးက မှတ်ယူသွားပုံ ရတယ်။ ပြီးတော့ ဒီဆိုဇာက သူ့အမြင်မှာ ပင်ဂွင်းတစ်ကောင်ပဲ ဖြစ်နေနိုင်တယ်။ ဒီဆိုဇာကို တွေ့လိုက်ရင် ခွေးတွေလိုပဲ သူ့အမြီး တိုလေးကို နှံ့ရင်း ပျော်မြူးနေတော့ တာပဲ”ဟု Independent သို့ ပြောကြားသွားသည်။

Ref: Daily Mail

Originally published at - http://www.7daydaily.com/story/59851


Read More »

Friday, October 23, 2015

ကျားသစ် နှင့် ခွေးကလေးတို့၏ သံယောဇဉ် (ရုပ်သံ)




ကျားသစ်နဲ့ ခွေးကလေး ခွဲမရတော့ဘူး ဆိုရင်တော့ ယုံနိုင်မယ် မထင်ပါဘူး။ ဒီရုပ်သံ မှာတော့ အမေရိကန် ပြည်ထောင်စု မက်ထရို ရစ်ချက်မွန် တရိစ္ဆာန် ရုံမှာ ကျားသစ် အထီး ခန်ဘာလီနဲ့ ခွေးထီး ကန်ဂိုတို့ သံယောဇဉ် ဖြစ်နေတဲ့ အကြောင်း ရိုက်ကူး ပြသ ထားပါတယ်။

ခန်ဘာလီရဲ့ အမေက သူကို ပြုစု မစောင့်ရှောက်နိုင်တဲ့ အချိန်မှာ တရိစ္ဆာန်ရုံက တာဝန်ရှိ သူတွေက စောင့်ရှောက် ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ခန်ဘာလီက သူငယ်ချင်း လိုအပ် လာပြီး ခွေးကလေး ကန်ဂိုနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဒီနောက် မှာတော့ သူတို့ ၂ ဦး ခွဲမရတော့ သလို ကန်ဂိုက ခန်ဘာလီ အပေါ်မှာ လွမ်းမိုးမှု ရှိပြီး ခန်ဘာလီ ဆီကနေ သင်ယူ မှုတွေ လုပ်နေပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118129

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...