အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

မိချောင်းခေါင်းနဲ့ ကျွဲခန္ဓာ ကိုယ်ရှိတဲ့ ကျွဲပေါက်စလေး (ရုပ်သံ)




ထိုင်းနိုင်ငံ၊ ၀မ်ဟင်း ခရိုင်ထဲက ရွာတရွာမှာ မိချောင်းခေါင်းနဲ့ ကျွဲခန္ဓာကိုယ် ရှိတဲ့ ကျွဲပေါက်စလေး တကောင်ကို လေ့လာ ကြည့်ရှု သူတွေရဲ့ ဗွီဒီယို ဖိုင်ဟာ လတ်တလောမှာ
ရေပန်းစား နေတယ်လို့ ဗြိတိန် အခြေစိုက် မေရာ သတင်းမှာ ဖော်ပြ ပါတယ်။

နန်ညက်ဂျီးယန် အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တဦးက အဲဒီ ကျွဲပေါက်စလေးကို ရွာသူ ရွာသားတွေနဲ့ လာရောက် ကြည့်ရှု သူတွေ တို့ထိ ကိုင်တွယ်နေတဲ့ ဗွီဒီယို ဖိုင်ကို သူ့ရဲ့ ကိုယ်ပိုင် စာမျက်နှာမှာ တင်ထား ခဲ့တာ ဖြစ်ပါတယ်။

ကျွဲပေါက်စလေးရဲ့ ဦးခေါင်းနဲ့ အရေခွံဟာ မိချောင်း တကောင်ရဲ့ ဦးခေါင်းဖြစ်ပြီး ခြေထောက်တွေ ကတော့ ကျွဲတကောင်ရဲ့ ခြေထောက်တွေ ဖြစ်နေတာကို အဲဒီ ဗွီဒီယိုဖိုင်မှာ ထူးထူးခြားခြား တွေ့ရမှာပါ။

ထိုင်းနိုင်ငံ အခြေစိုက် ထိုင်းရတ် သတင်း မှာတော့ အဲဒီ ကျွဲပေါက်စ လေးဟာ မွေးပြီး ပြီးချင်း သေဆုံး သွားခဲ့ပြီး ခုလိုတွေ့ရှိ တာဟာ ပိုင်ရှင် မိသားစုနဲ့ ရွာသူရွာသားတွေ အတွက် ကောင်းတဲ့ အရာတွေ သယ်ဆောင် လာမယ့် နိမိတ် ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115054

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...